×
Horoscope

ဆရာစံဇာဏီဘို ရဲ့အချစ်ဗေဒင်ဟောစာတမ်းများ

နိုဝင်ဘာလရဲ့ အချစ်ရေးကံကြမ္မာ ဘယ်လိုရှိမလဲ

by May Shoon

November 1, 2019

 

မိဿရာသီ (Aries)
မတ် ၂၁ မှ ဧပြီ ၂၀

စိတ်အေးချမ်းစရာများရှိမည်။ အညံ့အဆိုးမှန်သမျှ ကင်းစင်မည်။ အလိုဆန္ဒနှင့် ရည်ရွယ်ချက်များ ပြည့်ဝအဆင်ပြေမည်။ ချစ်ခြင်းမေတ္တာ၏ အနှစ်သာရကို အခိုင်အမာရရှိမည်။ ပျိုရွယ်သူများ လွန်စွာဆန်းပွင့်မည်။ တစ်ဦးထက်ပိုသော အချစ်ရေးကိစ္စများကြုံမည်။ ချစ်သူရှိပြီးသူပင်လျှင် ထပ်မံ၍ မေတ္တာမျှသူများပေါ်ထွန်းမည်။ ပြန်လည်ဆုံစည်းခြင်းက အတတ်သာဟုယူဆထားသည့် မေ့ပျောက်ထားသော အတိတ်ကာလမှ ချစ်သူနှင့်လည်း ပြန်လည်ဆုံဆည်းခြင်းရှိမည်။ ဘဝအခြေနေချင်းမတူ ခြားနားသောသူနှင့် မေတ္တာမျှမည်။ လုပ်ငန်းခွင်မှသူများအဖို့ နီးစပ်သောသူများနှင့် မေတ္တာမျှခြင်း ရှိမည်။ယတြာ -အဝါရောင်မျက်နှာသုတ်ပဝါတစ်ခုအား စတင်သုံးစွဲပါ။ အဝါရောင်ခွက်နှင့်ကိုယ်လက်သန့်စင်ခြင်းပြုလုပ်ပါ။


ပြိဿရာသီ (Taurus)
ဧပြီ ၂၁ မှ မေ ၂၁

မူလစီစဉ်ထားသည်နှင့် လက်တွေ့ဖြစ်ပေါ်မှုတို့ အလွဲလွဲ အချော်ချော် ဖြစ်မည်။ ကြိုတင်စီစဉ်ထားသည့်ကိစ္စမှန်သမျှ အနှောင့်အယှက် ၊အတားအဆီးရှိမည်။ ကြိုတင်တွက်ဆ၍မရနိုင်သေ အခက်အခဲများ တစ်မျိုးပြီးတစ်မျိုးပေါ်ပေါက်မည်။ ရုတ်တရက် အိမ်ထောင်ကျတတ်သည်။ မစီစဉ်ပဲဖြစ်မည်။ ဤကာလအတွင်း အိမ်ထောင်ကျသောသူသည် မိမိလက်ထပ်ရန် ရည်စူးသူမဟုတ်။ အခြားတစ်ဦးတစ်ယောက်ဖြစ်မည်။ ချစ်သူနှစ်ဦးကြား အနှောင့်အယှက်များ ဝင်တတ်သည်။ စိတ်ပျံ့လွင့်မည်။ စိတ်ကစားမည်။ သံယောဇဉ် မထားသင့်သူအပေါ်မေတ္တာမျှ၍ သောကရောက်ရခြင်းကြုံမည်။ ယတြာ - လပြည့်နေ့လရောင်အောက်တွင် လက်ကိုင်ပဝါအဖြူ တစ်ထည်ထားရှိပါ။ ၎င်းလက်ကိုင်ပဝါကို ရေမွှေးဖျန်း၍လူနှင့်ဆောင်ပါ။

 

မေထုန်ရာသီ (Gemini)
မေ ၂၂ မှ ဇွန် ၂၁

အညံံ့အဆိုးမှန်သမျှကင်းစင်သွားမည်။ စိတ်ရိုင်းဝင်၍ တဇွတ်ထိုးလုပ်သော သဘာဝမှန်သမျှ ပျောက်ကွယ်သွားမည်။ တည်ငြိမ်အေးချမ်းသော မေတ္တာဆန်းပွင့်မည်။ နားလည်ခွင့်လွှတ်တတ်သော မေတ္တာရှင်နှင့် တွေ့ဆုံမည်။ အပြောင်းအလဲနှင့် တိုးတက်မှုများ လုပ်ငန်းတွင်လည်း ကောင်း၊ ဘ၀ အခြေအနေလည်းကောင်းဖြစ်ပေါ်ရုံသာမက မေတ္တာရေးတွင်လည်း ရေရှည်တည်မြဲမည့် အချစ်ကံသစ်ပေါ်ထွန်းသည်။ တစ်ဦးထက်မကသော ချစ်သူများကြားမှ ခိုင်မာသောမေတ္တာရေးကိစ္စ များဆုံးဖြတ်နိုင်မည်။ ရွေးရခက်သောချစ်သူများအကြားမှ ဆုံးဖြတ်ချက်မှန်ကန်စွာနှင့် စစ်မှန်သောချစ်သူကိုရရှိနိုင်သည်။ ယတြာ - အနီရောင်ဖဲကြိုးနှင့် အပြာရောင်ဖဲကြိုးတို့ကို အလယ်မှထုံး၍အိတ်တွင်ထည့်ကာ ဆောင်ပါ။ ထူးခြားစွာစန်းပွင့်မည်။


ကရကဋ္ဋ်ရာသီ (Cancer)
ဇွန် ၂၂ မှ ဇူလိုင် ၂၂

စိတ်အနှောင့်အယှက်များဖြစ်ပေါ်နိုင်သည်။ နားလည်မှုလွဲမှားခြင်းများရှိမည်။ စကားများရမည်။ ဆန့်ကျင်ဘက်ပြောဆိုရခြင်းများရှိမည်။ ကိုယ်ကကောင်းသလောက် ကိုယ့်အပေါ် ပြန်လည်ကောင်းသောသူကို တွေ့ရန်ခက်ခဲမည်။ ချစ်သူနှင့်ခေတ္တ ခွဲခွာရတတ်သည်။ ပြည်ပနိုင်ငံရပ်ခြားမှသူနှင့် မေတ္တာရေးကိစ္စ ကြုံနိုင်သည်။ နောက်နောင်ဆက်သွယ်မှုမပြုတော့ဟု ယတိဆုံးဖြတ်ထားသည့်မေတ္တာရေးကိစ္စများကို ပြန်လည်စတင်ရလိမ့်မည်။ တစ်ဦးထက်ပိုသောချစ်သူတို့နှင့် စန်းပွင့်ခြင်းများရှိလင့်ကစား သဘာဝမတိုက်ဆိုင်မှုများကို အခြေခံကာ ပဋ္ဋိပက္ခများဖြင့် စကားများရန်ဖြစ်ရမည်။ ယတြာ - ရွှေရောင် အပ်ချိတ်နှစ်ခုအား အပြန်အလှန်ချိတ်၍ စက္ကူအနီရောင်နှင့်ပတ်ကာ ပိုက်ဆံအိတ်အတွင်းထည့် ၍လူနှင့်ဆောင်ပါ။


သိဟ်ရာသီ (Leo)
ဇူလိုင် ၂၃ မှ သြဂုတ် ၂၃

ပျော်ရွှင်အဆင်ပြေစရာများလွှမ်းမိုးနေသည်။ ချစ်မေတ္တာရေးကိစ္စ အဖြာဖြာတွင်ဖြစ်ပေါ်နေသော အညံ့အဆိုးမှန်သမျှကင်းဝေး၍ ကောင်းသောမေတ္တာဓာတ်လွှမ်းထုံသည်။ ပျော်ရွှင်ရယ်မောခြင်းနှင့်အတူ ကြည်နူးရင်ခုန်ရခြင်းများရှိမည်။ အထီးကျန်သူတို့စန်းပွင့်သော ကာလဖြစ်သည်။ ညှို့ငင်ဆွဲဆောင်မှုအားမြင့်မားမည်။ (၅၂၈) မိတ်ဆွေသဖွယ်ဆက်ဆံရာမှ ၁၅၀၀ ချစ်ခြင်းမေတ္တာကို ကူးပြောင်းသောဖြစ်ရပ်များဖြစ်ထွန်းမည်။ နီးစပ်မှုမှ အခြေတည်၍ရှင်းသန့်သော မေတ္တာတို့ တစစ ပေါ်ထွန်းကာ အပြန်အလှန်နှောင်ဖွဲ့သော မေတ္တာရေးကိစ္စကြုံတွေ့မည်။ ယခင်ကာလများတွင် အချစ်ကံခေသူများပင်လျှင် လွန်စွာဆန်းပွင့်မည်။ ယတြာ - ငှက်နှစ်ကောင် ကြည်နူးစွာ ချစ်ကြည်မွေ့နေသော ဓာတ်ပုံ သို့မဟုတ် ပိုစတာကို မိမိအနီးအပါးတွင်ထားရှိပါ။


ကန်ရာသီ (Virgo)
သြဂုတ် ၂၄ မှ စက်တင်ဘာ ၂၂

ပတ်ဝန်းကျင်စကားများနားဝင်ကာ ရှေ့ဆက်တိုးရန် မဝံ့မရဲ ဖြစ်နေသလို ချစ်ခြင်းမေတ္တာစေ့ဆော်မှုကြောင့် နောက်ဆုတ်ခြင်းမပြုနိုင်။ မလူးသာမလွန့်သာ အခြေအနေကိုရောက်နေသည်။ ချစ်သူ၏ ပစ္စုပန် အခြေအနေသည် လည်းအားမလိုအားမရ။ အားကိုးအားထားပြုလောက်သောအနေအထားမရှိ။ အတိတ်ကာလဖြစ်ခဲ့ဖူးသည့် လေးနက်သည့်အကြောင်းအရာတို့ကိုလည်း ဖုံးတစ်ဝက်၊ လှစ်ဟတစ်ချက်နှင့် ခက်ခဲသောအနေအထားသို့ ရောက်နေသည်။ အရေးပါသောဆုံးဖြတ်ချက်များ ချမှတ်ရမည်။ ရှိရင်းစွဲအနေအထားကို ထိန်း၍ ချစ်သူ၏အနာဂတ် ကိုတွက်စစ်ရန်သာဖြစ်သည်။ ယတြာ - မိမိသုံးစွဲသော သော့ချိတ်တွင် အသံမြည်သော ခေါင်းလောင်း ၂ လုံးကိုချိတ်ဆွဲပါ။


တူရာသီ (Libra)
စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂

ဘဝချင်းမတူ ခြားနားသည့် လူသားလုလင်နှင့် ရေသူမ မိန်းမပျိုတို့၏ ကြည်နူးဆွတ်ပျံ့ဖွယ် ပုံနိမိတ်သည် အချစ်ရေး မေတ္တာရေး ကံကောင်းမည်။ နှစ်ဦး အကြားမတူ ခြားနားသည် ဟူ၍မရှိ။ အပြန်အလှန် မေတ္တာသက်ဝင်၍ ပျော်ရွှင်ဖွယ်နေ့ရက်များကို ဖြတ်သန်းရမည်။ ဘဝအခြေအနေ မတူသူတို့ ဆုံဆည်းမည်။ တစ်ဦးနှင့်တစ်ဦး နှလုံးသားမှ ပေါ်ထွန်းသော သံယောဇဉ် အနှောင်အဖွဲ့တို့သည် ခိုင်မြဲလေးနက်သော အနေအထားရှိသည်။ ပျိုရွယ်နုနယ်သူတို့၏ အချစ်ရေးကံစန်းပွင့်ခြင်းသာမက အရွယ်ရောက် ၊အရွယ်လွန် ၊အရွယ်ကျော် ၊အရွယ်ကြီး ၊ အရွယ်နှောင်း အလုံးစုံသော သူတို့၏ အထီးကျန်ဘဝကို ပေါင်းစည်း အဖော်ပြုနိုင် သောမေတ္တာကံ ပေါ်ထွန်းသည်။ ယတြာ - နေဝင်တိမ်တောက်ချိန် အနောက်ဘက်သို့မျက်နှာမူကာ ဓာတ်ပုံရိုက်ပြီး သတ္တုဘောင် ထည့်၍ မိမိအနီးအပါးထားရှိပါ။


