×
Celebrity Style

အမြဲတမ်းလန်းနေတဲ့ Nay Chi Oo ရဲ့ Iconic အဖြစ်ဆုံး Outfit များ

အထာကျနေစေဖို့ သူမဝတ်ဆင်ခဲ့တဲ့ Outfit တွေက ဘာတွေများဖြစ်မလဲ

by May Shoon

November 19, 2019

ဖက်ရှင်နဲ့ Beauty မှာ Idol ဖြစ်တဲ့ Nay Chi Oo ရဲ့ Style တွေကပြောစရာမလိုအောင် Perfect ဖြစ်တာက တော့ အမှန်ပဲနော်။ ပွဲတက်၊ Casual၊ Streetstyle၊ Travel ဘယ်လိုဖြစ်ဖြစ် အထာကျနေတဲ့ Nay Chi Oo ရဲ့ ဝတ်စုံနဲ့ အပြင်အဆင်တွေအကြောင်းကိုတော့ အားလုံးက စိတ်ဝင်တစားသိချင်နေကြမှာပါ။ Chi Chi ဝတ်ဆင်တဲ့ အဝတ်အစား၊ ဖိနပ် နဲ့ Accessory တွေကလည်း International High-End Brand ဖြစ်ပြီး အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်တာပဲမလား။ ဒါကြောင့်လည်း Chi Chi ဒီ အနုပညာကို အလုပ်တဲ့ အချိန်ကစပြီး အခုချိန်ထိ ဝတ်ဆင်ခဲ့တဲ့ အယ်ဒီတာကိုယ်တိုင်လည်း အရမ်းနှစ်သက်တဲ့ Iconic အဝတ်အစားတွေအကြောင်းကို ရွေးချယ်ပေးလိုက်ပါတယ်။ Chi Chi ရဲ့ ပြောင်းလဲလာတဲ့ Style Evolution ကိုလည်း ဒီ Look တွေကနေတစ် ဆင့်မြင်တွေ့နိုင်မှာပါ။ Chi Chi ရဲ့ ဘယ် Look လေးကရောသင်အကြိုက်ဆုံး Look ဖြစ်မလဲ။
Credit to original uploaders.

Vivo V17 Pro Launching ပွဲကိုတက်ရောက်လာတဲ့ Chi Chi ရဲ့ ဖက်ရှင်ကတော့ Minimalist ဆန်ဆန်လေးနဲ့အရမ်း ဆွဲဆောင်မှုရှိပါတယ်။ အဲ့ဒီ အသားရောင် Dress လေးကတော့ OFF-WHITE ရဲ့ Fall/Winter 2019 Collection ထဲက Beige Warp Dress လေးပါ။ ဖိနပ်ကတော့ Elie Saab Spring/Summer 2019 Collection ဖြစ်တဲ့ Sequin လေးတွေနဲ့ Kitten Heel Over the Knee Boots လေးပါ။ ရိုးရိုးလေးနဲ့ အရမ်းဆွဲဆောင်မှုရှိတာတော့အမှန်ပဲ။

 

Thailand က Kanebo Event မှာတော့ Chi Chi ကို Top-to-Toe BALMAN Collection နဲ့မြင်တွေ့ရမှာပါ။ နာမည်ကျော် BALMAN ရဲ့ Short Black and White Satin and Crepe Jacket နဲ့ High-Waisted Black Wool and Leather Skirt ကို တွဲဖက်ဝတ်ဆင်ထားပြီး တန်ဖိုးအားဖြင့် US$ 800 ဝန်းကျင်ရှိပါတယ်။ အိတ် ကိုလည်း BALMAN Studded Black Leather B-Minaudière Clutch နဲ့ ဖိနပ်ကတော့ BALMAN Black Naomi Sandals with Balman Monogram လေးနဲ့ဆိုတော့ အရမ်း Smart ဖြစ်တဲ့ အသွင်အပြင်ပါပဲ။

 

အားလုံးက ကြွေနေရတဲ့ ဒီ ရွှေရောင် Sequin Mini Dress လေးကတော့ ဒီဇိုင်နာ Mogok Pauk Pauk (Chic Pauk) ရဲ့ လက်ရာဖြစ်ပြီး BALMAN Studded Black Clutch လေးကို ပြန်လည်တွဲဖက်ထားတာ ကြွေရုပ်လေးတစ်ရုပ်လို လှပလွန်းပါတယ်။

