×
Skin

အလှကုန်ဆိုင်တွေမှ အလွယ်တကူဝယ်ယူလို့ ရနိုင်မယ့် Make up Remover ကောင်းကောင်းများ

သာမာန် မျက်နှာသစ်ဆပ်ပြာတွေက ပျိုမေတို့ရဲ့ အရေပြားထဲထိ အညစ်အကြေးတွေကို မသန့်စင်နိုင်ပါဘူး။

by Lin Lin

January 3, 2020

နေ့စဉ် ရုံးသွား၊ ကျောင်းသွားနဲ့ အပြင်ထွက်နေရတဲ့ပျိုမေတို့ နေ့ဘက်တွေမှာ တစ်နေကုန် မိတ်ကပ်လိမ်းထားပြီး ညဘက်ရောက်တဲ့အခါမှာတော့ မိတ်ကပ်တွေကို မျက်နှာပေါ်မှာ မကျန်စေဘဲ ဖျက်ပစ်မယ်ဆိုရင်တော့ နည်းလမ်းလေးတွေ သိဖို့လိုပါတယ်နော်။ တစ်နေကုန်လှုပ်ရှားသွားလာနေကြတဲ့ ပျိုမေတို့ရဲ့ မိတ်ကပ်လိမ်းထားတဲ့ မျက်နှာပေါ်မှာ ဖုန်နဲ့ အညစ်အကြေးတွေ ကပ်နေတတ်ပါတယ်။
ဒါတွေကို စင်ကြယ်အောင် မသန့်စင်နိုင်ဘူးဆိုရင်တော့ ပျိုမေတို့ရဲ့ မျက်နှာလှလှလေးမှာ အဆီဖုတွေနဲ့ ဝက်ခြံတွေ ထွက်လာပြီး အသားအရေလည်း မဲညစ်လာပါလိမ့်မယ်။ သာမာန် မျက်နှာသစ်ဆပ်ပြာတွေက ပျိုမေတို့ရဲ့ အရေပြားထဲထိ အညစ်အကြေးတွေကို မသန့်စင်နိုင်ပါဘူး။ ဒါကြောင့် မျက်နှာမသစ်ခင်မှာ Make up remover လေး သုံးပေးဖို့လိုပါတယ်နော်။ ကဲ ဒီတော့ ဘယ် Make up remover က ပျိုမေတို့ရဲ့ skin type နဲ့ ကိုက်ညီလည်းဆိုတာကို သိနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။


MAYBELLINE MAKE UP REMOVER
MAYBELLINE MAKE UP REMOVER  က Water Proof မိတ်ကပ်များကိုပါ အလွယ်တကူ သန့်စင်ပေးနိုင်တဲ့အတွက် နူးညံ့ပြီး Sensitive ဖြစ်သော မျက်လုံး အသားအရေ ပိုင်ရှင်များပါ အသုံးပြုနိုင်သည်။
အသုံးမပြုခင် ဘူးကို သေချာစွာ လှုပ်ပြီး ဂွမ်းသန့်သန့် နှင့် ဖြည်းညင်းစွာ ပွတ်ပြီးနောက် မျက်နှာပေါ်မှာရှိတဲ့ မိတ်ကပ်တွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် ဖျက်ရခက်တဲ့ eye-liner နဲ့ mascara တွေကိုပါ လွယ်ကူစွာနဲ့ ဖျက်ပစ်နိုင်တာမို့ ပျိုမေတို့ အကြိုက်တွေ့စေမှာပါနော်။


Garnier Micellar Oil Infused Cleansing Water
မျက်နှာလေးတော့ သန့်စင်ချင်ပါရဲ့ မျက်နှာသစ်ဖို့ အပျင်းထူတတ်ကြတဲ့ ပျိုမေတို့အတွက် Garnier Micellar Oil Infused Cleansing Water လေးကို ညွှန်းချင်ပါတယ်။ ချွေးပေါက်ထဲ ပိတ်မိနေတဲ့ မိတ်ကပ်အညစ်အကြေးတွေကို ထိရောက်စွာသန့်စင်ပေးနိုင်တာကြောင့် ဝက်ခြံပြသနာတွေကိုပါ ကင်းဝေးစေပါတယ်။ လေးလာပါပြီ။ အချိန်အတော်ကြာခံအောင်လိမ်းထားတဲ့ Waterproof မိတ်ကပ်ပစ္စည်းတွေကို အဆီပါဝင်တဲ့ Cleansing Water ထဲမှာပျော်ဝင်စေပြီး တစ်ချက်တည်းနဲ့ ညင်သာစွာ ဖယ်ရှားပေးနိုင်ပါတယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် စိတ်ချလက်ချ အသုံးပြုနိုင်တဲ့ Cleansing Water လေးပါနော်။


Pond’s Micellar Water
ပျိုမေတို့ရဲ့မိတ်ကပ်၊ နှူတ်ခမ်းနီ နဲ့ eye-liner တွေကို ပွတ်ဆွဲစရာမလိုဘဲ လုံးဝသန့်စင်ပေးနိုင်ဖို့အတွက် Pond’s Micellar Water က ကူညီပေးနိုင်ပါလိမ့်မယ်။ Vitamin B3 ပါဝင်လို့ မိတ်ကပ်ဖျက်ပြီးတာတောင် အသားအရေကို ကြည်လင်ဝင်းပနေစေမှာပါ။ မျက်နှာပေါ်မှာ ကျန်ရှိနေတဲ့ မိတ်ကပ်အကြွင်းအကျန်တွေက ချွေးပေါက်ကျယ်ခြင်း၊ အဆီပြန်ခြင်းနဲ့ ဝက်ခြံတွေကို ဖြစ်ပေါ်စေတာကြောင့် ဒါတွေကို ကာကွယ်ဖို့အတွက် Pond’s Micellar Water ကို အသုံးပြုဖို့အတွက် ညွှန်းပေးချင်ပါတယ်။
ဒီတော့ ပျိုမေတို့လည်း မိမိတို့အသားအရေနဲ့ လိုက်ဖက်တဲ့ make up remover ကို ရွေးချယ်အသုံးပြုနိုင်ပြီဖြစ်တာကြောင့် မျက်နှာပေါ်မှာ အညစ်အကြေးတွေ မကျန်ခဲ့စေဖို့အတွက် အသုံးပြုလိုက်ကြရအောင်နော်။