ဗြိစ္ဆာရာသီ (Scorpio)
အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂

ကပြောင်းကပြန်၊ ကစဉ့်ကလျား စိတ်လှုပ်ရှားစရာများ ဖြစ်ပေါ်မည်။ လက်ပြန်ကြိုးတုပ်၊ မျက်လုံးကို အဝတ်ဖြင့်စည်းနှောင်ကာ တန်းလန်းချိတ်ဆွဲခံထားရသောသူတစ်ဦး နှင့် အလားတူ ချစ်ခြင်း မေတ္တာအပေါ် သံယောဇဉ်နှောင်ဖွဲ့ခြင်းကြောင့် ဖြစ်ပေါ်သော ပြဿနာ ပဋ္ဋိပက္ခနှင့် ချစ်တတ်သောသော နှလုံးသားအပေါ် အပြစ်ပေးအရေးယူခံရသော အခြေအနေကျရောက်သည်။ ချစ်သူနှင့် မြင်တွေ့ခွင့်မပြု ဆက်သွယ်ခွင့်မပြုသည်အပြင် ရှိရင်းစွဲ အချစ်ဘဝအား လုံးရပ်တန့်ကာ ဖိအားပေးမှုကို ခံယူရမည်။ မိမိအပေါ် အနှောင့် အယှက်ပေးသောသူများနှင့်လည်းတွေ့မည်။ မဆက်ဆံသင့်သောသူအားဆက်ဆံသည်။ ယတြာ - ကမာခွံအတွင်း ကျောက်ရိုင်းတုံးနှင့် ခရုခွံတို့ကိုထည့်၍ မိမိ အနီးအပါး အမြင့်တစ်နေရာတွင် ထားရှိပါ။ ထူးခြားစွာ မေတ္တာစန်းကောင်းမည်။


ဓနုရာသီ (Sagittarius)
နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁

အချိန်ကိုစောင့်စား၍ အချစ်ကိုစုစည်းကာ ပျော်ရွှင်ဖွယ်အနာဂတ်ကို စောင့်ဆိုင်းသင့်သည်။ ယခုပေါ်ပေါက်နေသော အခြေအနေနှင့် အနေအထားအလုံးစုံသည်မှားယွင်းသော သံယောဇဉ် နှောင်ဖွဲ့မှုများ အနေအထားသာရှိ၏။ နှလုံးသားချင်း အပေးအယူလိုက်ဖက်ညီသောသူကို မတွေ့နိုင်သေး။ အချစ်မှား၊ ဆုံးဖြတ်ချက်မှားနိုင်သည်။ နဂို ချစ်သူရှိသူများပင်လျှင် ဤကာလအတွင်း အချစ်ရေးရာပြဿနာများ ဖြေရှင်းရမည်။ အပြန်အလှန်စကားများမည်။ အထင်မှားခံရခြင်းနှင့် စွပ်စွဲခံရခြင်းများကြုံမည်။ နှစ်ဦးအကြား အနှောင့်အယှက်များ ဝင်ခြင်းနှင့်ချစ်သူ စိတ်သဘောထားအပြောင်းအလဲများဖြစ်ကာ ကိုယ့်အပေါ်စိမ်းကားမည်။ ယတြာ - အရှေ့နေထွက်ရာအရပ်ကို မျက်နှာမှု၍ ဓာတ်ပုံရိုက်ပြီး ၎င်းပုံကို သတ္ထု ဘောင်နှင့်ထည့်ကာ မိမိ အနီးအပါးထားရှိပါ။


မကာရရာသီ (Capricorn)
ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉

မေတ္တာရေးကံကောင်းမည်။ ရေရှည်တည်မြဲသော အချစ်မေတ္တာနှင့် အေးချမ်းသော ဘဝကို ဦးတည်သောအခါကောင်းကျရောက်သည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ ငြိမ်းချမ်းသောဘ၀ အခြေအနေကို အချစ်မေတ္တာနှင့် ဖန်တီးနိုင်မည်။ ချစ်သူမရှိသူ ချစ်သူရလိမ့်မည်။ ချစ်သူရှိသူများသည်ကား နှစ်ဦးအကြားဖြစ်ပေါ်နေသော ပြဿနာများ ငြိမ်းချမ်းခြင်းရေရှည်တည်မြဲမည်။ အချစ်မေတ္တာရေး ကံကောင်းခြင်းရှိမည်။ အလုပ်တိုးတက်ခြင်း၊ ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်စတင်နိုင်ခြင်းကိုလည်း ကြုံပေရာ စုတ်ရောလာဘ်ပါ တစ်ပြိုင်နက်တည်း ကောင်းကျိုးပေးမည်။ ပတ်ဝန်းကျင်အသစ်မှသူနှင့် မေတ္တာမျှမည်။ ယတြာ - ပုလဲတစ်လုံးနှင့် သံလိုက်တစ်တုံးကို ပလတ်စတစ်အိတ်တွင်ထည့်၍ဆောင်ပါ။


ကုမ်ရာသီ (Aquarius)
ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၈

တစ်ဦးတစ်ယောက်ကို ပြတ်သားစွာ ရွေးချယ်ရမည်။ မှန်ကန်သောဆုံးဖြတ်ချက်ချမှတ်နိုင်မည်။ အတွေးအခေါ်နှင့် စိတ်ကူးဆုံးဖြတ်ချက်များ မှန်ကန်မည်။ ယခင်ဆုံးဖြတ်ထားသည့် ကိစ္စအပေါ်ပြန်လည်သုံးသပ်သင့်သည်။ ဖြစ်ပေါ်နေသော အပြောင်းအလဲများနှင့် လိုက်လျောညီထွေစွာ ဘ၀ အခြေအနေမှန်ကို လိုက်ဖက်ညီသော သူအား ရွေးချယ်ဆုံးဖြတ်ရန် အခါသင့်သည်။ ခရီးသွား၍ အကျိုးရှိမည်။ လူမျိုးကွဲ၊ လူမျိုးခြားများ အကျိုးပေးမည်။ နေအိမ်နေရာ အလုပ်ဝန်းကျင်သို့ အသစ်ပြောင်းလာသောသူများနှင့် မေတ္တာရေးကိစ္စ စန်းပွင့်ခြင်းများကြုံမည်။ ယတြာ - အဖြူရောင်နှင်းဆီပန်းတစ်ပွင့်နှင့် အနီရောင် နှင်းဆီတစ်ပွင့်တို့ကို ဖန်ခွက်အတွင်းရေထည့်၍ ထိုးကာ မိမိအနီးအပါး အမြင့်တွင်တင်ပါ။


မိန်ရာသီ (Pieces)
ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀

မေတ္တာကြယ် အလင်းတန်းနှင့် ရှင်သန်ထမြောက်စေသော ပုံနိမိတ်အရ အချစ်မေတ္တာရေး အဖြာဖြာတွင် အဆိုးအညံ့ကင်းစင်မည်။ နာကျည်းလွမ်းမောဖွယ်ရာ ခံစားချက်များနှင့် ရင့်ရော်ကြွေလုဆဲ နှလုံးသားတွင် အချစ်နတ်ဒေဝါ၏ ဖန်ဆင်းစေစားမှုဖြင့် ပျိုမြစ်နုနယ်သော အချစ်သစ်ပြန်လည်ပေါက်ဖွားမည်။ အသက်အရွယ်ကြီးရင့်သူများ အတိတ်ကာလကံခေခဲ့၍ ဖြေမဆည်နိုင်လောက်အောင် ဖြစ်နေသူများအတွက် အချစ်သစ်ပေါ်ပေါက်မည်။ ပျိုရွယ်သူများနှင့် မေတ္တာမျှမည်။ ချစ်သူရှိပြီးသူများတွင် အချစ်ဟောင်းနှင့်ယှဉ်၍ အချစ်သစ်ကို တစ်ပြိုင်နက်တည်းကြုံမည်။ အလုပ်အခြေအနေနှင့် ဘဝအနေအထားများတိုးတက်မည်။ ယတြာ - လှပသော စဉ်ရည်သုတ်ပန်းစိုက်အိုး အတွင်း ပန်းအိပန်းပင်ကိုထည့်၍ မိမိဝန်းကျင်တွင်ထား၍ ရွှေရည် ငွေရည်လောင်းပါ။

Horoscope

ဆရာစံဇာဏီဘိုရဲ့ အချစ်ဗေဒင်ဟောစာတမ်းများ

ဝါကျွတ်မှာ အချစ်ရေးစန်းပွင့်စေဖို့...

by May Shoon

October 1, 2019

မိဿရာသီ (Aries)
မတ် ၂၁ မှ ဧပြီ ၂၀

အချစ်ကြောင့်ရူးရသည်ဟူသော အချစ်အရူးအမူး ရင်မောခြင်း၊ လွမ်းဆွတ်တမ်းတခြင်းကို လည်းကောင်း၊ ပျော်ရွှင်ရခြင်းများသည်လည်းကောင်း၊ ဤကာလတွင် ဖြစ်ပေါ်ရပေလိမ့်မည်။ တားဆီးနေသည်များကို ဖျောင်းဖျ၍မရသလို ရှေ့တိုးခြင်းပြုပေလိမ့်မည်။ အကောင်းအဆိုးတွက်ဆ၍မရသော အနာဂတ်ကမ္ဘာအမှောင်တိုက်အတွင်းသို့ ဇွတ်ဝင်ရောက်နေမည်။ စောင့်ထိန်းရမည့် ကျင့်ဝတ်အကြောင်းတရားအလုံးစုံကို ဥပေက္ခာပြု၍ အချစ်အတွက် အရာရာကို ရင်ဆိုင်ပြီး သည်းသည်းလှုပ်ခံစားလိုစိတ်များ တဖွားဖွားပေါ်ပေါက်နေမည်။ ကမူးရူးထိုးဆောင်ရွက်သော်လည်း အမှားဘက်ကို ဦးတည်ခြင်းမရှိဘဲ မိတ်ဆွေကောင်းတို့၏ အကူအညီကြောင့် ထူးခြားစွာအဆင်ပြေခြင်းရှိမည်။ ယတြာ - တနလာၤနေ့များတွင် နေထွက်ရာအရပ်ကို မျက်နှာမူ၍ ခေါင်းဆီလိမ်းပါ။

 

ပြိဿရာသီ (Taurus)
ဧပြီ ၂၁ မှ မေ ၂၁

ဆက်ဆံရသော ဝန်းကျင်အတွင်း အပြောင်းအလဲများဖြစ်ပေါ်လာမည်။ အချစ်ရေး၊ မေတ္တာရေးတွင်လည်း လူမျိုးဘာသာကွဲပြားသူများနှင့် မေတ္တာမျှတတ်သည်။ ခရီးကိစ္စနှင့်အချစ်ရေး ပေါင်းစပ်ဖြစ်ပေါ်မည်။ အရပ်တစ်ပါး၊ နိုင်ငံရပ်ခြားမှသူနှင့် မေတ္တာရေးကိစ္စပေါ်ထွန်းမည်။ ခရီးတစ်ခုသွားစဉ်တွေ့ခဲ့သောသူနှင့် မမျှော်လင့်ဘဲ ပြန်လည်ဆုံစည်းကာ အပြန်အလှန်မေတ္တာမျှမည်။ အပျိုကြီး၊ လူပျိုကြီးများအဖို့ အလုပ်နေရာသို့ အသစ်ပြောင်းလာသောသူနှင့် ရင်ခုန်ဖွယ်ရာမေတ္တာရေးဇာတ်လမ်းများ ဖြစ်ပေါ်မည်။ ရှေ့တိုး၍ ပေါင်းစည်းရန်ခက်ခဲသူနှင့် မေတ္တာရေးကိစ္စပေါ်ပေါက်မည်။ အပြန်အလှန်စကားပြောရင်း ချစ်သူနှစ်ဦးကြား အကျီစားလွန်၍ စိတ်အနှောင့်အယှက်ဖြစ်ရမည်။ ပြသနာဖြစ်က ပြန်လည်သင့်မြတ်ရန် လွန်စွာခက်မည်။ ယတြာ - ထိကရုန်းပွင့်ကို ဗလာစာအုပ်တွင်ညှပ်၍ ဆောင်ပါ။ မေတ္တာရေးကံကောင်းမည်။

 