 

ပွဲတက်ဝတ်စုံတွေမှ မဟုတ်ပဲ ပေါ့ပေါ့ပါးပါး Streetstyle လေးတွေကို လည်းနှစ်သက်တဲ့ Chi Chi ကသူ့ရဲ့ ဆောင်းဦး Streetstyle လေးကိုတော့ လူငယ်အကြိုက် Supreme Jacket လေးနဲ့ စတင်လိုက်ပါတယ်။ ဒီအနက်ရောင် Jacket လေးကတော့ Supreme SS19 Collection ရဲ့ Wolf Fleece Jacket လေးဖြစ်ပြီး Fleece အမွှေးပွသားလေးကို အောက်ဖျားက ဝံပလွေဒီဇိုင်း Print နဲ့ ဖြစ်ပြီး အရောင်အားဖြင့် အနက်၊ လိမ္မော်နဲ့ အပြာဆိုပြီး သုံးရောင်လာပါတယ်။

 

အနီနဲ့အနက်ရောင်ကို အသေသပ်ဆုံး Embroidered ထိုးထားတဲ့ Elie Saab Long-Sleeve Dress လေးကလည်း Chi Chi နဲ့ လိုက်ဖက်မှုရှိပါတယ်။ ဖိနပ်ကလည်း Elie Saab ရဲ့ Sequin Boots လေးပါ။

 

Paris Fashion Week မှာ Shopping ထွက်နေတဲ့ Chi Chi ရဲ့ ဖက်ရှင်ကလည်း Hypebeast Vibe ကို ပေါ်လွင်နေပါတယ်။ အောက်က Neon Green Bodysuit လေးက VETEMENT ကဖြစ်ပြီး အပေါ်က Blazer လေးကလည်း VETEMENT Slit-Sleeve Single Breasted Wool Blazer လေးပါ။ BALENCIAGA B-Logo Chain Necklace လေးကထင်းနေသလို ဖိနပ်ကလည်း BALENCIAGA ရဲ့ Fringe Knife Pump လေးနဲ့ အထာကျနေပါတယ်။

 

အရမ်း Gorgeous ဖြစ်တဲ့ Elie Saab Silk Lace Georgette One Shoulder Dress လေးနဲ့ Paris Fashion Week ကို တက်ရောက်လာတာပါ။ Boots ကလည်း Elie Saab Thread Platform Boot လေးဖြစ်ပြီး Chi Chi လက်ကကိုင်ထားတဲ့ Skeleton Box Clutch ကတော့ Alexandar McQueen ပါ။

 

Vivo Series S Launching Event မှာတော့ Fendi Accessory လေးတွေနဲ့ ပွဲတက်လာခဲ့ပါတယ်။ အမွှေးလေးတွေနဲ့ FENDI Tale Scarf Black Fox Fur Scarf လေးကတန်ဖိုးအားဖြင့် US$ 2,690 ရှိပြီး FENDI Black Mini Leather Bag လေးကတော့ US$ 1,190 ရှိပါတယ်။ Polka-Dot Dress လေးကတော့ Flower to Flower ကပါ။

 

Chi Chi ရဲ့ Iconic အဖြစ်ဆုံး Look လို့ပြောရမယ့် Loréal Paris Red Carpet Look လေးကတော့ အားလုံးကို မင်သက်သွားစေမှာပါ။ အရမ်းလှတဲ့ အနက်ရောင် V-Neck Dress လေးကို ဒီဇိုင်နာ Min Khant ကဖန်တီးပေးထားတာဖြစ်ပြီး ဖိနပ်ကတော့ Itaian Luxry Footwear Brand ဖြစ်တဲ့ Guiseppe Zanotti ဖြစ်ပါတယ်။ အဲ့ထဲမှာ Highlight အဖြစ်ဆုံးကတော့ US$ 3200 ရှိတဲ့ Chanel ရဲ့ Ancient Egypt Culture ကို Inspire လုပ်ထားတဲ့ Necklace လေးပါ။ V-neck Dress ဆိုတော့ Chanel Dress လေးရဲ့အလှကပိုပြီးပေါ်လွင်သွားပါတယ်။

 