 

,
Skin

အချိန်တိုအတွင်း အသားအရေကို ဖြူဖြူကြည်ကြည်လေးဖြစ်စေမယ့် Body Lotion ကောင်းကောင်းများ

နှစ်ပတ်ထဲနဲ့ သိသာလာမှာနော်။

by JN Ja Seng Pan

February 5, 2020

အာရှတိုက်သားတွေပီပီ အသားအရောင်ဖြူတာကို ကြိုက်ကြတာထုံးစံပါ။ Body Lotion တွေက အသားအရေကို ဖြုဝင်းစေတဲ့အပြင် အသားအရေကို စိုပြေနူးညံ့စေတဲ့ အာနိသင်ပါဝင်ပါတယ်။ နေ့စဉ်ပုံမှန်လိမ်းပေးတာက အသားအရေပျက်စီးခြင်းကနေ ကာကွယ်ပြီးသားဖြစ်တာပေါ့။ အသားဖြူချင်တဲ့ အမတွေ၊ ညီမတွေပြောချင်တာက အသားအရေက ဖြူမှလှတာ မဟုတ်ပါဘူးနော်၊ ညှိညှိစိုစိုလေးကလည်း ဆွဲဆောင်မှုတစ်မျိူးရှိတယ်ဆိုတာ သိစေချင်ပါတယ်။ ကြည်ကြည်စိုစိုလေးဖြစ်နေမယ့် အသားအရေအတွက် Body Lotion တွေက မရှိမဖြစ်ပါ။ အသားဖြူချင်လွန်းပါတယ်ဆိုတဲ့သူတွေအတွက် အသားအရောင်ဝင်းဝင်းလေးနဲ့ ကြည်ကြည်လေးဖြစ်နေဖို့အတွက် အသုံးပြုလို့ကောင်းမယ့် Body Lotion တွေကို ပြောပြပေးချင်ပါတယ်။ နီးစပ်ရာ အလှကုန်ဆိုင်နဲ့ Supermarket တွေမှာလည်း ဝယ်ယူနိုင်တာမို့ ခေါင်းရှုပ်စရာလည်း မလိုတော့ဘူးပေါ့။

Vaseline Healthy White Lightening Lotion




နာမည်ကျော် Beauty Brand တစ်ခုဖြစ်တဲ့ Vaseline ရဲ့ Product တွေက အမြဲ ရောင်းအားကောင်းလေ့ရှိပါတယ်။ Vaseline ရဲ့ Product အများကြီးထဲက Healthy White Lightening Lotion က လူကြိုက်များပြီး အသားအရေကို သိသိသာသာ ဖြူဝင်းစေပါတယ်။ Vitamin B3 နဲ့ Antioxident က အသားအရောင်ကို ဝင်းလက်တောက်ပစေပါတယ်။ Sunscreen လည်းပါဝင်တာမို့ UVA နဲ့ UVB ကို ကာကွယ်ပြီးသားဖြစ်စေတာပေါ့။


Garnier Light Extra Whitening Repairing Milk Body Lotion



အသားအရေ မွဲခြောက်ပြီး မညီမညာဖြစ်နေတဲ့သူတွေအတွက် ဒီ Lotion က အဆင်ပြေစေမှာပါ။ ပူအိုက်တဲ့ဒေသမှာ နေထိုင်တဲ့သူတွေအတွက် ထုတ်ထားတာဖြစ်လို့ မြန်မာအသားအရေနဲ့ အလိုက်ဖက်ဆုံးဖြစ်မှာပါ။ အသားအရေကို ပြန်လည်အားဖြည့်ပေးပြီး စိုစိုဝင်းဝင်းလေးဖြစ်စေပါတယ်။ စိမ့်ဝင်လွယ်ပြီး စေးကပ်မှုမရှိတာကြောင့် နေ့စဉ်အသုံးပြုလို့ အကောင်းဆုံးပါ။

 

NIVEA Extra White Radiant Body Lotion


Nivea ရဲ့ Body Lotion တွေက ဘယ်နှစ်မျိူးထွက်ထွက် နာမည်ကြီးတာ အားလုံးသိကြမှာပါ။ ကျွန်မတို့ ဘွားဘွားတွေ ခေတ်ထဲက သုံးလာခဲ့ကြတာ သက်တမ်းရင့်နေပြီဖြစ်တဲ့ လက်စွဲတော် Nivea Lotion တွေပါ။ အသားအရေ သိသိသာသာ ကောင်းလာတယ်လို့ Feedback များတဲ့ Nivea Extra White Radiant Body Lotion ကိုလည်း အသုံးပြုကြည့်ဖို့ Recommend ပေးချင်ပါတယ်။ ဗီတာမင်စီ အဆ ၄၀ပါဝင်ပြီး နေရောင်ခြည်ကို ကာကွယ်ပေးပါတယ်။

Citra Natural White UV Aura



Citra ကလည်း အိမ်နီချင်းနိုင်ငံဖြစ်တဲ့ Thai Made Brand ဖြစ်တာကြောင့် ကျွန်မတို့ မြန်မာလူမျိူးတွေရဲ့ အသားအရေနဲ့ ကိုက်ညီမှုရှိပါတယ်။ ဒါ့အပြင် ပါဝင်ပစ္စည်းအနေနဲ့ သနပ်ခါးနဲ့ မန်ကျည်းသီးနဲ့ ပြုလုပ်ထားတာကြောင့် အသားအရေအတွက် ကောင်းလား၊ မကောင်းဘူးလားဆိုတာကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်နော်။ Thai နိုင်ငံမှာလည်း နာမည်ကြီးပြီး အသားအရေကို သိသိသာသာဖြူဝင်းစေလို့ သုံးကြည့်သင့်တယ်နော်။