မေထုန်ရာသီ (Gemini)
မေ ၂၂ မှ ဇွန် ၂၁

ယခင်အတိတ်နှင့်မတူသော အပြောင်းအလဲများအပေါ်တွင် ဖြစ်ပေါ်လာသော ခံစားချက်တို့ကို အခြေတည်၍ မေတ္တာလမ်းကြောင်းသစ်များပေါ်ထွန်းမည်။ မတူညီသောဘဝတို့ကို ဆက်စပ်မိအောင် ဆောင်ရွက်ရခြင်းရှိမည်။ ဘေးစကား သွေးသားအနှောင့်အယှက်များကြောင့် တွေဝေဒွိဟဖြစ်နေသော ချစ်သူအပေါ် မေတ္တာရှိလျှက် ကျောခိုင်းရခြင်းကြုံမည်။ ယခင်အတိတ်ကာလရှည်ကြာ ၅၂၈အသွင် မေတ္တာနှင့် ချစ်ခြင်းအပေါ် ၁၅၀၀ မေတ္တာကလွှမ်းမိုးသည့် အချစ်အကြောင်းအရာသစ်များ ပေါ်ထွန်းမည်။ နှလုံးသား၏ စေစားမှုအပေါ် အလေးထားကာ အချစ်ကိစ္စတို့ကို ဖြေရှင်းကိုင်တွယ်ပါ။ နီးရက်နှင့်ဝေးနေသောအချစ်ဒုက္ခများမှ ကင်းဝေးစေသော အခြေအနေကောင်းကို ရရှိမည်။ ချစ်သူဟောင်းနှင့် ပြန်တွေ့မည်။ ယတြာ - သံလိုက်တုံးတစ်တုံးအား ရွှေရောင်စက္ကူနှင့်ပတ်ကာ မိမိဓာတ်ပုံနှင့်အတူတွဲ၍ သဘက်နှင့်ပတ်ကာ ၅ရက်ကြာတွင်ဆောင်ပါ။

 

ကရကဋ်ရာသီ (Cancer)
ဇွန် ၂၂ မှ ဇူလိုင် ၂၂

ထိတွေ့နေသော ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကြောင့် အချစ်နှင့်မေတ္တာရေးခံယူချက်အသွင်ပြောင်းကာ ဘဝဦးတည်ချက်ပြောင်းလဲခြင်းများ ဖြစ်ပေါ်မည်။ လူမျိုးကွဲ၊ ဘာသာကွဲများနှင့် မေတ္တာမျှမည်။ အရပ်ဝေးရောက်နေသော သံယောဇဉ်ဟောင်းများနှင့် ပြန်လည်ချိတ်ဆက်ရမည်။ ကိုယ်တိုင်တွင်လည်းကောင်း၊ သံယောဇဉ်ရှိသူတွင်လည်းကောင်း အတိတ်ကာလမှဖြစ်ပေါ်သော ပြသနာများကို အသစ်သဖွယ်ပြန်လည်ရင်ဆိုင်ရကိန်းရှိသည်။ ချစ်သူနှင့်ခေတ္တယာယီခွဲနေရမည်။ အခန့်မသင့်က လမ်းခွဲရသည်အထိ ဖြစ်တတ်သည်။ ချစ်သူကမိမိအပေါ်စိတ်ငြိုငြင်ခြင်းရှိမည်။ ယတြာ - ဖဲကြိုးနီတစ်စအား အထုံး၆ထုံး ထုံး၍ ရေမွှေးပက်ဖြန်းကာ ပိုက်ဆံအိတ် သို့မဟုတ် လွယ်အိတ်တွင် ဆောင်ယူပါ။

 

သိဟ်ရာသီ (Leo)
ဇူလိုင် ၂၃ မှ သြဂုတ် ၂၃

အေးချမ်းပျော်ရွှင်ဖွယ် မေတ္တာရေးကံဖြစ်ထွန်းမည်။ ဘဝရည်ရွယ်ချက် အောင်မြင်မှုများရှိမည်။ မှန်ကန်သောဆုံးဖြတ်ချက်နှင့် တည်ငြိမ်သောအချစ် ဖြစ်ပေါ်အကျိုးပေးမည်။ မှန်ကန်သောချစ်သူ၏ အကူအညီအထောက်အပံ့များကောင်းစွာရရှိမည်။ အထီးကျန်သူများအဖို့ ဖူးစာရှင်နှင့်တွေ့မည်။ သို့ရာတွင် ယာယီပဋိပက္ခဖြစ်နေဆဲချစ်သူမှ တခြားသူတစ်ဦးနှင့်တွဲပြကာ ကိုယ့်အပေါ်ရင်နာအောင်ပြုခြင်းများကြုံမည်။ အသက် ၃၀ အထက်လူလွတ်များအဖို့ အတိတ်ဘဝအချစ်ရေးအညံ့အလုံးစုံကင်းစင်ပြီး လွန်စွာအေးချမ်း၍ ဘဝတစ်သက်တာလက်တွဲနိုင်သော မေတ္တာစစ်နှင့်ကြုံပေအံ့။ အပျိုကြီး၊ လူပျိုကြီးများလွန်စွာ စန်းပွင့်၍ မေတ္တာရေးကံကောင်းခြင်းများ ဖြစ်မည်။ ယတြာ - မိမိသုံးစွဲသောခေါင်းလိမ်းဆီတွင် ပုလဲတစ်လုံးကိုထည့်၍ထားပါ။

 

ကန်ရာသီ (Virgo)
သြဂုတ် ၂၄ မှ စက်တင်ဘာ ၂၂

ကံကြမ္မာစက်ဝန်းတစ်ပတ်လည်၍ ချစ်ခြင်းမေတ္တာရေးရာကိစ္စတွင် ထူးခြားသောအပြောင်းအလဲနှင့် စိတ်ချမ်းမြေ့စရာများရှိလာမည်။ အတိတ်ကာလ မိမိအပေါ်အနှောင့်အယှက်ပေးခဲ့သူအား တုံ့ပြန်ကလဲ့စားချေရန် အခွင့်အလမ်းပေါ်မည်။ မိမိအားမတူမတန်သယောင်နှင့် ချိုးနှိမ်ဆက်ဆံခဲ့သောသူတို့အား အပေါ်စီးမှ ပြန်လည်တုံ့ပြန်ရန် အခြေအနေပေါ်ပေါက်မည်။ ဘဝသစ်၊ ပတ်ဝန်းကျင်သစ်တစ်ခုသို့ ဦးတည်ကာ မြင့်မြတ်တည်ငြိမ်မှုရှိသောအချစ်နှင့် အိမ်ထောင်ကံအခွင့်အလမ်းတို့ကို ရရှိမည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်သာ မေတ္တာရေး၊ အိမ်ထောင်ရေးကိစ္စများကို အလေးအနက်ထား၍ ရှေ့တိုးဆောင်ရွက်သင့်သည်။ တစ်ပါးသူတို့၏စကားကို ယုံစားခြင်းဌာ မသင့်။ နှလုံးသားမှ ပြတ်သားစွာ ဆုံးဖြတ်ပါ။ ယတြာ - ရေကန်အတွင်း ကြာပန်းပွင့်နေသည့် ပိုစတာ သို့မဟုတ် ပန်းချီကို ဓာတ်ပုံဘောင်အတွင်းထား၍ ချိတ်ဆွဲပါ။

 

တူရာသီ (Libra)
စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၃

ဝေခွဲရန်ခက်ခဲလောက်အောင် နှလုံးသားအတွင်းသို့ အပြေးအလွှားဝင်ရောက်လာနေသော သံယောဇဉ်နှောင်ဖွဲ့မှုများ ရှိနေမည်။ အနီးမှသူကိုမမြင်။ အဝေးမှသူအားလှမ်း၍ ချစ်သူအဖြစ်ရွေးချယ်၍ ချစ်မေတ္တာတုံ့ပြန်မှုရှိလိမ့်မည်။ မေတ္တာစန်းကောင်းလင့်ကစား သဝန်ကြောင်သောချစ်သူနှင့် ဘေးစကားသွေးသား အနှောင့်အယှက်တို့ကို ရင်ဆိုင်ကြုံတွေ့ရမည်။ လူမျိုးကွဲ၊ ဘာသာကွဲနှင့် မေတ္တာမျှသူများအဖို့ နှစ်ဦးအကြားတည်ရှိနေသော အချစ်အနေအထားကောင်းမွန်ပြည့်စုံ၍ ပျက်ယွင်းခြင်းမရှိ။ ဆေးရုံဆေးခန်းသို့ သွားရောက် ကူညီပေးရမည်။ မေတ္တာရေး၊ စန်းပွင့်ခြင်းများ ကြုံတွေ့ရမည်။ ဝေးလံသောအရပ်မှ စိတ်ချမ်းမြေ့ဖွယ်ရာသတင်းစကားများ ကြားသိရမည်။ ယတြာ - ငွေရောင်ခေါင်းလောင်းနှင့် ရွှေရောင်ခေါင်းလောင်းတစ်ခုစီကို ရွှေရောင်ကြိုးနှင့်ချည်ကာ မိမိအနီးအပါးတွင် ချိတ်ဆွဲပါ။

 

ဗြိစ္ဆာရာသီ (Scorpio)
အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂

အနှောင့်အယှက်များသော ကာလဖြစ်သည်။ ရန်အပြိုင်အဆိုင်များ အတိုက်အခံများ ဝန်းရံနေမည်။ အလုပ်ကိစ္စတွင်လည်းကောင်း၊ မိသားစုဝန်းကျင်တွင်လည်းကောင်း ပဋိပက္ခများရှိနေရာမှ အချစ်မေတ္တာရေးရာ မေတ္တာရေးအဖျက်အနှောင့်အယှက်များအထိ ရိုက်ခတ်ပြီး စိတ်ညစ်ရမည်။ နာမည်သိက္ခာထိခိုက်အောက် စွပ်စွဲဖျက်ဆီး၍ လုပ်ဇာတ်ထွင်ကာ ကြံဖန်ထိခိုက်အောက်ပြုသူများနှင့်လည်း ကြုံတွေ့ရမည်။ အတိတ်ကာလမှ ပြသနာဟောင်းများကိုလည်း ဖြေရှင်းရခြင်းကြုံမည်။ စိတ်ဝင်စားခြင်းမရှိသောသူများ၏ မေတ္တာရေးများလည်း ကြုံတွေ့ရမည်။ တစ်ဦးနှင့်တစ်ဦး အထင်အမြင်လွဲမှားစေရန် လိုက်လံတိုက်ခိုက်နေသူများကို နှစ်ဦးသားတည်ငြိမ်မှုရှိရန်လိုအပ်သည်။ ယတြာ - ဖယောင်းတိုင်အနီတစ်တိုင်နှင့် အဝါတစ်တိုင်ကို အပြာရောင်ဖဲကြိုးနှင့်တွဲချည်ကာ မိမိအဝတ်ဗီရိုတွင်ထားရှိပါ။

 

ဓနုရာသီ (Sagittarius)
နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁

ဆက်စပ်နေသောဝန်းကျင်တွင် ကိုယ့်အပေါ်စိတ်ဝင်စားသူများ၊ လိုလားသူများအကြား ရေပန်းစားနေမည်။ အလုပ်ကိစ္စများ၊ ဘဝရေးရာတိုးတက်မှုများအတွက် အချစ်ရေး၊ မေတ္တာရေးကိစ္စများအပေါ် ဦးစားမပေးသည့်ကြားမှပင် စန်းပွင့်ခြင်းကို ကြုံမည်။ အိမ်ထဲကအိမ်အပြင်မထွက်၊ ပတ်ဝန်းကျင်နှင့် အဆက်ပြတ်နေသော ပင်တိုင်စံများပင်လျှင် ထူးခြားသောမေတ္တာစန်းပွင့်မည်။ မိဘ မိသားစုများနှင့် ဆက်စပ်၍ လက်ထပ်ခြင်း၊ စေ့စပ်ခြင်းအထိကြုံမည်။ ချစ်သူရှိပြီးသော သူများအဖို့အထူးသတိရှိရမည်။ စန်းပွင့်မှုလွန်ကဲသော တစ်ဦးထက်ပိုသော အချစ်ရေးကိစ္စများကြုံတွေ့ရလိမ့်မည်။ သမာရိုးကျသံယောဇဉ်နှောင်ဖွဲ့မှုမှသည် အချစ်မေတ္တာအရှိန်တိုးပွားကာ ၅၂၈ မှ ၁၅၀၀ မေတ္တာသို့ ကူးပြောင်းသော အချစ်ရေးကိစ္စကြုံမည်။ ယတြာ - အဖြူကြွေပန်းအိုးအတွင်း နှင်းဆီအနီပွင့်ထိုးပါ။ အနီရောင်ပန်းအိုးအတွင်း နှင်းဆီအဖြူကိုထိုးပါ။ ၎င်းပန်း ၂ပွင့်ကို ယှဉ်တွဲထားရှိပါ။

 