, , ,
Celebrity Style

ပူပူနွေးနွေးဂရမ်မီဆုရှင်လေး Billie Eilish ရဲ့ Gucci မျက်နှာဖုံးဖက်ရှင်

ဂရမ်မီဆုကို Pajama နဲ့တက်ယူခဲ့တဲ့ Bad Guy လေး

by Randy Win

January 29, 2020

အသက် ၁၈ နှစ်အရွယ်သာရှိသေးပေမယ့် အောင်မြင်တဲ့ Music Star တစ်ယောက်ဖြစ်နေပြီလို့ဆိုရမယ့် Billie Eilish တစ်ယောက် Los Angeles မှာကျင်းပခဲ့တဲ့ Grammy Awards ဆုပေးပွဲမှာ Best Vocal Album ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ထူးခြားတဲ့ဆိုပေါက် ထီမထင်တဲ့လှုပ်ရှားဟန်လေးတွေနဲ့ ပရိသတ်အတော်များများရဲ့ နှစ်သက်မှူကိုရရှိခဲ့တဲ့ Eillish ဟာ ဖက်ရှင်ပိုင်းမှာလည်း သူများနဲ့မတူအောင် ကိုယ်ပိုင်ဟန်နဲ့ ဝတ်ဆင်တတ်ပါသေးတယ်။ Grammy Award ပွဲနေ့ကလည်း သူမရဲ့ ထူးခြားတဲ့ ပွဲတက်ဖက်ရှင်ကြောင့် လူပြောများခဲ့ရတဲ့အထိပါပဲ။
ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့တဲ့ Bad Guy သီချင်းနဲ့ Global Music Chart မှာ နံပါတ် (1) နေရာကိုရရှိခဲ့တဲ့သူမက Grammy Award ကို ညအိပ်ဝတ်စုံပေါ်မှာ အနုမြူစိမ်းအရောင် Logo တွေအပြည့်ပါတဲ့ Gucci pajama ကို ဝတ်ဆင်ပြီးပွဲတက်ရောက်ခဲ့တာပါ။
ဝတ်စုံရဲ့ Branding ကို ပိုပြီးထိရောက်စေဖို့ လက်သည်းတွေကိုပါ Gucci Logo တွေနဲ့ ပုံဖော်ထားတဲ့အပြင် Gucci Face Mask ကိုလည်း တပ်ဆင်ထားပါသေးတယ်။ ဒီလို Luxury Face Mask မျိုးကို ထုတ်လုပ်ခဲ့တဲ့ Luxury Brand တွေထဲမှာ Gucci ကပထမဆုံးမဟုတ်ဘူးဆိုပေမဲ့ Grammy ပွဲကို Face Mask တပ်ပြီး တက်လာတဲ့ Eilish ရဲ့Style ကတော့ တကယ့်ကို ပြောစမှတ်ဖြစ်ပြီး မိမိုက်နေတာအသေအချာပါပဲ။

Photo Credit to Original Uploader

 

, , , , ,

Celebrity Style

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတစ်ခြမ်းကိုသိမ်းယူသွားတဲ့ ဗိုလ်ကြီး