 

, , ,

Skin

အိမ်မှာပဲအလွယ်တကူပြုလုပ်နိုင်တဲ့ Budget Toner (Part 1)

အသားအရေက အလကားနေ အလကားလှနေမှာနော်

by JN Ja Seng Pan

February 1, 2020

Toner ဆိုတာက Skincare Step တွေကြားထဲမှာ အရေးအကြီးဆုံးအဆင့်ပါ။ အသားအရေပေါ်မှာ တင်ကျန်နေတဲ့ အညစ်အကြေး အကြွင်းအကျန်တွေဖယ်ရှားပေးရုံသာမက ချွေးပေါက်ကိုကျဉ်းမြောင်းစေပြီး အသားအရောင်မညီတာကို ထိန်းညှိပေးပါတယ်။ တစ်နေ့ကို နှစ်ခါလောက်အသုံးပြုရတဲ့ Toner က အိမ်မှာရှိတဲ့ Skincare Product တွေထဲမှာ ကြာကြာမခံဆုံး ပစ္စည်းထဲမှာပါပါတယ်။ အချိန်ကုန်၊ ငွေကုန်မဖြစ်ရလေအောင် ကိုယ့်ကိုယ်တိုင် ပြုလုပ်လို့ရမယ့် Toner လုပ်နည်းလေးကို Editor လိုမျိုး သဘာဝပစ္စည်းအသုံးပြုချင်ပြီး ပိုက်ဆံအကုန်မခံချင်တဲ့သူတွေအတွက် မျှဝေပေးချင်ပါတယ်။ Toner သုံးတဲ့နေရာမှာ အသားအရေကလည်း မတူညီတဲ့အတွက် ခွဲခြားပြီး သုံးတော့ ပိုပြီးထိရောက်တာပေါ့။ လုပ်ရမှာ တစ်ခုပဲ..ပါဝင်ပစ္စည်းတွေကို ရောစပ်ပြီး ကိုယ်အသုံးပြုမယ့် Toner ဘူးလေးထဲထည့်ထားရုံပါ။ Toner ဘူးကလည်း Miniso တို့ MGOU တို့မှာ ဝယ်လို့ရတာဆိုတော့ အဆင်ပြေမသွားဘူးလား?

Normal Skin
ပုံမှန်အသားအရေကတော့ မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြတဲ့အသားအရေပါ။ Blemish မရှိ၊ အဆီပြန်တာမရှိ၊ ခြောက်သွေ့တာလည်းမဖြစ်တဲ့ ကံထူးရှင် အသားအရေလေးတွေပေါ့။ Normal Skin အတွက် Facial Toner က ပုံမှန်ရှိပြီးသား အသားအရေကို Balance ဖြစ်စေဖို့နဲ့ အညစ်အကြေးတွေ သန့်စင်ဖို့အတွက်ပေါ့။

Apple Cider Vinegar & Honey Toner



Apple Cider Vinegar က အသားအရေနဲ့ သဘာ၀ PH Balance ကို ထိန်းညှိပေးပြီး ပျားရည်ကတော့ Antibacterial ဓာတ်ပါဝင်တာမို့ ဝက်ခြံထွက်တာကို တားဆီးပေးပါတယ်။ အသားအရေကို ချောမွေ့နူးညံ့စေပြီး စိုပြေတောက်ပမှုကို ပေးစွမ်းပါတယ်။

ဘယ်လိုလုပ်မလဲ?
- Apple Cider Vinegar လက်ဖက်ရည်ဇွန်း ၂ဇွန်းကနေ ၄ဇွန်းအထိကို ရေတစ်ခွက်နဲ့ ရောပါ။
- ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းကို ထည့်မွှေပါ။
- အသုံးပြုမယ့် ဘူးလေးထဲကို လောင်းထည့်ရုံပါပဲ။
- Soothing Effect ရရှိချင်တယ်ဆိုရင်တော့ Chamomile Tea Bag ကို အဲ့ဒီအရေအနှောထဲမှာ ၁၀မိနစ်ခန့်နှပ်ထားလိုက်ပါ။

Dry Skin
ခြောက်သွေ့အသားအရေပိုင်ရှင်တွေကတော့ ချွေးပေါက်ကျဉ်းပြီး အသားအရေကြမ်းတမ်း၊ နီမြန်းနေတတ်ပါတယ်။ Toner အသုံးပြုတာက အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အစိုဓာတ်ရရှိအောင် အားဖြည့်ပေးပါတယ်။

Cucumber & Aloe Vera Toner



Cucumber က ရေဓာတ်များတဲ့အတွက် အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပါတယ်။ နီမြန်းမှုကို လျော့ချပေးပြီး ခြောက်သွေ့နေတဲ့အသားအရေကို ကြည်လင်စေပါတယ်။
ရှားစောင်းကတော့ မတည့်တဲ့သူတွေအတွက် အကျိူးမရှိပေမယ့် အသားအရေအတွက် တကယ့်ကို ကောင်းမွန်တဲ့ ပစ္စည်းပါ။ အသားအရေ ရောင်ရမ်းခြင်းနဲ့ နီမြန်းခြင်းကို ကာကွယ်ပေးပါတယ်။

ဘယ်လိုလုပ်မလဲ?
- သခွါးသီးကို လှီးပြီး အိုးထဲကိုပြောင်းထည့်ပါ။
- အပူနည်းနည်းနဲ့ မီးပေးပြီး ထွက်လာတဲ့အရည်ကို အအေးပြန်ခံပါ။
- ကိုယ်အသုံးပြုမယ့် ဘူးလေးထဲ ပြောင်းထည့်ပြီး Aloe Vera အရည်အနည်းငယ်ကို ထည့်ထပ်လိုက်ပါ။