မကာရရာသီ (Capricorn)
ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၂၀

အချစ်မေတ္တာရေးရာနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို မိမိကိုယ်တိုင်ချမှတ်ရမည်။ ဝေးကွာနေသောသူ၊ ခေတ္တခွဲခွာရသူအပေါ် သစ္စာယိုယွင်းမှုမရှိဘဲ နှစ်နှစ်ကာကာမေတ္တာအဟုန်ပြင်းစွာနှင့် ကြားလူဖျက်၍ မပြတ်တမ်းဖြစ်မည်။ မာယာအကျဉ်းစခန်းတွင် နှောင်ဖွဲ့ခံထားရသူတို့ လွတ်လပ်အေးချမ်းသောအချစ်ကို ကြုံတွေ့မည်။ အစစအရာရာအပေါ် အချိန်ယူစဉ်းစားလေ့လာပြီး ဆုံးဖြတ်ထားသောအချစ်ရေးတို့သည် မှန်းထားသည့်အတိုင်းဖြစ်မလာဘဲ ကစဉ့်ကလျားဖြစ်မည်။ ငွေကြေးဂုဏ်ဒြပ်အသိုင်းအဝိုင်းအခြေအနေပေါ် တွက်ဆမှုမရှိဘဲ ချစ်ခြင်းမေတ္တာကိုသာ အဓိကထား၍ဆုံးဖြတ်ဆောင်ရွက်မှုမှန်သမျှ ချမ်းမြေ့ဖွယ်အကျိူးဆက်များ ရရှိမည်။ ယတြာ - အသည်းနှလုံးပုံပါဝင်သည့် ကီးချိန်းတွင် သော့ ၃ချောင်းကို ချိတ်ဆွဲ၍ မိမိနှင့်အတူထားရှိပါ။

 

ကုမ်ရာသီ (Aquarius)
ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၈

အခက်အခဲများ ဝန်းရံနေသည်။ အနှောင့်အယှက်များကြားမှ ဖြတ်သန်းနေရသည်။ ချုပ်ချယ်မှု၊ ပိတ်ပင်မှုများကြားမှ အချစ်ရေးကိစ္စကို ဆောင်ရွက်ရသောအနေအထားရှိသည်။ ဦးတည်ရာလမ်းကြောင်းတိုင်းတွင် အနှောင့်အယှက်ရှိမည်။ ကိုယ့်အပေါ်ချုပ်ချယ်လွှမ်းမိုးသော သူများနှင့် တွေ့ရမည်။ ကတိစကားထားခြင်းအပေါ် တည်တံ့အောင်ထိန်းသိမ်းသည့်ကြားမှ အရာရာအပေါ်ထိန်းချုပ်ရသော အနေအထားရှိသည်။ ဆုံတွေ့နိုင်စွမ်းမရှိသည့်သူနှင့် မေတ္တာရေးကိစ္စကြုံမည်။ ပေါင်းစပ်ရန်ခက်ခဲသော မေတ္တာရေးများနှင့် ကြုံတွေ့ရမည်။ မေတ္တာရေးအကြောင်းအရာတို့သည် ထက်ရှသော ဓားသွားများကြားမှ ချစ်ခြင်းမေတ္တာဖြစ်သည်။ စွန့်စား၍ချစ်ရခြင်း၊ နှစ်ဦးကြားအပြိုင်အဆိုင်အတိုက်အခံများနှင့် ထိပ်တိုက်တွေ့ရခြင်းရှိမည်။ ယတြာ - ကြေးဖလားအတွင်း ခရေပွင့် ၃၇ပွင့်ကိုထည့်၍ တစ်ညတာမိမိအနီးအပါးထားရှိပါ။ ၎င်းပန်းကိုသီ၍ဆောင်ထားပါ။

 

မိန်ရာသီ (Pieces)
ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀

ပျံ့လွင့်နေသောချစ်ခြင်းနှင့် လှုပ်ရှားနေသောနှလုံးသားတို့မှ အချစ်စစ်ကိုရှာဖွေတွေ့ရှိမည်။ တားဆီးနှောင့်ယှက်ခံနေသော အခက်အခဲအားလုံးကို ရင်ဆိုင်ကျော်လွှား၍ စိတ်ချမ်းမြေ့ရမည်။ အပျိုကြီး၊ လူပျိုကြီးများ အရပ်ဝေးတိုင်းတစ်ပါးမှ အလည်အပတ်ရောက်ရှိလာသောသူနှင့် မေတ္တာရေးကိစ္စပေါ်ထွန်းမည်။ မမျှော်လင့်ဘဲခရီးသွားရာမှ လမ်းခရီးဖော်တစ်ဦးနှင့် မိတ်ဆွေဖြစ်ရာ တစစ ချစ်သူအဖြစ်သို့ရောက်ရှိနိုင်သည်။ တယ်လီဖုန်း၊ အင်တာနက်မှဆက်သွယ်နီးစပ်ပြီး တစ်ဦးနှင့်တစ်ဦး ပြင်ပတွင်မတွေ့ဆုံဖူးသောသူနှင့် ဆုံတွေ့မည်။ မိသားစုဝန်းကျင်မှလက်မခံနိုင်သောသူနှင့် မေတ္တာမျှမည်။ ယတြာ - မိမိအခန်း၏အနောက်အရပ် အမြင့်တွင် သတ္တုပန်းအိုးအတွင်း ပန်းအဖြူ ၅ပွင့်ထိုး၍ တင်ထားပါ။


Horoscope

ဆရာစံဇာဏီဘိုရဲ့ အချစ်ဗေဒင်ဟောစာတမ်းများ

စက်တင်ဘာမှ အချစ်ရေးကံကောင်းအောင် ဘာတွေလုပ်သင့်လဲ

by May Shoon

September 1, 2019

မိဿရာသီ (Aries)
မတ်၂၁ မှ ဧပြီ၂၀

ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ရည်ရွယ်ချက်တို့ကို အကောင်အထည်ဖော်နိုင်သကဲ့သို့အချစ်ရေးတွင်စစ်မှန်သော လမ်းကြောင်းနှင့်စိတ်ချမ်းမြေ့မှုများရရှိမည်။တည်ငြိမ်ငြိမ်းချမ်းသော အနေအထားတို့ကို ဖန်တီး၍အောင်မြင်တိုးတတ်သော ခြေအနေသို့ရောက်ရှိလာသည်နှင့် အညီအချစ်မေတ္တာအပေါ်ထားရှိသော အမြင်နှင့်အသွေးအခေါ်တို့အပြောင်းအလဲများရှိနေမည်။နှစ်သက်မြတ်နိုးသူများဝန်းရံနေသည်။ခိုင်မာသောဆုံးဖြတ်ချက်များချမှတ်နိုင်မည်။အချစ်ရေးတွင်အပြောင်းအလဲများဖြစ်ပေါ်မည်။ဘဝအတွက်အမှန်တကယ်ဘက်ညီသောချစ်သူကိုလည်းတွေ့မည်။ ယတြာ - ကြွေပန်းအိုးအဖြူအတွင်းသစ်ခွ အဝါကိုထိုး၍မိမိအနီးအပါးတွင်ထားရှိပါ။မေတ္တာရေးကံပွင့်မည်။

 

ပြိဿရာသီ (Taurus)
ဧပြီ ၂၁ မှ မေ၂၁

အရှုပ်အထွေးများ၊ပဋိပက္ခများလွှမ်းမိုးနေသည်။ဆုံးဖြတ်ချက်မှားယွင်းတတ်သည်။ရင်းနှီးသောသူများနှင့်စကားများရတတ်သည်။ဝေဖန်နှောင့်ယှက်သူများရှိနေသည်။အချိန်ယူစနစ်တကျစီစဉ်ထားသည်များတစ်ခုမှဖြစ်မလာ။တည်မြဲမှုမရှိသောယာယီ အချစ်ရေးကိစ္စများပေါ်ထွန်းနေမည်။အများမှဆိုးသူတစ်ယောက်ဟူ၍သတ်မှတ်ထားသည့်သူအပေါ်စိတ်ညွှတ်မေတ္တာထားအချစ်မှားခြင်းများဖြစ်တတ်သည်။မှားမှန်းသိလျှက်ဇွတ်ရှေ့တိုးသောအချစ်စိတ်ရိုင်းဝင်တတ်သည်။အနှောက်အယှက်ပေးသူများရှိနေမည်။ ယတြာ - ဆံပင်ပုံစံမှအစ ဆင်ယင်ထုံးဖွဲ့မှုဟန်ပန်ကိုပြုပြင်ပြောင်းလဲခြင်းပြုပါ။မျက်နှာပွင့်လန်းမည်။

 

မေထုန်ရာသီ (Gemini)
မေ၂၂ မှ ဇွန်၂၁

ကိုယ့်အပေါ်နားလည်မှုအပြည့်အဝရှိ၍ရေ ရှည်ခိုင်မြဲသောမေတ္တာဖြစ်တည်မှုရှိမည်။အချစ်ရေးကိစ္စနှင့်အလှမ်းဝေးနေသောအရွယ်လွန်လူလွတ်များပင်လျှင်လွန်စွာစန်းပွင့်လိမ့်မည်။ရုတ်တရက်ပေါ်ပေါက်သောမေတ္တာရေးအခက်အခဲမှန်သမျှကင်းဝေးမည်။ယခင်ဆက်တိုက်ဖြစ်နေသောပြဿနာမှန်သမျှလွတ်ကင်း၍စိတ်ချမ်းမြေ့စရာများဖြစ်ပေါ်မည်။အိမ်ထောင်ရေးနှင့်ပတ်သတ်သောဆုံးဖြတ်ချက်များချမှတ်နိုင်မည်။ ယတြာ - ခရု ၊ကနုကမာ၊ပုလဲစသည့်ပင်လယ်ထွက်ပစ္စည်းတစ်စုံတစ်ရာနှင့်ပြုလုပ်ထားသောအရုပ်တစ်ရုပ်အားမိမိအနီးအပါးထားရှိပါ။ကံကောင်းမည်။

 

ကရကဋ်ရာသီ (Cancer)
ဇွန်၂၂ မှ ဇူလိုင်၂၂

စိတ်အနှောင့်အယှက်ရှိမည်။မနာလိုသူများ၊အပြိုင်အတိုက်အခံများကြားမှဘဝကိုဖြတ်သန်းနေရမည်။အချစ်ရေး၊မေတ္တာရေးတွင်လည်းစိတ်အနှောင့်အယှက်များရှိမည်။ဘေးစကား၊သွေးသားအနှောင့်အယှက်များဝင်မည်။အပေါင်းအသင်း၊မိတ်ဆွေကြောင့်စိတ်အနှောင့်အယှက်များ၊အတိုက်အခံများကြုံတွေ့ရမည်။ချစ်သူကမကြိုက်သောလုပ်ရပ်များမကြာခဏလုပ်မိတတ်သည်။ချစ်သူနှင့်အဆင်မပြေသောသူကိုမှရွေးချယ်ပေါင်းသင်းမိမည်။ပေါ့ပေါ့တန်တန်သဘောထားမှုကြောင့်မေ့လျော့ခြင်းကတိပျက်ယွင်းခြင်းများဖြစ်တတ်သည်။ပေါ့ပေါ့တန်တန်သဘောထားမှုကြောင့်ကတိမတည်သလိုဖြစ်တတ်သည်။လူမှုအရှုပ်အထွေးများရှိမည်။ ယတြာ - အသည်းနှလုံးပုံပါသည့်ရင်ထိုး၊ကီးချိန်းများကိုဝယ်ယူသုံးစွဲပါ။

 

သိဟ်ရာသီ (Leo)
ဇူလိုင်၂၃ မှ သြဂုတ် ၂၃

အချစ်ရေးနှင့်ပတ်သတ်သည့်ထူးခြားသည့်အိမ်မက်များမြင်မက်ပါက မှန်တတ်သည်။ပြင်ပတွင်ဖြစ်ပေါ်လာမည့်ကိစ္စအားလုံးတို့ကို အတိတ်နမိတ်အဖြစ်မြင်မက်ခြင်းရှိမည်။ကာလကြာရှည်စိတ်ကူးယဉ်ထားသော အချစ်စိတ်ကူးများလက်တွေ့အကောင်အထည်ဖော်နိုင်မည်။တစ်ခုသောကာလကအချစ်ဟောင်းတို့ကိုပြီးပြတ်အောင်အဆက်အသွယ်ဖြတ်၍အချစ်သစ်ကိုရှာဖွေတွေ့ရှိရမည်။နီးစပ်မှုကိုအခြေတည်၍ရှေ့ရေးဦးတည်ချက်တူသူတို့နှင့်ပျော်ရွှင်ချမ်းမြေ့စွာမေတ္တာမျှကိန်းရှိနေသည်။အေးချမ်းသောအနာဂါတ်နှင့်ဘဝတိုးတတ်မှုတို့ဆက်လက်၍ဖြစ်ထွန်းမည်။ ယတြာ - အပြာရောင်မျက်နှာသုတ်ပဝါကိုသုံးစွဲပါ။အစိမ်းရောင်ကလစ်မသုံးရပါ။

 