အရွယ်နဲ့မလိုက်အောင် ချောမောစမတ်ကျနေဆဲ ဗိုလ်ကြီးတစ်ဖြစ်လဲ Hyun Bin

by Randy Win

January 29, 2020

K-Drama တွေကို စွဲမြဲနှစ်သက်ကြသူတွေကြား ရေပန်းစားကျော်ကြားတဲ့ တောင်ကိုရီးယား ငွေကြယ်ပွင့်တွေထဲမှာ ပရိသတ်အချစ်တော် Hyun Bin လည်းတစ်ယောက်အပါအဝင်ပါ။ သူရဲ့ လူသိအများဆုံး ရုပ်သံစီးရီးတွေဖြစ်တဲ့ My Name is Kim Sam-soon , Worlds Within , Secret Garden , Memories of the Alhambra တို့ကနေ ပရိသတ်တွေရဲ့ အားပေးမှူကိုအများကြီးပိုင်ဆိုင်ခဲ့ပြီး အခုလက်ရှိ နှုတ်ခမ်းနီမလေးတွေရဲ့ အာရုံစိုက်မှူကိုအထူးရရှိနေတာကတော့ Crash Landing On You ဆိုတဲ့ Drama ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက Korea နိုင်ငံရဲ့ ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Cable Television ရဲ့သက်တမ်းတစ်လျှောက် လူကြည့်အများဆုံးနံပါတ်(5)နေရာကို ရခဲ့တဲ့ထိအောင်မြင်နေတဲ့ ထုတ်လွှင့်နေဆဲ ရုပ်သံစီးရီးတစ်ခုလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မြောက်ကိုရီးယားကဗိုလ်ကြီး ရီဂျောင်ဟွတ်ဆိုတဲ့ Character နဲ့ ပရိသတ်အတော်များများရဲ့ အသည်းကိုဖမ်းစားနိုင်ခဲ့ရုံမက တစ်ပတ်တစ်ခါအပိုင်းသစ်ထွက်ဖို့ကို စောင့်ရတာ အရမ်းကြာသလိုပဲလို့ပြောယူကြရတဲ့ထိ လူစိတ်ဝင်စားမှူများပြားခဲ့ပါတယ်။ အသက် ၃၇ ရှိနေပေမယ့် အသက်အရွယ်နဲ့မလိုက်အောင်နုပျိုတဲ့ရုပ်ရည်နဲ့ တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားတို့ကြောင့်လည်း မိန်းကလေးတိုင်းရဲ့အသည်းစွဲမင်းသားတစ်လက်ဖြစ်လာပြီး ဘယ်အချိန်ပဲဖြစ်ဖြစ် smart ကျကျနေတတ်တာကလည်း သူ့ရဲ့ နာမည်ကျော်ကြားရတဲ့အားသာချက်တွေထဲကတစ်ခုလို့ဆိုရမှာပါ။ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပါ အောင်မြင်မှူတွေရရှိထားတဲ့ ပရိသတ်အချစ်တော် Hyun Bin ရဲ့ ကြည့်ကောင်းပြီး ဆွဲဆောင်မှူရှိတဲ့ ပုံရိပ်တချို့ကိုကို ဗိုလ်ကြီးကိုချစ်ကြတဲ့ ပရိသတ်အတွက်မျှဝေပေးလိုက်ပါတယ်။

 

Photo Credit to Original Uploader

, , , ,

Celebrity Style

မိမိုက်အထာကျလွန်းတဲ့ ခရီးသွားဖက်ရှင်တွေနဲ့ M Seng Lu

ခရီးသွားတဲ့အခါ ဘယ်လိုဖက်ရှင်လေးတွေကို Inspired လုပ်ချင်လဲ

by Randy Win

January 29, 2020

ဘယ်တော့မှမလျော့တဲ့ ဖက်ရှင်တွေနဲ့ မြန်မာနိုင်ငံရဲ့ အမိုက်စား ထိပ်တန်း Female Model တွေထဲကတစ်ယောက်လို့ဆိုရမယ့်သူမ။ လှပအချိုးကျတဲ့ကိုယ်ခန္ဓာနဲ့ ဆွဲဆောင်မှူရှိတဲ့ မျက်နှာကိုပိုင်ဆိုင်ထားတဲ့အပြင် မိမိုက်နေတဲ့ပိုစ့်တွေနဲ့ ဖက်ရှင်အလန်းတွေကိုအမြဲတမ်းပေါင်းစပ်ထားသူလေး M Seng Lu ။ သူမ ခရီးသွားတဲ့အခါမှာရော ဘယ်လို လှပချေမိုးတဲ့ Fashion တွေနဲ့ အလန်းဆုံးဖြစ်နေမလဲဆိုတာ သိချင်တဲ့သူတွေအတွက် Lu Lu ရဲ့ ခရီးသွားဖက်ရှင်လေးတချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။