Oily Skin
အဆီပိုတွေကြောင့် မျက်နှာက အမြဲအဆီပြန်နေတတ်ပြီး ချွေးပေါက်ပိတ်လေ့ရှိတဲ့ အသားအရေအမျိူးအစားပါ။

Witch Hazel & Lemon Juice Toner



သဘာ၀ Astringent ပါဝင်တဲ့ Witch Hazel က အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံးပါပဲ။ Astringent က ချွေးပေါက်ကို ကျဉ်းစေပြီး သေးငယ်တဲ့အထိ ဖြစ်စေပါတယ်။
Lemon Juice ကတော့ Citric Acid နဲ့ Vitamin C ဓာတ်ပါဝင်တာမို့ အသားအရေပေါ်တင်လိုက်တဲ့အခါမှာ အဆီပြန်တာကို လျော့ကျစေပါတယ်။

ဘယ်လိုလုပ်မလဲ?
- Witch Hazel ခွက်တစ်ဝက်ကို လတ်ဆတ်တဲ့ Lemon Juice Drop အနည်းငယ်နဲ့ ရောမွှေပါ။
- ကိုယ်အသုံးပြုမယ့် ဘူးလေးထဲထည့်ပြီး အသုံးမပြုခင် အနည်းငယ် Shake ပြီးမှ အသုံးပြုပါ။

Combination Skin
ပေါင်းစပ်အသားအရေတွေကတော့ T zone တစ်ဝိုက် အဆီပြန်နေတတ်ပြီး အခြားအစိတ်အပိုင်းတွေ ခြောက်နေတတ်တဲ့ အသားအရေပိုင်ရှင်တွေပါ။ သူများထက် ထိန်းသိမ်းရခက်တဲ့ အသားအရေဖြစ်တာကြောင့် ကိုယ့်ကိုယ်တိုင်ပြုလုပ်ထားတဲ့ Toner က စိတ်အချရဆုံးဖြစ်မှာပါ။

Glycerin & Lemon Juice Toner



Glycerin ကို ရေဓာတ်ဖြည့်တဲ့ Skincare Product တော်တော်များများရဲ့ Ingredient ထဲမှာပါဝင်တာ တွေ့ရမှာပါ။ ရေဓာတ်မြောက်မြားစွာပါဝင်လို့ အသားအရေကို ရေဓာတ် သိသိသာသာ ဖြည့်တင်းပေးနိုင်ပါတယ်။
Lemon Juice ကတော့ အဆီပြန်တဲ့နေရာအတွက်ဖြစ်ပြီး အဆီပိုတွေ ထပ်မထွက်အောင် ပြုလုပ်ပေးပါတယ်။ ဝက်ခြံထွက်လာဖို့ကိုလည်း တားဆီးပေးပါတယ်။

ဘယ်လိုလုပ်မလဲ?
- Glycerin လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ လတ်လတ်ဆက်ဆက် Lemon Juice သုံးစက်ကနေ ငါးစက်ကြားကို ရေတစ်ခွက်နဲ့ ရောပါ။
- သမအောင်မွှေပြီး ကိုယ်အသုံးပြုမယ့် ဘူးလေးထဲပြောင်းထည့်ပါ။
- အသုံးမပြုခင် ကောင်းစွာ မွှေလှုပ်ပါ။

အသားအရေသိသိသာသာကောင်းလာရင်လည်း Comment Box ပါပြောသွားမို့ မမေ့နဲ့ဦးနော်။ ဝက်ခြံသမားတွေနဲ့ Sensitive Skin တွေအတွက်လည်း မျှဝေပေးအုံးမှာမို့ Part 2 ကိုလည်း စောင့်မျှော်ဖတ်ရှုပေးပါအုံးနော်။

, , , ,

Skin

ငွေကျပ် သုံးထောင်အောက်နဲ့ အသားအရေကို သိသိသာသာကောင်းစေမယ့် Facial Mask များ

Mask ဖိုးတွေနဲ့ မမွဲရအောင်

by JN Ja Seng Pan

December 5, 2019

အသားအရေအတွက် Mask ကပ်တာက ကောင်းမွန်တဲ့ ထိန်းသိမ်းပြုပြင်နည်းတစ်ခုပါ။ ညစ်နွမ်းနေတဲ့ အသားအရေကို အားဖြည့်ပေးဖို့အတွက် Mask တွေကို ပုံမှန်ကပ်ပေးသင့်ပြီး အသားအရေထိန်းသိမ်းမှုကိုလည်း ဂရုတစိုက်လုပ်ပေးသင့်ပါတယ်။ Mask ကပ်တဲ့နေရာမှာ ကိုယ်ရရှိတဲ့ ရလဒ်အလိုက် Mask တွေကို ခွဲခြားပြီး သုံးလေ့ရှိကြတယ်နော်။ တစ်ပတ်ကို အနည်းဆုံး နှစ်ခေါက်လောက်ကပ်တာက အသားအရေကို စိုစိုပြေပြေနဲ့ ချောမွေ့စေပါတယ်။ ဒီနေရာမှာ တစ်ခုစဉ်းစားရမှာက Mask အတွက် သုံးရမယ့် ငွေပမာဏပဲနော်။ Mask တွေ ကပ်ကောင်းကောင်းနဲ့ ကပ်လိုက်တာ ဘတ်ဂျက်ထောင်းတာ မဖြစ်ရမှာ လှလည်းလှ ပိုက်ဆံပဲ မကုန်ရလေအောင် ကျပ် သုံးထောင်အောက် Mask လေးတွေကို ဖော်ပြပေးမယ်နော်။ ဈေးနှုန်းသက်သာပေမယ့် Beauty Blogger တွေ Recommend ပေးပြီး Review တွေထွက်သမျှကောင်းတာမို့ အရည်အသွေးပိုင်းအတွက် မပူနဲ့နော်။ 