ကန်ရာသီ (Virgo)
သြဂုတ်၂၄ မှ စက်တင်ဘာ၂၂

လိုလားနေသောအချစ်စိတ်ဆန္ဒပြီးမြောက်ပြည့်စုံမည်။အချစ်ကံကောင်း၍ပိတ်ဆို့တားနေသောမေတ္တာရေးအနှောင့်အယှက်များတစ်စစကွယ်ပျောက်သွားမည်။ဝေးကွာနေသောချစ်သူဟောင်းများနျင့်ပြန်လည်ဆုံးစည်းခြင်း၊အေးချမ်းသောမေတ္တာ၏အနှစ်အရသာအကျိုးဆက်တို့ကိုထင်ရှားစွာခံစားရရှိမည်။ကိုယ့်အပေါ်စစ်မှန်သောမေတ္တာရှိသူနှင့်သာမေတ္တာရကိန်းကြုံမည်။အချစ်ရေးကိုစိတ်မဝင်စားသူများ ယခုကာလအတွင်းထူးခြားစွာစန်းပွင့်မည်။ချစ်ရေးဆိုသူ၏နှုတ်ခမ်းတွင်ဖြစ်စေ၊ဂုတ်ပိုးတွင်ဖြစ်စေမှဲ့ပါကစစ်မှန်သောဖူးစာရှင်ဖြစ်မည်။ ယတြာ - သစ္စာပန်းဘုရားတွင်မကြာခဏကပ်လှူပူဇော်ပါ။သစ္စာရှိသူနှင့်တွေ့ကြုံမည်။

 

တူရာသီ (Libra)
စက်တင်ဘာ၂၃ မှ အောက်တိုဘာ၂၃

မိမိဝန်းကျင်တွင်စကားရှုပ်ထွေးသောသူများရှိနေသည်။ဆန့်ကျင်ဘက်ပြုလိုစိတ်များ၊တဇွတ်ထိုးဆောင်ရွက်လိုစိတ်များအလွယ်တကူပေးနေသည်။ဘုဂွ၈လန့်ပြောလိုစိတ်များပေါ်နေမည်။ပြဿနာဟောင်းများပြန်လည်ဖြေရှင်းရတတ်သည်။ချစ်သူဟောင်း၏စိတ်အနှောင့်အယှက်ပေးခြင်းခံရမည်။အသေးစားပြဿနာမှ ကြီးမားသောပြဿနာအသွင်ကိုဆောင်ကာစကားမှားပြောမိခြင်း၊အတ္တမာနများယှဉ်ပြိုင်ခြင်းကိုကြုံကာထာဝရလမ်းခွဲသောအခြေအနေထိကျရောက်နိုင်သည်။မရောက်ဖူးသောအရပ်ဒေသတစ်ခုသို့ခရီးသွားရင်းအချစ်သစ်ပေါ်ပေါက်နိုင်သည်။ ယတြာ -သုံးစွဲနေသည့်လက်ပတ်နာရီကိုဘယ်ညာပြောင်း၍ဝတ်ပါ။

 

ဗြိစ္ဆာရာသီ (Scorpio)
အောက်တိုဘာ၂၄ မှ နိုဝင်ဘာ ၂၂

ချစ်သူအပေါ်နားလည်ခွင့်လွှတ်မှု၏အနှစ်အရသာကိုကိုယ်တိုင်ခံစားရမည်။မိမိနှင့်ချစ်သူအကြားကွာခြားနေသည့်လိုလားမငများဆန္ဒများကိုညှိနှိုင်း၍အဆင်ပြေနိုင်သောကာလဖြစ်သည်။ချစ်သူအပေါ်တွင်မိဘ၊မိသားစုဝန်းကျင် အသိုင်းအဝိုင်းမှလည်းအသိအမှတ်ပြုလက်ခံသည့်အနေအထားကောင်းကိုရရှိမည်။စိတ်အလိုလိုက်၍တစ်ဦးထက်ပိုသောမေတ္တာရေးကိစ္စများထားရှိခြင်းရှောင်ကျဉ်ပါ။စကားကတိကျွံတတ်သည်။အလုပ်ပညာနှင့်ဘဝတိုးတတ်မှုအပေါ်အချိန်ပေးနေရခြင်းကြောင့်ချစ်သူ၏ငြိုငြင်မှုကိုကြုံတွေ့ရမည်။ ယတြာ - ရေမွှေးပုလင်းအားအနီရောင်ဖဲကြိုးနှင်ချည်နှောင်ကာညာဘက်ပုခုံးတွင်မကြာခဏရေမွှေးပတ်ဖြန်းပါ။

 

ဓနုရာသီ (Sagittarius)
နိုဝင်ဘာ၂၃ မှ ဒီဇင်ဘာ ၂၁

အညံ့အဆိုးမှန်သမျှကင်းစင်၍စိတ်ချမ်းမြေ့စရာများဖြစ်ပေါ်မည်။အရာရာအဆင်ပြေသောအနေအထားကောင်းများရှိနေမည်။လွန်စွာစန်းပွင့်မည်။အပြည့်အဝနားလည်မှုရှိသောချစ်သူမျိုးကြုံတွေ့ရမည်။မိမိမှလည်းအမှန်တကယ်နှစ်နှစ်ကာကာဖြင့်ချစ်မြတ်နိုးခြင်းရှိမည်။ချစ်သူမရှိသူများအဖို့ရုတ်တရက်မထင်မှတ်ဘဲအချစ်ရေး၊မေတ္တာရေးကိစ္စဖြစ်ပေါ်မည်။နှစ်ဦးအကြားအပြန်အလှန်စိတ်အခဲမကြေ၊စိတ်ကောက်နေသူများတွင်လည်းအမျိုးသမီးမိတ်ဆွေအကြီးအကဲတစ်ဦးမှကူညီဖြန်ဖြေပေးခြင်းရှိမည်။အပျိုကြီး၊လူပျိုကြီးများတွင်လည်းစေ့စပ်ခြင်း၊အိမ်ထောင်ကျခြင်းအထိကြုံမည်။ ယတြာ - စက္ကူဖြူပေါ်တွင်ဝါရွက်စိမ်း၁ရွက်ကိုကပ်၍မိမိအနီးအပါးအမြင့်တစ်နေရာတွင်ထားရှိပါ။

 

မကာရရာသီ (Capricorn)
ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ၂၀

နှလုံးသားအတွင်းတစ်ပြိုင်နက်တည်းအလုအယက်ဝင်လာသောသံယောဇဉ်နှောင်ဖွဲ့မှုများအပေါ်ဝေခွဲရန်ခက်ခဲနေမည်။တစ်ဦးထက်ပိုသောမေတ္တာရေးကိစ္စများပေါ်ပေါက်နေသည်။ရပ်တန့်ထားခဲ့သောအတိတ်ကာလမှမေတ္တာရေးရာကိစ္စများကိုအသစ်တစ်ဖန်ပြန်လည်စဉ်းစားရမည့်အနေအထားရှိသည်။ရှေ့ဆက်ခြင်းမပြုတော့ဟူ၍ယတိပြတ်ဆုံးဖြတ်ထားသောမေတ္တာရေးရာကိစ္စများပြန်လည်ပေါ်ထွန်းမည်။အချစ်ပိုလွန်း၍သဝန်ကြောင်စိတ်၊မနာလိုစိတ်များဝင်ကာအပြန်အလှန်ခိုက်ရန်စကားများရန်ဖြစ်ရမည်။ ယတြာ - ဇီးကွက်မောင်နှံအရုပ်တစ်စုံကိုဝယ်ယူ၍အနီးအပါးတွင်ချိတ်ဆွဲထားရှိပါ။

 

ကုမ်ရာသီ (Aquarius)
ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၈

ရှိရင်းစွဲမေတ္တာရေးကိစ္စများအပေါ်ဝေခွဲမရချီတုံ၊ချတုံဖြစ်နေရမည်။ချစ်သူရွေးမှားသည်ဟုခံစားနေရမည်။ချစ်သူထားမိခြင်းအပေါ် အားမလို၊အားမရစိတ်များပေါ်ပေါက်နေမည်။ပတ်ဝန်းကျင်၏ဝေဖန်မှုစကားများကိုနှလုံးသွင်းခံစားနေရမည်။ကိုယ်တိုင်ဖွင့်ဟပြောခြင်းမရှိသောအကြောင်းအရာများအားအခြားသူကပြောမှသိရသောအနေအထားကြုံမည်။လှည့်စားခြင်း၊လိမ်ညာခြင်းမရှိလင့်ကစားစိတ်ခုခြင်းခံရမည်။တိုင်းတစ်ပါးအရပ်တစ်ပါးမှသူတို့နှင့်မိမိအကြားမေတ္တာရေးကိစ္စပေါ်ထွန်းမည်။မိသားစု၏စွတ်ဖက်မှုကြောင့်အိမ်တွင်းရေးကိစ္စအရှုပ်အထွေးများကြုံတွေ့နိုင်သည်။ ယတြာ - တယ်လီဖုန်း (သို့)ကွန်ပျူတာ၏ Screen ပေါ်တွင်အဖြူရောင်ကြာပန်းပွင့်ပုံတင်ပါ။

 

မိန်ရာသီ (Pieces)
ဖေဖော်ဝါရီ ၁၉ မှ မတ်၂၀

ခံစားချက်နှင့်ခံယူချက်စိတ်နေသဘောထားအပြောင်းအလဲများဖြစ်ပေါ်မည်။အသစ်ဖြစ်တည်နေသောဝန်းကျင်နှင့်ဆက်စပ်မှုအားကောင်းလာသည်နှင့်အမျှတစ်စစညှိုးမှိန်သွားမည်။ဖူးစာစစ်မှန်သောချစ်သူရှိသူမှအခြားသူတို့၏အချစ်ဘဝတွင်ချစ်သူဟောင်းကိုကျောခိုင်း၍အချစ်သစ်သို့ကူးပြောင်းခြင်းများဖြစ်ပေါ်တတ်သည်။ဆုံးဖြတ်ချက်များချမှတ်ရမည်။ပျိုရွယ်သူများအဖို့ကာလရှည်ကြာနီးစပ်မှုရှိနေသူကိုကျော်၍အချိန်တိုအတွင်းကမ်းလှမ်းသူအပေါ်အချစ်တုန့်ပြန်လိမ့်မည်။ဆက်စပ်ပေါင်းစပ်မှုမရှိတော့ဟုမှတ်ယူထားသည့်အချစ်ရေးကိစ္စများပြန်လည်ကြုံတွေ့ရမည်။ ယတြာ - ဖဲကြိုးအနီတစ်စနှင့်အစိမ်းရောင်ဖဲကြိုးတစ်စကိုထုံးဖွဲ့ချည်နှောင်၍အမြင့်တစ်နေရာတွင်ထားရှိပါ။


Horoscope

ဆရာစံဇာဏီဘိုရဲ့ အချစ်ဗေဒင်ဟောစာတမ်းများ

ဘယ်လို အချစ်ရေးကြောင်းအရာတွေကြုံတွေဖို့ရှိသလဲ

by May Shoon

August 1, 2019

မိဿရာသီ (Aries)
မတ်လ၂၁ မှ ဧပြီ၂၀

စိတ်ဆန္ဒနှင့် ဘဝလိုလားချက်ကို ပြည့်စုံအဆင်ပြေစေ သည့် အချစ်၊မေတ္တာအဆင်ပြေမှုများ ကြုံမည်။ အစစအရာ ရာ အလိုလိုက်အကြိုက်ဆောင်၍ မေတ္တာ အနာဂတ်သစ် များ ကြုံတွေ့မည်။ ချစ်သူမရှိသူ ချစ်သူရမည်။ ချစ်သူရှိသူ များအဖို့ ချစ်သူထပ်မံတိုးပွားမည်။ အဆင့်မြင့်မြင့် သိက္ခာရှိရှိ နှင့် ခမ်းခမ်းနားနားထည်ထည်ဝါဝါ မေတ္တာကမ်းလှမ်းသောချစ်သူနှင့်ကြုံမည်။ မူလရှိရင်းစွဲချစ်သူထက် အစစအရာရာအတိုင်းအဆများစွာသာသောသူနှင့် မေတ္တာကိစ္စများကြုံ မည်။ နီးစပ်မှုမှသည် ဖြစ်တည်လာသော မေတ္တာအဟုန်နှင့်အပြန်အလှန်ချစ်သူဘဝသို့ ရောက်ရှိနေသူများ ဘေးစကား၊ သွေးသားကြောင့် ရန်ပြဿနာများနှင့်ပဋိပက္ခများ ဖြစ်ပေါ် တတ်သည်။ ယတြာ - တနင်္လာနေ့တွင် အပြာရောင်ဖဲကြိုး ပေါ်တွင် အနီရောင်ချည်နှင့် မိမိအမည်ကို မြန်မာလိုရေးထိုး ကာ ထိုဖဲကြိုးကို အိတ်တွင်ထည့်၍ဆောင်ပါ။