, ,

MODA TV 


Celebrity Style

တော်ဝင်တဲ့အပြုံး ထည်ဝါတဲ့အလှတွေ လွှမ်းခြုံထားတဲ့ မိုးဟေကိုရဲ့ ပွဲတက်ဖက်ရှင်များ

မိုးရဲ့ ပွဲတက်ဖက်ရှင်တွေမှာ သူမတူတဲ့ဆွဲဆောင်နိုင်စွမ်းတွေ အပြည့်ပါနေပုံပါပဲ

by Randy Win

January 29, 2020

တည်ငြိမ်တဲ့အပြုံး ထည်ဝါတဲ့အလှတွေနဲ့ မြန်မာနိုင်ငံရဲ့ အလှနတ်ဘုရားမတစ်ပါးလို့ဆိုရမယ့် ပရိသတ်အချစ်တော် မိုးဟေကိုရဲ့ လှပထည်ဝါတဲ့ ပွဲတက်ဖက်ရှင်ပုံရိပ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ မိုးရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပဲ့ကိုင်ရှင်လည်းဖြစ်သလို ပရိသတ်အသည်းစွဲမင်းသမီးလေးတစ်ဦးလည်းဖြစ်တဲ့ မိုးဟေကိုဟာ ရိုးရှင်းတည်ငြိမ်ပြီးဆွဲဆောင်အားပြင်းတဲ့ အလှအပရဲ့ပြယုဂ်တစ်ခုအဖြစ် ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ အမြဲလိုလို ရေပန်းစားတဲ့သူတစ်ယောက်ပါ။ ဖက်ရှင်နဲ့ပတ်သက်ရင် ဘယ်တော့မှရိုးအီသွားစေတာမျိုးမရှိပဲ ဆန်းသစ်မှူတွေကိုသာ ဖော်ကျူးတတ်တဲ့ မိုးရဲ့ ခမ်းနားလှပတဲ့ ပွဲတက်ဖက်ရှင်ပုံရိပ်တချို့ကို မိုးကိုချစ်တဲ့ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Photo Credit to Moe Hay Ko's Page

, , ,

Celebrity Style

Chanel Outfit လေးတွေကို အသည်းစွဲဝတ်ဆင်လေ့ရှိတဲ့ Jennie

ဒါကြောင့်လည်း Chanel ရဲ့ Embassador ဖြစ်တာလည်းမဆန်းပါဘူးလေ

by May Shoon

January 2, 2020

BLACK PINK ရဲ့ Star လေး Jennie ရဲ့ အနုပညာအပြင် သူမရဲ့ Style တွေကို အားလုံးက သဘောကျနေကြတာတော့ အမှန်ပဲ။ Jennie ဟာ နာမည်ကျော် Global Fashion Brand တွေ Cosmetics တွေကို Commercial တွေရိုက်ကူး ပေးခဲ့ပေမယ့် သူမနဲ့ လိုက်ဖက်မှုအရှိဆုံးနဲ့ တွေ့ရအများဆုံးကတော့ ကမ္ဘာကျော် ပြင်သစ် Brand ဖြစ်တဲ့ Chanel ပါ။ Jennie ကိုယ်တိုင်ကလည်း သူ Chanel ကိုဘယ်လောက် Obssessed ဖြစ်လဲဆိုတာ သူမ ရဲ့ ပွဲတက်ဖက်ရှင်တွေ၊ Concert တွေနဲ့ သူမရဲ့ Instagram Feed မှာတွေ့ရပါတယ်။ သူမကိုယ်တိုင် Chanel နဲ့ ရင်းနှီးမှုရှိသလို အရင်နှစ် June တုန်းကလည်း Jennie ကို Chanel Beauty ရဲ့ Brand Embassador အဖြစ်ခန့်အပ်ခံရဖူးသလို ပြီးခဲ့တဲ့ October က Paris Fashion Week ရဲ့ Chanel Runway ကိုလည်း တက်ရောက်ခဲ့တဲ့ အပြင် Dazed Korea Magazine နဲ့ VOGUE Magazine မှာလည်း Chanel ဘုရင်မတစ်ဦးအသွင် ခေါင်းအစခြေအဆုံး Chanel တွေနဲ့ Photoshoot ရိုက်ကူးခဲ့ပါသေးတယ်။ ဒါကြောင့်လည်း သူမကို Asia ရဲ့ Chanel လူသားတစ်ဦးလို့ တင်စားထားတာလည်း ဆန်းတော့မဆန်းဘူးလို့ ဆိုရမှာပါ။ Classic and Feminine ဖြစ်တဲ့ Chanel Outfit လေးတွေနဲ့ Jennie လေး ဘယ်လောက်မိမိုက်နေလဲဆိုတာ ကိုယ်တိုင်ကြည့်လို့ရအောင် Collection လေးကိုစုစည်းပေးလိုက်ပါတယ်။ သင်ရော Jennie ရဲ့ ဘယ် Look လေးကို အကြိုက်ဆုံးဖြစ်မလဲ။

 