Tony Moly Fresh to Go Sheet Mask




Tony Moly ရဲ့ Mask တွေအများကြီးထဲက ဒါလေးက အလွယ်တကူ ဝယ်ယူလို့ရပြီး ရလဒ်လည်း ကောင်းတာမို့ ဝေမျှလိုက်တာပါ။ အသီးပုံလေးတွေနဲ့ Packing က ချစ်စရာကောင်းပါတယ်။ ကပ်လိုက်တဲ့ အချိန်မှာလည်း အသီးနံ့သင်းသင်းလေးနဲ့မို့ ချက်ခြင်းကို Fresh ဖြစ်သွားတာနော်။ Essence အရည်က ခပ်ကျဲကျဲလေးမို့ အသားထဲ အလွယ်တကူ စိမ့်ဝင်လွယ်ပါတယ်။ ဈေးနှုန်းအနေနဲ့ 2000 ဝန်းကျင်လောက်သာရှိပေမယ့် Result ကတော့ အံ့မခန်းပဲနော်။

 

Innisfree My Real Squeeze Mask



Innisfree က Mask တွေက ရောင်းအားကောင်းတာလူတိုင်းအသိနော်။ သုံးလိုက်တဲ့ အချိန်မှာလည်း ရလဒ်က ကျေနပ်စရာမို့ ဘယ်အချိန်ဖြစ်ဖြစ် လူကြိုက်များနေတာအသေအချာပါ။ အသားအရေနဲ့ လိုက်ပြီး ပုံစံမျိုးစုံကို ထုတ်ထားတဲ့အတွက် ကိုယ်နဲ့ အဆင်ပြေမယ့် Mask ကို ကပ်ရုံပဲပေါ့။ ဈေးနှုန်းအနေနဲ့ကလည်း 1500 နဲ့ 2000 ကြားပဲမို့ ပေးရတာနဲ့ တန်တဲ့ Mask လေးတွေပါ။ ဝက်ခြံသမားတွေအတွက် Tea Tree Mask က Recommend ပေးကြတာမို့ ဝက်ခြံသမားတွေ အသုံးပြုလို့ သင့်တော်မှာပါ။


Garnier Pure Charcoal Black Mask



အသားအရေ ညစ်နွမ်းနေတဲ့သူတွေအတွက် ဒီ Mask လေးက သိပ်ကို အဆင်ပြေမှာပါ။ အာရှတိုက်က အမျိုးသမီးတွေရဲ့ အသားအရေနုပျိုတောက်ပခြင်းရဲ့ လျှိူ့ဝှက်ချက်ဖြစ်တဲ့ ဆန်လုံးညှိပါဝင်တာကြောင့် အသားအရေကို ကြည်လင်သန့်စင်စေပါတယ်။ Charcoal က အဆိပ်အတောက်ကို ဖယ်ရှားပေးပြီး အဆီပြန်တာကို ထိန်းချုပ်ပေးပါတယ်။ Beaut By Naychi ရဲ့ Recommend Product ထဲမှာ ပါတာကြောင့် ကိုယ်တိုင်လည်း စမ်းသုံးကြည့်လိုက်အုံးနော်။

Pond's Plump up Mask



ပင်လယ်ထဲက ရေမှော်ပင်တွေနေထိုင်တဲ့ Plankton အကောင်လေးတွေ ပါဝင်တယ်လို့ သိရပါတယ်။ Plump up Mask ဖြစ်တာကြောင့် အသားအရေကို တင်းရင်းစေတယ်၊ Instant Moisturizing Effect ပါဝင်တာကြောင့် ရေဓာတ်ကို အထိရောက်ဆုံးဖြည့်တင်းပေးပါတယ်။ Moisturizing Effect ပါဝင်တာကြောင့် Oily Skin တွေပါ အသုံးပြုလို့မရမှာ စိတ်မပူနဲ့နော်။ အဆီပြန်တဲ့အသားရေကို ကြည်ကြည်လေးနဲ့ အားဖြည့်ပေးမှာပါ။ ဒီ Product လေးကလည်း လူကြိုက်များတာမို့ 2000 လောက်လေးနဲ့ သိသိသာသာရလဒ်ကောင်းကိုရမှာပါ။

Sai Mask


နောက်ဆုံး တစ်ခုအနေနဲ့ ပြည်တွင်းက ထုတ်တဲ့ Sai Mask လေးအကြောင်း ပြောပြချင်ပါတယ်။ Mask အမျိုးအစား ငါးမျိုးထဲက Hydrating Mask လေးက တော်တော်လေး သုံးလို့ကောင်းပါတယ်။ အဆီပြန်တဲ့သူကော၊ ခြောက်သွေ့တဲ့ အသားအရေအတွက်ပါ သင့်တော်ပါတယ်။ Sodium Hyaluronate နဲ့ H2O Molecules က ရေဓာတ်ကို အပြည့်အဝဖြည့်ပေးပါတယ်။ ဒီ Mask လေးရဲ့ ထူးခြားချက်တစ်ခုက Mask ရဲ့ အနောက်မှာ QR Code လေး တစ်ခုပါတာပါ။ အဲ့ဒီ QR Code လေးကို Scan လုပ်လိုက်တာနဲ့ Saicosmetix.com ထဲကို ဝင်သွားပြီး ၁၅မိနစ်စာ သီချင်းလေးထွက်လာမှာပါ။ သာသာယာယာလေး လဲလျောင်းပြီး သီချင်းသံငြိမ့်ငြိမ့်နဲ့ Mask ကပ်ရုံပေါ့။ ဒီ Mask လေးကတော့ ၂၅၀၀ ဝန်းကျင်ပါ။