 

ဗြိဿရသီ (Taurus)
ဧပြီ၂၁ မှ မေ၂၁

ပြောင်လဲနေသော ချစ်သူ၏စိတ်သဘောဝကို ထိန်းချုပ်ပြု ပြင်ရန် ခက်ခဲမည်။ ထိုချစ်သူအား သံယောဇဉ်နှောင်ဖွဲ့နေ ခြင်းထက် နှုတ်ဆက်စကားဆိုရမည်။ ဘေးစကားအနှောက် အယှက်ကို နားဝင်၍ အထင်မှား၊ အမြင်မှား ဖြေရှင်းခွင့်မပေး ဘဲ တစ်ဖက်သက် လမ်းခွဲရခြင်းကြုံမည်။ သံယောဇဉ်မထား သင့်သူကို ထားခြင်း၊ အချစ်စိတ်ယိုဖိတ်မိခြင်းအပေါ် နောင် တကြီးစွာ ရရှိမည်။ မနာလိုသူတို့ ကြားဝင်နှောင့်ယှက်၍ နှစ် ဦးကြား ဖြေရှင်းရခက်သော အနေအထားရှိသည်။ အချစ် ရေးပဋိပက္ခနှင့် စိတ်အနှောက်အယှက်များကို ကြာသပ တေးနေ့၊ တနင်္ဂနွေနေ့မွေးသူများ၏ အထောက်အကူနှင့် ဖြေရှင်းအဆင်ပြေမည်။ ယတြာ - စွယ်တော်ရွက်တစ်ရွက် ကို အချစ်ကဗျာစာအုပ်အတွင်း (၉)ညဆက်တိုက်ထားရှိပြီး မိမိဓာတ်ပုံနှင့်အတူ ပူး၍ထားရှိပါ။

 


မေထုန်ရာသီ (Gemini)
မေ ၂၂မှ ဇွန်၂၁

အားနည်းသူဘက်မှ ရပ်တည်ပေးလေ့ရှိသော မြင့်မြတ် သည့် အကြီးအကဲတို့မှ ကူညီမည်။ မေတ္တာရေးရာတွင် ခက် ခဲနေသူများ အကူအညီပေးသူများနှင့် တွေ့မည်။ ရင့်ကျက် ခိုင်မာသော စိတ်ထားနှင့် တည်ငြိမ်မှုကြောင့် မေတ္တာရေး တွင် ကြုံတွေ့နေသောအခက်အခဲများ ကင်းဝေးပပျောက် မည်။ အလှူပွဲတစ်ခုသို့ သွားရောက်ရာမှ အချစ်ရေးကိစ္စများ ပေါ်ထွန်းမည်။ အတိတ်ကာလမှ ပါရမီဖြည့်ဖက်တို့နှင့် ထူး ခြားစွာ ပြန်လည်ဆုံစည်းမည်။ မြင့်မြတ်သော စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သောသူများနှင့် မေတ္တာရေး ကိစ္စတို့ကို စိတ်ဝင်စားခြင်းမရှိသောသူများပင်လျှင် အခြား သူတို့ထက်ပို၍ စန်းပွင့်မည်။ ယတြာ - ကြွေပန်းအိုး အဖြူ တစ်လုံးအတွင်း နှင်းဆီပန်းရောင်တစ်ပွင့်၊ အဖြူရောင်တစ် ပွင့်ထိုး၍ အနောက်မြောက် အရပ်အမြင့်တစ်နေရာတွင် တင်ကာ လိုရာဆန္ဒပြုပါ။

 

ကရကဋ် ရာသီ (Cancer)
ဇွန်၂၂မှ ဇူလိုင်၂၂

အချစ်အတွက် အရာရာကိုစွန့်စားရပေမည်။ စကားအရှုပ် အထွေးများဖြေရှင်းရမည်။ မိမိပတ်ဝန်းကျင်ကို ရင်ဆိုင်၍ အချစ်ဘက်မှ မားမားမတ်မတ်ရပ်တည်ရမည်။ မိမိအပေါ် အမှန်တကယ်ချစ်သူအတွက် ဘဝအနာခံ၍ ရှေ့တိုးဆောင် ရွက်ရမည်။ မေတ္တာရေးတွင် ချက်ချင်းဆုံးဖြတ်ချက်ချမှတ် ရခြင်းကြုံမည်။ စီမံထားသည်ကတစ်မျိုး၊ လက်တွေ့ဖြစ်လာသည်ကတစ်မျိုးကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ် သည်။ အမှားအယွင်းများဖြစ်ပေါ်တတ်သည်။ နိုင်ငံခြားမှ ပြန်လာသူတစ်ဦးကြောင့် အချစ်ရေး၊ မေတ္တာရေးတွင် ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ အဆုံးသတ်ချိန်တွင် အင်အားကြီးမားလှသော ပြိုင်ဘက်တစ်ဦးမှ အချိန်မရွေး အနိုင်ယူသွားနိုင်သည်။ ယတြာ - လပြည့်ည၌ရတနာ ကျောက်ရိုင်းတစ်တုံးကို လရောင်တစ်ညထားရှိပြီး ၎င်းင်းကို ကတ္တီပါအနီရောင်စနှင့် ထုပ်ပိုး၍ ဆောင်ယူပါ။

 


သိယ်ရာသီ (Leo)
ဇူလိုင်၂၃ မှ သြဂုတ်၂၃

မေတ္တာရေးတွင် ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။ လွန်ခဲ့ သော (၂ )လအတွင်းဖြစ်ပေါ်နေသော အဆိုးအညံ့မှန်သမျှ ကင်းစင်၍ မေတ္တာရှိသူကိုရွေးချယ်နိုင်မည်။ နှစ်ဦးအကြား ဖြစ်ပေါ်နေသော အချစ်ပြဿနာများကို ရွေးချယ်နိုင်မည်။ နှစ်ဦးအကြား ဖြစ်ပေါ်နေသော အချစ်ပြဿနာများကို မိမိကိုယ်တိုင်ရင်ဆိုင်ဖယ်ရှားရမည်။ ချစ်သူ၏ ရဲရင့်ပြတ်သားမှုနှင့်ဘဝအတွက်ပေးဆက်မှု၏ အကျိုးဆက်ကောင်းကို ရ မည်။ ၅၂၈ မှ၁၅၀၀ သို့ ကူးပြောင်းသောချစ်သူများ၏ ဘ၀ ခရီး ဖြောင့်ဖြူးသာယာအဆင်ပြေခြင်းများရှိမည်။ အလုပ် ဘဝအခြေအနေ တိုးတတ်မြင့်မားခြင်းနှင့် မေတ္တာရေးကံ ကောင်းခြင်းများ ရရှိမည်။ စုတ်ရောလာဘ်ပါ တစ်ပြိုင်နက် တည်း ပေါ်ပေါက်အကျိုးပေးမည်။ မူလချစ်သူ မရှိသေး သူများ (သ၊ဟ၊က၊ခ)ပါသူများနှင့် မေတ္တာမျှမည်။ ယတြာ - ဆံပင်ပုံစံ ထုံးဖွဲ့မှုဟန်ပြောင်းပါ။ ထူးခြားစွာ စန်း ပွင့်မည်။

 

ကန်ရာသီ (Virgo)
သြဂုတ်လ ၂၄ မျ စတင်ဘာ ၂၂

အိပ်ပျော်နေသော နှလုံးသားတစ်စုံအား အချစ်ကြယ်စင်အ လင်းတန်းထိတွေ့ရာမှ ပြန်လည်နိုးထလာမည်။ အချစ်နတ် သား၏ဖန်ဆင်းမှု အောက်သို့ကျရောက်ရပေမည်။ ဆုံစည်း ရန်ခက်ခဲသော အချစ်ဇာတ်လမ်းကိုကြုံမည်။ အချစ်ရေး ကံ ကောင်းမည်။ စန်းပွင့်မည်။ ချစ်သူမရှိသူ ချစ်သူရ၍ တစ်ဦး ထက်မကသော မေတ္တာရေးရာကိစ္စများကြုံမည်။အပျိုကြီး လူပျိကြီးများပင်လျှင် မေတ္တာစန်းပွင့်၍ ကံကောင်းခြင်းကြုံ မည်။ ဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံစည်းမည်။မမျှော်လင့်သော၊ မထင်မှတ်သော ဖူးစာရေးကံ ပေါ်ထွန်း မည်။ မြင့်မြတ်အေးချမ်းသော အချစ်နဲ့ကြုံတွေ့ရပေမည်။ ၤခေနဘသသု တွင် နှောင့်ယှက်ခြင်းကြောင့် စိတ်ရှုပ်ရမည်။ ယတြာ - အနီရောင်ဝတ်၍ တောင်အရပ်ကို မျက်နှာမူကာ ဓာတ်ပုံ အရိုက်ခံ၍ ၎င်းင်းဓာတ်ပုံကို သတ္တုဘောင်သွင်း၍ အမြင့်တင်ပါ။


တူရာသီ (Libra)
စက်တင်ဘာ ၂၃ မှ အောက်တိုဘာ၂၃

အချစ်ရေးအတွက် ပတ်ဝန်းကျင်ဝေဖန်မှု၊ မိသားစုဝန်းကျင် တို့၏ ချုပ်ချယ်မှုအားလုံးကို အလေးမထားဘဲ အချစ်သူရဲ ကောင်းဘဝကို ရူးသွပ်စွာခံယူနေလိမ့်မည်။ ဂုဏ်ပကာသန များအားပစ်ပယ်၍ စစ်မှန်သော မေတ္တာရှိရာလိုက်ပါမည်။ အမှားကို အများသူငါကဲ့သို့ တွက်ဆခြင်းမရှိဘဲ စိတ်အလို လိုက်၍ အချစ်အတွက် အရူးအမှုးဖြစ်နေသော အချစ်ဘ၀ သို့ ရောက်ရှိနိုင်သည်။ အမည်အတွင်း (အ၊ဥ၊ရ၊လ၊ဝ)ပါသူ များနှင့် မေတ္တာမျှနေသူများအဖို့ မေတ္တာရေးရာ၌ ထူးခြား သည့် ကံအလှည့်အပြောင်းများဖြစ်မည်။ လွတ်လပ်သော အချစ်ဝိဉာဉ်၏ စေစားမှုကြောင့် စိတ်ရောကိုယ်ပါ ထင်ရာ စိုင်း၍ အချစ်ကိုဦးစားပေးနေမည်။
ယတြာ - ရွှေရောင်ဇီးကွက်ဖိုမ အရုပ်ငယ်တစ်စုံကို မိမိအ နီးအပါး၌ ချိတ်ဆွဲထား ပါ။

 

ဗြိစ္ဆာရာသီ (Scorpio)
အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂

အလုပ်နေရာအပြောင်းအလဲနှင့် ဘဝတိုးတတ်ပြောင်းလဲမှု များ ပူးတွဲဖြစ်ထွန်းမည်။ ဝေးလံသော အရပ်ဒေသသို့ ရောက်ရှိကာ အဆက်အသွယ်ပြတ်နေသူများနှင့် ပြန်လည် ချိတ်ဆက်မိမည်။ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့မွေးသူများနှင့် မေတ္တာမျှသူများအဖို့ စိတ်ချမ်းမြေ့စရာများရှိမည်။ တနင်္ဂနွေ နေ့၊ စနေနေ့ မွေးသောသူများနှင့် မေတ္တာမျှသူများအဖို့ စိတ် ချမ်းမြေ့စရာများရှိမည်။ အပြန်အလှန်နားလည်မှုနှင့် နှစ်ဦး ကြားဖြစ်ပေါ်နေသော ပဋိပက္ခ၊ ငြိမ်းချမ်းခြင်းတို့ကို ကြုံတွေ့ ရမည်။ လူငယ်အမျိုးသားများအဖို့ ကာလရှည်ကြာစွာချစ် ခွင့်ပန်ထားသည့် မေတ္တာရေးကိစ္စများ ပျော်ရွှင်ချမ်းမြေ့ဖွယ် မေတ္တာတုန့်ပြန်ကို ခံယူရမည်။ အရေးပါသော ဆုံးဖြတ်ချက် များချမှတ်ရမည်။ ယတြာ - အဖြူရောင်နှင်းဆီပန်းတစ်ပွင့်နှင့် အနီရောင်နှင်းဆီပန်းတစ်ပွင့်တို့ကို ဖန်ခွက်တစ်ခွက်အ တွင်း ရေထည့်၍ မိမိအနီးအပါး အမြင့်တွင် တင်ထားပါ။

 