, , , ,

Celebrity Style

မြန်မာဝတ်စုံအလှနဲ့ Teresa Khine

MC တစ်ယောက်ဖြစ်ရုံသာမက Fashion ပိုင်းမှာပါ အမြဲဂရုတစိုက်နဲ့ ပြင်ဆင်ဝတ်ဆင်တတ်သူလည်းဖြစ်ပါတယ်။

by Lin Lin

November 16, 2019

ဒီတစ်ခေါက်မှာတော့ အပြုံးချိုချိုနဲ့ MC လေး Teresa Khine ရဲ့ အရောင်နုနုလေးတွေနဲ့ ချုပ်လုပ်ထားတဲ့ မြန်မာဝတ်စုံပုံရိပ်လေးတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ သူမဟာ MC တစ်ယောက်ဖြစ်ရုံသာမက Fashion ပိုင်းမှာပါ အမြဲဂရုတစိုက်နဲ့ ပြင်ဆင်ဝတ်ဆင်တတ်သူလည်းဖြစ်ပါတယ်။ သူမဟာ ပွဲတိုင်းမှာ မတူတဲ့ ဖက်ရှင်တွေနဲ့ တမူထူးခြားနေသူလေးပါ။ ကဲ ဒီတော့သူမရဲ့ မြန်မာဝတ်စုံ ပုံရိပ်လေးတွေကို ကြည့်လိုက်ကြရအောင်နော်။

 

မိုးပြာရောင် ပိုးသားထမိန်ကို ဇာအကျီနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ ဝတ်စုံလေးပါ။ ထမိန်ရဲ့အနားစကို ဇာနဲ့ ပြန်ကွတ်ထားတဲ့ဒီဇိုင်းက ဝတ်စုံရဲ့အလှကို ပိုပေါ်လွင်စေပါတယ်။

 

အပြာနုရောင်ချိတ်လေးကို အပေါ်က ပိုးသားအပြာပြောင်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားပါတယ်။ အကျီၤရဲ့ လည်ပင်းပုံစံအဆန်းလေးနဲ့ ပဝါအပါးလေးက သူမရဲ့ အလှကို ပံ့ပိုးပေးထားပါတယ်။

 

မြန်မာဝတ်စုံဆိုပေမယ့် ပုံမှန်မြင်တွေ့နေကျဒီဇိုင်းမျိုးမဟုတ်ဘဲ အနောက်တိုင်းဆန်ဆန် ဒီဇိုင်းလေးကြောင့် သူမရဲ့ ဖက်ရှင်က တစ်မျိုးဆန်းပြီး ထူးထူးခြားခြားလေးဖြစ်နေပါတယ်။

 

အရိုးဆုံးက အလှဆုံးလို့ ဆိုသလိုပဲ ရိုးရိုးလေးနဲ့ ဖက်ရှင်ကျနေတဲ့ ပိတောက်ခြောက်ရောင်ဝတ်စုံလေးနဲ့ Teresa ပါ။ ချိတ်ဒီဇိုင်းကိုမှ ခရမ်းရောင်အခက်လေးတွေနဲ့ ပုံဖော်ထားတဲ့သူမရဲ့ ချိတ်ဒီဇိုင်းကလည်း ကျက်သရေရှိပြီး လှပနေပါတယ်။

 

အပြာရောင်က သူမရဲ့ Favourite colour လို့တောင်ပြောလို့ရပါတယ်နော်။ တည်ငြိမ်လှပတဲ့ အပြာရောင်လေးကို ရိုးရိုးယဉ်ယဉ်လေး ပုံဖော်ထားတဲ့ ဒီဇိုင်းကြောင့် သူမရဲ့ အလှကို တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ကို ဖော်ဆောင်ပေးနေပါတယ်။

 

မြန်မာဝတ်စုံကို ဖက်ရှင်ကျကျနဲ့ အမြဲဝတ်ဆင်တတ်သူပီပီ Teresa က ဒီတစ်ခေါက်မှာတော့ ခဲရောင်ဝတ်စုံလေးကို ဒီဇိုင်းဆန်းဆန်းနဲ့ ဝတ်ဆင်ထားပြန်ပါတယ်။ ဒီဝတ်စုံလေးရဲ့ ထူးခြားချက်ကတော့ ညာဘက်လက်ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဒီ ဒီဇိုင်းလေးကြောင့်လည်း သူမကို ဖက်ရှင်ကျနေစေပါတယ်။

Editor : Lin Lin

, ,


Loading More post