, , , ,

MODA TV 


Skin

ပျိုမေတို့ Skin Type နဲ့ သင့်တော်တဲ့ Skincare ကိုဘယ်လိုရွေးချယ်ကြမလဲ

သင့်တော်တဲ့နည်းလမ်းလေးတွေနဲ့ skin care ကြရအောင်နော်။

by Lin Lin

August 19, 2019

အမျိုးသမီးအများစုဟာ အလှအပနဲ့ ပတ်သက်ပြီး ထိန်းသိမ်းပြုပြင်ဖို့နည်းလမ်းတွေ အမြဲတမ်းရှာဖွေနေတတ်ပါတယ်။ ဒီလိုရှာဖွေတဲ့အခါ မိမိတို့အသားအရေနဲ့ ကိုက်ညီတဲ့ skincare ကို အသုံးပြုဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အရင်ဦးစွာ မိမိတို့ အသားအရေဟာ ဘယ်လိုအသားအရေလဲ ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲ ဆိုတဲ့အကြောင်းကို ပြောပြပေးသွားမှာပါ။ ယေဘူယျအားဖြင့်တော့ ခြောက်သွေ့တဲ့ အသားအရေ၊ အဆီပြန်တဲ့အသားအရေနဲ့ ပုံမှန်အသားအရေတို့ပဲ ဖြစ်ပါတယ်။



ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းဖြစ်တတ်တာကြောင့် အရေပြားအလွှာတိုင်းကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။ လေ့လာချက်တွေအရ ဆောင်းရာသီနဲ့ အပူချိန်အလွန်နည်းပါးတဲ့ အချိန်တွေမှာ အလွန်နေရခက်စေပါတယ်။ ထိန်းသိမ်းမှုပြုလုပ်မယ်ဆိုရင် ရေနွေးနဲ့ မျက်နှာသစ်ပေးဖို့ အကြံပြုပါရစေ။ ပြီးရင်တော့ သန့်စင်ခြောက်သွေ့တဲ့ Towel နဲ့ ညင်သာစွာသုတ်ပေးပါ။ အရေးကြီးဆုံးအချက်တစ်ချက်ကတော့ moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့နော်။



အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ sensitive ဖြစ်တဲ့ အသားအရေပိုင်ရှင်တွေပဲ ဖြစ်ပြီး ဝက်ခြံမကြာခဏထွက်တတ်ကြပါတယ်။ အရေပြားနဲ့ ပတ်သက်တဲ့ ပြဿနာဖြစ်တတ်တာမို့ ထိထိရောက်ရောက်ကုစားဖို့ လိုအပ်ပါတယ်။ ဒါကို ဘယ်လိုကုစားမလဲ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို စားသုံးပေးပြီး Cleasing သေချာလုပ်ပေးဖို့ လိုအပ်ပါတယ်။ Cleasing လုပ်ပြီးရင်လဲ Toner သုံးပေးဖို့ မမေ့ပါနဲ့နော်။ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အသီးအရွက် ဒါမှမဟုတ် သစ်သီးတစ်မျိုးမျိုး ပါဝင်ဖို့ လိုအပ်ပါတယ်။



နောက်ဆုံးတစ်မျိုးကတော့ သာမာန်အသားအရေပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ သာမာန်အသားအရေပိုင်ရှင်တွေဟာ အသားအရေရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို ပိုင်ဆိုင်ထားရတဲ့ လူတွေပဲ ဖြစ်ပါတယ်။ အများကြီး ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့ မလိုအပ်ပေမယ့် ပုံမှန် သန့်စင်မှုတွေ ပြုလုပ်ပေးပြီး အသားအရေခြောက်သွေ့မှုမဖြစ်အောင် သင့်တော်တဲ့ moisturizer ကို ပုံမှန်အသုံးပြုပေးဖို့ လိုအပ်ပါတယ်။

ကဲ့ အခုဆိုရင်တော့ ဘယ်လိုအသားအရေမျိုးဆိုရင် ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတဲ့ နည်းလမ်းလေးတွေလဲ သိလောက်ပြီဆိုတော့ မိမိတို့ အသားအရေနဲ့ လိုက်ဖက်တဲ့ ထိန်းသိမ်းနည်းလေးတွေနဲ့ အတူ skin care ကြရအောင်နော်။

, , ,

Skin

အသားအရေလှစေတဲ့အပြင်အလုပ်လည်းမရှုပ်တဲ့ Dry brushing ဆိုတာ...

Hotel spa တွေမှာလူကြိုက်များနေတဲ ႔Dry skin brushing

by Yin Moe Shinn

July 24, 2019

မကြာသေးမီကလူပြောများလာပြီး Hotel တွေရဲ ႔ Spa menu တွေမှာအတွေ ႔များနေတဲ့ Dry brushing အကြောင်းလေးပြောပြချင်ပါတယ်။ Dry brushing လုပ်ခြင်းကအသားအရည်ကိုနူးညံ ႔ စေတဲ့အပြင်အခြားသော

အကျိုးကျေးဇူးလေးတွေလည်းရှိပါသေးတယ်။ သူကအရေကအရေပြားမှာရှိတဲ့ဆဲလ်အသေတွေကိုဖယ်ရှားပေးနိုင်တာကြောင့် အရေပြားရဲ ႔ သွေးလှည့်ပတ်မှုကိုကောင်းစေပြီး Lymp system ကိုလည်းကောင်းစေတယ်လို ႔သိရပါ

တယ်။ Dry brushing လုပ်တဲ့အခါဘာမှလိမ်းမထားတဲ ႔dry skin ကိုသာလုပ်သင့်ပါတယ်။ Dry brushing လုပ်တဲ့အခါသိထားသင့်ဖို ႔လိုတဲ့အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။ Dry brushing လုပ်တဲ့အခါ

ပုံမှန် brush ထက် လက်ကိုင်ရှည်တဲ့ brush ကသင့်ကို ပိုပြီးအဆင်ပြေစေမှာပါ။

ခြေအောက်ပိုင်းကစပြီး နုလုံးသို ႔ ဦးတည်ပွတ်တိုက်ရင်းတစ်နေရာထဲကို ခဏခဏမတိုက်သင့်ပါဘူး။ ခြေ ၊ လက် တွေကိုပွတ်တိုက်