ဓနုရာသီ (Sagattarius)
နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁

အပြန်အလှန်ချစ်ကြည်မှုနှင့် မေတ္တာကံကောင်းခြင်းတို့ကို ကြုံမည်။ ကာလအတန်ကြာဖြစ်ပေါ်နေသော ပဋိပက္ခများ ငြိမ်းချမ်းမှုရမည်။ ဝေးကွာနေသော ချစ်သူအချင်းချင်း ပြန် လည်ဆုံစည်းရန် အခါကောင်းဖြစ်သည်။ ချစ်သူမရှိသူချစ် သူရမည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုရှိမည်။အုံ့ပုန်းချစ်နေသူများလည်း ပွင့်လင်းမှုများရရှိကာ ချစ်သူ ဘဝကို ရောက်ကြကုန်သည်။ နှစ်ဦးကြားဖြစ်ပေါ်နေသော ပြဿနာများ ငြိမ်းချမ်းသွားမည်။ ပျိုရွယ်သူများတွင်လည်း တည်တံ့ခိုင်မြဲသော မေတ္တာရေးကိစ္စကြုံမည်။ အပြန်အလှန် နားလည်ခြင်းနှင့် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာများ ကြုံမည်။ မေတ္တာရေးရာကိစ္စများတွင် ဆုံးဖြတ်ချက်ပြတ်သားစွာ ချ မှတ်ပါ။ ယတြာ - အသည်းနှလုံးပုံပါသည့် ပို့ဒ်စကတ်ပေါ် တွင် အဖြူရောင်လက်ကိုင်ပဝါတစ်တည်ကို (၃) ရက်ကြာ ထားပါ။

 

မကာရရာသီ (Capricorn)
ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၂၀

အတိတ်ကာလမှသူများနှင့် ပြန်လည်တွေ့ဆုံရမည်။ ရှေ့တိုး မရ၍ စောင့်စားနေရသော မေတ္တာရေးကိစ္စများပြန်လည်အဆင်ပြေမည်။ သီးသန့်နေလိုသောစိတ်များ ပြင်းထန်နေ သည်။ ကိုယ့်အပေါ်ကောင်းသူများကိုမှ ရွေး၍ငြင်းခုန် အ တိုက်အခံပြုလိုသော စိတ်ဆန္ဒများဖြစ်ပေးနေမည်။ မမျှော် လင့်ဘဲသွားရသောခရီးမှ လွန်စွာစန်းပွင့်မည်။ အပြန်အ လှန် ပြတ်သားခြင်းမရှိဘဲ ဝေးကွာနေသောသူများ ဘဝအ တွင်းသို့ ပြန်လည်ရောက်လာခြင်းကြုံမည်။ မေတ္တာရေး ကြောင့် မိသားစုမောင်နှမသားချင်းများနှင့် ပဋိပက္ခဖြစ်ခြင်းများကြုံတွေ့ရတတ်သည်။ တိုင်းတစ်ပါးတွင်ရောက်ရှိနေသူများအဖို့ လူမျိုးခြားများနှင့်မေတ္တာရေးကိစ္စများ ပေါ်ပေါက် မည်။ ယတြာ - အပျိုကြီးတစ်ဦးအိမ်မှ လက်ဖက်ခြောက်ကို တောင်းယူ၍ ရေနွေးခပ်ကာ မြောက်အရပ်သို့မျက်နှာမူပြီး မကြာခဏ သောက်ပါ။

 

ကုမ်ရာသီ (Aquarius)
ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၈

နှလုံးသားရပ်ဝန်း အချစ်နယ်ပယ်၌ထူးခြားသော အပြောင်း အလဲများ ဖြစ်ပေါ်နေသည်။ ဦးနှောက်နှင့်လက်ခံထားသူကို ပယ်ဖျက်၍ နှလုံးသားကို ဦးစားပေးမှုများဖြစ်လာမည်။ ကြုံ လာနိုင်သည့် အခက်အခဲများကို အလေးဂရုမပြုဘဲ အချစ် စစ်အချစ်မှန်ကို ခွန်အားနှင့်ရပ်တည်ရန် အခိုင်အမာရရှိ မည်။ ဘဝအမှန်ကို ပိုင်နိုင်စွာ ရှေ့တိုးဆုံးဖြတ်နိုင်မည်။ မိ သားစု၏ ချုပ်ကိုင်လွှမ်းမိုးမှုကိုဆန့်ကျင်၍ အချစ်လမ်းခရီး သစ် စတင်ရမည့် ကာလဖြစ်သည်။ ချစ်သူနှင့်ဝေးကွာနေပါ က ပြန်လည်ဆုံစည်းရကိန်းရှိမည်။ အရပ်တစ်ပါးသို့ ရောက် ရှိနေသော ပြတ်တောက်နေသော သူများနှင့် ပြန်လည် ဆက်စပ်မိမည်။ ရုတ်တရက် ခရီးသွားခြင်းကြုံပြီး အထင်အ ရှားပြောင်းလဲမည်။ ယတြာ - ပျက်နေသော နာရီအဟောင်း တစ်လုံးကို (၁၀)နာရီ (၁၀) မိနစ်တွင်ထား၍ မိမိနံဘေး၌ ထားရှိပါ။

 

မိန်ရာသီ (Pieces)
ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀

အချစ်မှရရှိသော ခွန်အားနှင့် ဘဝရည်မှန်းချက်အသစ်များ ကို စတင်ပုံဖော်နိုင်သည်။ ရပ်တန့်ထားသော ဘဝလမ်း ကြောင်းများကို အောင်မြင်အောင်ဆောင်ရွက်၍ အဆင့်မြင့် တက်လမ်းများ ဖြစ်ပေါ်မည်။ အချစ်ရေးနှင့် ဆက်နွယ်သောပညာသင်တန်းတက်ရောက်မှုများ ကြုံတွေ့ရမည်။ ချစ်သူ နှင့် နီးစပ်ပေါင်းစပ်ရန် အလုပ်နေရာအပြောင်းအလဲများ ဖြစ်ပေါ်မည်။ ကာလရှည်ကြာ အနီးအပါးရှိသူကို ကျော်၍ ရုတ်ချည်းပေါ်လာသူကို ချစ်ခြင်းမေတ္တာဖြစ်ပေါ်မည်။ အ မည်အတွင်း အ၊ ဥ၊ ရ၊ လ၊ ယ အက္ခရာပါသူများနှင့် မေတ္တာ မျှနေသူများအဖို့ ချစ်သူ၏ပြောင်းလဲမှုအပေါ် ရင်နင့်စွာ ခံစား ရပေလိမ့်မည်။ ယတြာ - စာအိတ်အနီရောင်အတွင်း ပိုက် ဆံအကြွေစေ့ (၃) စေ့ကို ထည့်၍ မိမိအိပ်စက်သော ခေါင်း ရင်း ဘက်မွေ့ယာအောက်တွင် ထားရှိအိပ်စက်ပါ။


MODA TV 


Horoscope

ဆရာစံဇာဏီဘိုရဲ့ အချစ်ဗေဒင်ဟောစာတမ်းများ

ဇူလိုင်မိုးစက်လေးတွေအောက်က အချစ်ဟောတမ်းများ

by May Shoon

July 1, 2019

မိဿရာသီ (Aries)
မတ် ၂၁ မှ ဧပြီ ၂၀


ဘဝအခြေအနေ တိုးတက်မြင့်မားမည်။ မူလပတ်ဝန်းကျင် နှင့် မတူခြားနားသော ဝန်းကျင်သစ်သို့ ပြောင်းလဲမည်။ ဘ၀ အခြေအနေမြင့်မားမှုကြောင့် ဖြစ်ပေါ်လာသော အပြောင်း အလဲသည် အချစ်သစ် ရှာဖွေတွေ့ရှိရမည်။ အမည်တွင် (အ၊ ဥ၊သ၊ဟ) ပါဝင်သူများနှင့် မေတ္တာမျှနေသူများအဖို့ အချစ် ရေးတည်မြဲမည်။ ငွေကြေးကံကောင်းမည်။ ခက်ခဲသော အကြောင်းအရာများကိုလည်း ကျော်လွှားနိုင်မည်။ မေတ္တာ ရေးကံကောင်းခြင်းနှင့် ငွေကြေးကံကောင်းခြင်း စုတ်ရော လာဘ်ရော ပေါ်ထွန်းမည်။ ရည်စူးထားသည့် အချစ်ဘဝအ ခြေအနေ(သို့) ကံအခြေအနေမြင့်မားမှု ဖြစ်ပေါ်မည်။ အချစ် ရေးတွင် မူလဝန်းကျင်ချစ်သူဟောင်းကို ကျောခိုင်း၍ အချစ် သစ်သို့ စိတ်ညွှတ်မည်။ ယတြာ - စနေနေ့နေဝင်ချိန် ဆည်း ဆာအလှအလင်းတန်းအောက်တွင် ဓာတ်ပုံရိုက်၍ စနေနေ့ တစ်ရက်၌ Facebook တွင် တင်လိုက်ပါ။ စန်းပွင့်မည်။

 

ပြိဿရာသီ (Taurus)
ဧပြီ ၂၁ မှ မေ ၂၁


မဝံ့မရဲသော အချစ်မေတ္တာသည် ရင်၌ဖြစ်ပေါ်နေသည်။ မိ သားစုကိုလည်းကောင်း၊ မိတ်ဆွေအသိုင်းအဝိုင်းကိုလည်း ကောင်း လျှို့ဝှက်စွာချစ်မြတ်နိုးသော မေတ္တာရေးကံ ပေါ် ထွန်းနေသည်။ သို့ရာတွင် အရပ်ဝေး၊ နိုင်ငံရပ်ခြားနှင့် ပတ် သတ်သော အချစ်ရေးကိစ္စများတွင် နှစ်ဦးအကြား ဝင် ရောက်၍ ဘေးစကား၊ သွေးသားနှောက်ယှက်မှုများပေါ် ထွန်းနေသည်။ ပေးထားသောကတိ မတည်သောချစ်သူကို မိမိမှ စိတ်ငြိုငြင်ရလိမ့်မည်။ ပတ်ဝန်းကျင်နှင့်ဆွေမျိုးဝန်း ကျင်တို့၏ လွှမ်းမိုးချုပ်ကိုင်ခြင်းမှ ရုန်းထွက်နိုင်မှသာ အဆင် ပြေမည်။ သို့တည်းမဟုတ်က ချစ်သူနှင့်ချစ်လျက်နှင့်ပင် ကျောခိုင်းစွန့်ခွာရကိန်းရှိသည်။ အချင်းချင်း မနာလိုမှု ကြောင့် အပြန်အလှန် ပဋိပက္ခများရှိမည်။ ယတြာ - နှင်းဆီ ပန်းအနီရောင် ၁ပွင့်ကို ကြွေပန်းအိုးအဖြူတွင်ထိုး၍ မိမိ အနီးအပါး ထားရှိပါ။

 

မေထုန်ရာသီ (Gemini)
မေ ၂၂ မှ ဇွန် ၂၁ 


မေတ္တာရေးလွန်စွာ စန်းပွင့်မည်။ စိတ်ချမ်းမြေ့ဖွယ်ရာများ ကြုံတွေ့ရမည်။ ရေရှည်တည်မြဲမှု မရှိလင့်ကစား ဆက်စပ် သောကာလအတွင်း ပျော်ရွှင်ခြင်းကို ဖြစ်ပေါ်လာသော အ ပြောင်းအလဲများနှင့် ဆက်နွယ်၍ မေတ္တာရေးကံကောင်း ခြင်းများ ပေါ်ပေါက်မည်။ အလှူမင်္ဂလာပွဲတစ်ခုသို့ သွား ရောက်ရင်းမှ တွေ့ဆုံသောအချစ်ကံ၊ မေတ္တာရေးကံ ပေါ် ထွန်းမည်။ တနင်္လာနေ့မွေးသောသူများနှင့် ဗုဒ္ဓဟူးမေတ္တာ မျှနေသူများ အချစ်မေတ္တာရေးကိစ္စများ ရှေ့တိုးဆုံးဖြတ်နိုင် သည်။ အောင်သွယ်မှတစ်ဆင့် ကမ်းလှမ်းလာသော မေတ္တာ ရေးကိစ္စအား ပေါ့ပေါ့တန်တန် သဘောမထားရ။ အိမ် ထောင်ရေးဆုံးဖြတ်ချက်များအထိ ချမှတ်နိုင်သည်။ ယတြာ- ကမာခွံအတွင်း စံပယ် (၂၁) ပွင့်ကိုထည့်၍ မိမိအနီးအပါး အမြင့်တစ်နေရာတွင် ထားရှိပါ။

 