ပြီးတဲ့နောက် ရင်ဘတ်နဲ ႔ ဝမ်းဗိုက်ကိုတော့ clockwise direction အတိုင်းပွတ်တိုက်ပေးရပါမယ်။ နူးညံ ႔တဲ ႔ရင်ဘတ်လိုနေရာမျိုးကိုတော့ ဂရုတစိုက်သေချာလေးလုပ်သင့်ပါတယ်။ Dry brushing လုပ်ပြီးတာနဲ ရေချိုးသင့်ပါတယ်။

ရေနွေးနွေးလေးနဲ ႔ဆိုပိုပြီးအဆင်ပြေပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့အဆီတစ်မျိုးကိုလိမ်းပေးရပါမယ်။ သင့်ရဲ ႔brush ကိုတစ်ပတ်မှာ ၂ကြိမ်လောက်သန့်ရှင်းအောင်ဆေးကြောပေးသင့်

သလိုခြောက်သွေ ႔တဲ့နေရာမှာထားပေးရပါမယ်။

Dry brushing လုပ်ခြင်းကအသားအရေကိုလည်း ဖြူဝင်းလာစေတဲ့အပြင်ကျန်းမာရေးအတွက်ပါအထူးကောင်းမွန်တဲ ႔

skin care လုပ်နည်းလေးပါ။

ကောင်းတဲ့အချက်တွေများတဲ ႔dry brushing လုပ်နည်းလေးကို လုံးဝမလုပ်ဖို ႔တားမြစ်ထားခံရသူတွေကတော့ Sensitive skin ကိုပိုင်ဆိုင်

ထားသူတွေပါ။ အရေပြားကိုနီရဲပြီးပျက်စီးစေတာမို ႔လုံးဝမဟုတ်သင့်ပါဘူးနော်။ ကဲအခုဆိုသင့်အသားအရေကို နူးညံ ႔ ပြီးပိုမိုဝင်းပလာစေဖို႔ ႔နေ ႔စဉ် skin care routine ထဲမှာထည့်ထားသင့်တဲ ႔dry brushing နည်းလမ်းလေးကိုမျှ

ဝေလိုက်ပါတယ်။


Skin

11 BASIC BEAUTY TIPS FOR SUMMER

ပူပြင်းတဲ့နွေရာသီကို အံ့တုနိုင်ဖို့အတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတွေ

by JN Ja Seng Pan

March 15, 2019

မြန်မာနိုင်ငံမှာ နေတဲ့လူတိုင်း ကြောက်ရတဲ့ ပူပူပြင်းပြင်း နွေရာသီရောက်လာပြီနော်။ ပူလွန်းလို့ အပြင်ကို ထွက်ဖို့ဆန္ဒမရှိပေမယ့် မဖြစ်မနေ ထွက်ရမယ့် အချိန်မျိုးတွေမှာ အကာအကွယ်နဲ့ ထွက်ဖို့ လိုပါတယ်။ အဝတ်အစား ရွေးချယ်တဲ့နေရာမှာလည်း အရောင်နုနုနဲ့ ချောင်ချောင်ချိချိ ချည်သားတွေကိုသာ ဝတ်ဆင်သင့်တယ်နော်။ မိန်းကလေးတွေအနေနဲ့လည်း အလှပြင်တဲ့နေရာမှာ အခက်ကြုံ ရတဲ့အတွက် လိုက်လုပ်ရလွယ်ကူပြီး အက်ိဳးရှိစေမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။ပ်ိဳပ်ိဳေမတို့ အပူဒဏ်ကို အံ့တုပြီး အစွမ်းကုန်လှနိုင်ကြပါစေနော်။

Moisturizer

  • Moisturizing က အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။ ရေဓာတ်ကို အသားအရေကွဲအက် ပျက်စီးတတ်တဲ့ ဆောင်းတွင်းမှာသာ လိုအပ်တာ မဟုတ်ပဲ ပူပြင်းတဲ့နွေရာသီမှာပါ လိုအပ်ပါတယ်။ ပူပြင်းတဲ့ ‌နွေရာသီက ခန္ဓာကိုယ်ကို ရေဓာတ်ခန်းခြောက်စေပြီး အသားအရေကို မွဲခြောက်ပျက်စီးစေပါတယ်။ Moisturizer က နေလောင်ခြင်းနဲ့အရေပြားထဲ ပိုးဝင်ရောက်မှုတွေကနေ ကာကွယ်ပေးပါတယ်။ Moisturizer ရွေးချယ်တဲ့နေရာမှာ Non Greasy နဲ့Water Base အမျိုးအစားကိုမှ Vitamin E ပါဝင်တာမျိုး အသုံးပြုဖို့ လိုပါတယ်။

Exfoliate

  • အရေပြားကနေ skin care product တွေကောင်းကောင်းစုပ်ယူဖို့အသားအရေ သန့်စင်နေဖို့လိုပါတယ်။ Exfoliate ပုံမှန်ပြုလုပ်တာက ချွေးပေါက်ပိတ်တာကို ဖြစ်စေတဲ့ dead skin ကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် makeup လိမ်းတဲ့အခါမှာ makeup သားတက်စေပြီး ကြည်ကြည်လင်လင်နဲ့လှနေစေမှာပါ။ တစ်ခု သတိထားရမှာက exfoliate ကို နေ့တိုင်းမလုပ်သင့်တာပါပဲ။ ဒီလို လုပ်တာက အသားအရေကို နီမြန်းစေပြီး ယားယံမှုနဲ့ breakout တွေကိုဖြစ်စေပါတယ်။ တစ်ပါတ် ပုံမှန် နှစ်ကြိမ်၊ သုံးကြိမ်သာ ပြုလုပ်သင့်ပြီး ညနေပိုင်းမှာသာ ပြုလုပ်ဖို့ကိုလည်း သတိထားရမှာပါ။

Water

  • နွေရာသီမှာ ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်တာ လူတိုင်းအသိနော်။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ရေဓာတ် ထိန်းသိမ်းဖို့နဲ့Dehydration မဖြစ်စေဖို့တစ်ရက်ကို ရေ ၈ခွက် အနည်းဆုံးသောက်သင့်ပါတယ်။

Sunscreen

  • နေပူထဲကို sunscreen မလိမ်းပဲ ထွက်တာကို ရှောင်ရမှာပါ။ Sunscreen က မဖြစ်မနေ လိမ်းဖို့လိုအပ်ပြီး အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။ ခရမ်းလွန်ရောင်ခြည်က အရေပြားရောဂါ၊ အရေးအကြောင်းနဲ့ အစက်အပြောက်တွေကို ဖြစ်စေပါတယ်။ Sunscreen ရွေးချယ်တဲ့နေရာမှာ SPF 30 နဲ့အထက်ကိုသာ ရှာဖွေဝယ်ယူသင့်ပြီး နာရီအနည်းငယ်ကြာပြီးတိုင်း ပြန် လိမ်းပေးဖို့လည်းလိုအပ်တယ်နော်။

Aloe Vera

  • အရေပြား ပြဿနာ တော်တော်များများကို ရှားစောင်းလက်ပတ်က သိသိသာသာ ကာကွယ်ပေးပါတယ်။ နေပူထဲထွက်တာများတဲ့ အချိန်တွေမှာ ခန္ဓာကိုယ်ပေါ် ရှားစောင်းလက်ပတ် Gel တင်လိုက်တာက အသားအရေကို အေးမြစေပြီး နေလောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။

Makeup

  • နွေရာသီက ပူပြင်းတဲ့အတွက် မိတ်ကပ်လိမ်းတဲ့နေရာမှာ ပေါ့ပေါ့ပါးပါးနဲ့အရောင်နုနုလေးတွေ အသုံးပြုသင့်ပါတယ်။ Summer နဲ့လိုက်ဖက်တဲ့ natural color တွေရွေးချယ်တာက သဘာဝဆန်ဆန်လှနေစေမှာပါ။ မိတ်ကပ်ကိုလည်း ပါးပါးလေးနဲ့oil free product ကိုသာ အသုံးပြုသင့်တယ်နော်။

Primer

  • ချွေးထွက်လွယ်၊ အဆီပြန်လွယ်တဲ့အတွက် Primer ကို မဖြစ်မနေသုံးသင့်ပါတယ်။ Primer က မိတ်ကပ်သား မရွေ့စေပဲ တာရှည်ခံစေပါတယ်။ Primer က မျက်နှာနဲ့foundation ကို အလွှာတစ်ခုအနေနဲ့ ကာကွယ်ပေးထားတာမို့တစ်နေကုန် အလှမပျက်ပဲ သွားလာနိုင်မှာ ဖြစ်ပါတယ်။

Sweat Proof

  • Eye makeup အတွက် water proof, sweat proof တွေကို သုံးဖို့အရေးကြီးပါတယ်။ Eyeliner ကအစ eyebrow၊ mascara အဆုံး ဒီလို type ထဲက ရှာဝယ်ဖို့လိုပါတယ်။ မဟုတ်ရင် panda eye နဲ့ဖျက်မရ ပြုမရနဲ့ ဒုက္ခများနေရမှာပါ။ ချွေးထွက်လွယ်တဲ့အတွက် ဒီရာသီမှာ မိတ်ကပ် product တွေကို sweat proof သာ သုံးတာ အကောင်းဆုံးပါပဲ။ Eyeshadow ကို cream shadow အမျိုးအစားကို သုံးဖို့အကြံပေးချင်ပါတယ်။ Powder eyeshadow တွေက အဆီပြန်လွယ်ပြီး ကြာရှည်မခံတဲ့အပြင် ချွေးပေါက်ကိုလည်း ပိတ်စေတဲ့အတွက်ကြောင့်ပါ။

Glowy Glow

  • Sun Kissed Skin အတွက် highlight တွေ bronzer တွေကို ချန်ထားလို့မရပါဘူး။ နေရောင် ထိလွယ်တဲ့နေရာတွေဖြစ်တဲ့ နဖူး၊ ပါးရိုးတစ်လျှောက်နဲ့ နှုတ်ခမ်းအပေါ်နားလေးတွေကို highlighter လိုက်ထည့်လိုက်ပါ။ သဘာဝကျစေဖို့အတွက် အနည်းငယ်ပဲ သုံးဖို့လည်း သတိထားရမှာပါ။


Lips

  • နှုတ်ခမ်းတွေကိုလည်း ဂရုစိုက်ဖို့လိုတယ်နော်။ နှုတ်ခမ်းပေါ်က skin က sensitive ဖြစ်လွယ်ပြီး နေရောင်ခြည်က နှုတ်ခမ်းသားကို ခြောက်သွေ့စေတဲ့အတွက် SPF ပါတဲ့ lip blam တွေဆောင်ထားရမယ့်အချိန်ပါ။

Healthy Hair

  • နွေရာသီမှာ ဖြစ်တဲ့ ပူအိုက်စိုထိုင်းတဲ့ ပတ်ဝန်းကျင်က ဆံပင်သားကို ပျက်စီးစေပါတယ်။ ဆံပင်သား ခြောက်သွေ့လွယ်ပြီး ဖွာလွယ်တဲ့အတွက်ကြောင့် ထိန်းသိမ်းဖို့လိုပါတယ်။ Coconut Oil ပါတဲ့ treatment တွေက ဆံသားတွေကို အားဖြည့်ပေးပြီး နူးညံပျော့ပြောင်းစေပါတယ်။ ခေါင်းလျှော်ထားပြီး တစ်ရက်တောင်မခံတဲ့ ဒီရာသီမှာ ရေအေးအေးနဲ့ဦးရေပြားကို ဖြန်းတာက အပူဒဏ်ကို သက်သာစေပါတယ်။ အနံ့ပါတဲ့ hair spray တွေကလည်း ဆံသားကို ကာကွယ်ပေးပြီး သန့်ရှင်းစေပါတယ်။



Loading More post