ကရကဋ္ဋ်ရာသီ (Cancer)
ဇွန် ၂၂ မှ ဇူလိုင် ၂၂


အလိုဆန္ဒ၊ ရည်ရွယ်ချက်၊ မျှော်လင့်ချက်များ အောင်မြင် မည်။ မိတ်ဆွေကောင်းတို့၏ အထောက်အကူနှင့် အညံ့ အဆိုးကင်းစင်၍ ပျော်ရွှင်ချမ်းမြေ့စရာများရှိမည်။ အချစ် မှား၊ ဆုံးဖြတ်ချက် မှားယွင်းထားသောသူများသည် ရှေ့ ဆက်လက်တွဲရန် မဖြစ်နိုင်သူအား ကံကြမ္မာမှဖယ်ရှားခြင်း ကြောင့် အချစ်ဟောင်းကို လက်တွဲဖြုတ်၍ ထာဝရလက်တွဲ နိုင်သောမေတ္တာကို ကြုံတွေ့ဆုံစည်းမည်။ အချစ်ရေးတွင် ဖြစ်ပေါ်ပြောင်းလဲလာသော အခြေအနေများကို လက်ခံနိုင် သည်။ အမည်အတွင်း (အ၊ဥ၊သ၊ဟ ) ပါသူများနှင့် မေတ္တာမျှ နေသူများအဖို့ အနာဂတ်အဆင်ပြေခြင်းနှင့် ဘဝအခြေ အနေကောင်း ကြုံမည်။ ယတြာ- အဖြူရောင် လက်ကိုင်ပဝါ တစ်ထည်ကို ခေါင်းအုံးအောက်တွင် ၃ ရက်ကြာထားရှိပြီး ရေမွှေးဆွတ်၍ လူနှင့်အတူဆောင်ပါ။

 

သိုဟ်ရာသီ (Leo)
ဇူလိုင် ၂၃ မှ သြဂုတ် ၂၂


အချစ်မေတ္တာလမ်းကြောင်းတစ်လျှောက်တွင် ကြုံတွေ့သမျှ သောအဆိုးမှန်သမျှကို ရင်ဆိုင်ဖယ်ရှားနိုင်မည်။ ပတ်ဝန်း ကျင်အပေါ် စိန်ခေါ်နိုင်သောရဲရင်းခြင်းများ ပေါ်ထွန်းနေ သည်။ အချစ်သူရဲကောင်းဟု အားနည်းသူဘက်မှ ရပ်တည် ခြင်းမျိုးရှိမည်။ ကာလရှည်ကြာ ရင်တွင်းတည်နေသော မေတ္တာခံစားချက်အလုံးစုံကို အထင်အရှား လှစ်ဟပြောဆိုရ ခြင်းမျိုး ပေါ်ပေါက်မည်။ နီးစပ်မှုမှသည် ၅၂၈ မှ ၁၅၀၀ အထိအချစ်သံယောဇဉ်နှောင်ဖွဲ့မှုများ ခံစားရမည်။ အမည်တွင် (က၊ခ၊သ၊ဟ) ပါသူများနှင့် မေတ္တာမျှနေသူများ မေတ္တာရေး တွင် စိတ်အနှောင့်အယှက်များကြုံရမည်။ ယတြာ- မိမိအိပ် ယာခေါင်းရင်းအောက်တွင် သံလိုက်တုံးတစ်တုံးထား၍ အိပ်စက်ပါ။ ထူးခြားသောညှိ့အားနှင့် ဆွဲငင်မှုများဖြစ်ထွန်း မည်။

 


ကန်ရာသီ (Virgo)
သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂


အညံ့အဆိုးမှန်သမျှ ကင်းစင်၍ ပျော်ရွှင်ဖွယ်နေ့ရက်များကို ကြုံတွေ့ရမည်။ အေးချမ်းသော မေတ္တာရေး အနာဂတ်များ ပေါ်ထွန်းနေသည်။ စုတ်ရော၊ လာဘ်ရော တစ်ပြိုင်နက် တည်း ဝင်မည့်ကိန်းဆိုက်နေသည်။ ဘဝတစ်ခုမှ ဝန်းကျင် သစ်တွင်မေတ္တာရေးတွင် မေတ္တာရေးကိစ္စကြုံမည်။ အလုပ် အနေအထားကောင်းနှင့် မေတ္တာရေးတွင် ရှေ့တိုးအဆင် ပြေခြင်းများ ရှိနေမည်။ ငြင်းပယ်၍မရနိုင်သော မေတ္တာရေး ကမ်းလှမ်းမှုကို ကြုံတွေ့ရမည်။ အထီးကျန် အရွယ်လွန်လူ လွတ်များ မမျှော်လင့်ဘဲ မေတ္တာရေးကိစ္စများ ကြုံတွေ့ရ မည်။ဝေးကွာနေသူများနှင့် ပြန်လည်ဆုံစည်းမည်။ တွေေ၀ ဒွိဟဖြစ်စရာများ ကြားသိကြုံတွေ့ရမည်။ ယတြာ -အသည်း နှလုံးပုံရင်ထိုးဖြစ်စေ၊ ကီးချိန်းဖြစ်စေ မိမိအိပ်စက်သော နေရာ အနောက်မြောက်တွင် ၃ရက်ထား၍သုံးစွဲပါ။

 


တူရာသီ (Libra)
စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၃


ချစ်သူနှင့်မိမိအကြား ပဋိပက္ခဖြစ်ပြီးမှ ပြန်လည်သင့်မြတ် အေးချမ်းခြင်းရှိမည်။ တစ်ပြိုင်နက်တည်း နှစ်ဦးထက်ပို သောမေတ္တာရေးကိစ္စများ ငြိတွယ်တတ်သည်။ အသိုင်းအ ဝိုင်းအယူအဆ သဘောထား မတူခြားနားသောသူများနှင့် မေတ္တာရေးကိစ္စများကြုံမည်။ တစ်ခန်းရပ်ထားသော မေတ္တာ ဇာတ်လမ်းတို့ကို ပြန်လည်အသက်သွင်းခြင်း ပြုနိုင်မည်။ ရပ်တန့်ထားသော မေတ္တာရေးဇာတ်လမ်းများ ရှေ့ဆက်နိုင် ခြင်းရှိမည်။ ပါရမီဖြည့်ဖက်ကောင်းကို တွေ့ကြုံဆုံစည်းစေ သော ဖန်ဆင်းမှုအောက်၌ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းကို ကြုံတွေ့ရမည်။ မူလရပ်တန့်ထားသော အချစ်ရေးကိစ္စများ ပြန်လည်သင့်မြတ် အဆင်ပြေမည်။
ယတြာ - အနီရောင် ဖဲကြိုးပေါ်တွင် ရွှေရောင်အပ်ချိတ်ကို ထိုးချိတ်၍ ၎င်းဖဲကြို စ ကို ပိုက်ဆံအိတ်တွင်ထည့်၍ ဆောင် ယူပါ။

 


ဗြိစ္ဆာရာသီ (Scorpio)
အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ၂၁


မေတ္တာရေးတွင် အပြောင်းအလဲနှင့် တိုးတက်မှုတို့ ကြုံမည်။ ဆုံးဖြတ်ချက်အသစ်များ ချမှတ်ရမည်။ ပျော်ရွှင်ချမ်းမြေ့ဖွယ် ရာများ ကြုံတွေ့ ကြားသိရမည်။ ကာလရှည်ကြာ စောင့်စား မျှော်လင့်နေသော မေတ္တာလိုလားချက် အဆင်ပြေမည်။ အညံ့အဆိုးကင်းစင်မည်။ နှလုံးသားခံစားချက်ကို ဥပေက္ခာပြု ၍ အသိညဏ်နှင့်ချင့်ချိန်ကာ စစ်မှန်သောတ္တောကို ဖန်တီး နိုင်မည်။ ဘဝသစ်သို့ ဝင်ရောက်လာသော မေတ္တာရှင်အပေါ် အလေးထားသင့်သည်။ မေတ္တာရေးကိစ္စအလုံးစုံအပေါ်တွင် ထားရှိသောခံယူချက်သဘောထားနှင့် ခံစားမှုအလုံးစုံ အ သစ်ပြောင်းလဲနေမည်။ ဆုံစည်းမည်ဟု မထင်မှတ်ထား သောသူနှင့် မေတ္တာမျှမည်။ ယတြာ - ဝါးတူတစ်စုံကို အစိမ်း ရောင်ဖဲကြိုးနှင့်ချည်နှောင်၍ အရှေ့တောင်အရပ် အမြင့် တစ်နေရာတွင်ထားရှိပါ။

 

ဓနုရာသီ (Sagittarius)

နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁


မိမိကိုယ်တိုင်တွင် အချစ်စိတ်အပြောင်းအလဲရှိမည်။ ချစ်သူ ဘက်မှလည်း မိမိအပေါ်ပြောင်းလဲမှုရှိမည်။ နေ့စဉ်နှင့်အမျှ စကားများနေရမည်။ တစ်ဦးနှင့်တစ်ဦး ကျောခိုင်းသွားရ မည့်အနေအထားသို့ တစ်စချင်းနီးကပ်လာမည်။ သံယော ဇဉ်မထားသင့်သူအားထားခြင်း၊ အချစ်မှား၊ ဆုံးဖြတ်ချက် မှားခြင်းများ ဖြစ်ပေါ်မည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှ တားဆီး အကြံပေးနေသည့်ကြားမှ တဇွတ်ထိုးဝင်ရောက်မည်။ ဘ၀ တစ်ခုလုံးအား အချစ်နွံတောအတွင်း ရုန်းမရနစ်မြုပ်နေမည့် ကိန်းဆိုက်နေမည်။ ပြန်လည်ကောက်ယူဆက်စပ်ရန် မရ နိုင်သောအရာများကို ဆက်စပ်ရန် ကြိုးစားနေသူအလား မိုက်မဲမိလိမ့်မည်။ ချစ်သူက မိမိအား အမှန်တကယ်ချစ်စိတ် နှင့်ချစ်ခြင်း ဟုတ်၊မဟုတ်အား ပြန်လည်ဆန်းစစ်သုံးသပ် သင့်သည်။ ယတြာ - အနောက်တောင်အရပ်ကို မျက်နှာမူ ၍ ဘယ်ပုခုံးကို အမွှေးနံ့သာ မကြာခဏ ပက်ဖြန်းပေးပါ။

 

မကာရရာသီ ( Capricorn)
ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉


အချစ်ရေးကိစ္စတို့ကို ကိုယ်တိုင်စဉ်းစား၍ ဆုံးဖြတ်ရမည်။ အခြားသူတစ်ပါးတို့၏ ဝေဖန်တိုက်တွန်းခြင်းများအပေါ် မ ယုံစားသင့်ပါ။ အတိတ်ကာလတွင် ဖြစ်ပေါ်ခဲ့သော အချစ် ဒဏ်ရာတို့ကို ပျောက်ကင်း၍ ဘဝစာမျက်နှာအသစ်တစ်ခု ကို စတင်နိုင်မည်။ အကြိမ်ကြိမ်အခါခါ အချစ်ကံခေ၍ အထီး ကျန်ဆန်သောဘဝတွင် အပြန်အလှန် ငြိမ်းချမ်းသောချစ် ခြင်းမေတ္တာကို ရရှိမည်။ မေတ္တာရေးကံကောင်းခြင်း စိတ် ချမ်းမြေ့မှုများ၊ အချစ်ကံကောင်းခြင်းများရှိမည်။ ကံခေခဲ့ သော အချစ်မေတ္တာကို ဘဝသစ်သို့ သယ်ဆောင်လာခြင်း မပြုပါနှင့်။ မွေးရပ်ကိုခွာ၍ နိုင်ငံရပ်ခြားတွင်ရောက်ရှိကာ တစ်ကိုယ်တော်ဖြစ်နေသူများအဖို့ အထူးဆန်းပွင့်သော ကာလဖြစ်သည်။ ယတြာ - ပန်းပွင့်ပုံပါသော မျက်နှာသုတ် ပဝါကို သုံးစွဲပါ။

ကုမ်ရာသီ (Aquarius)
ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈


တစ်ယောက်တည်း သီးသန့်နေလိုစိတ် ပြင်းထန်နေမည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်တိုင်းကျခြင်းမရှိ။ အ လိုအလျောက် စိတ်တိုနေသည်။ ချစ်သူအပေါ်တွင်လည်း စိတ်တိုင်းမကျမှုများနှင့် ငြူစူမှုများရှိနေမည်။ ပျော်ရွှင်နေရာ မှ ရုတ်တရက်ချက်ချင်း စိတ်ဆိုးတတ်သည်။ မိမိစိတ်အလို ကျခြင်းမရှိ။ စိတ်နှင့်လူမကပ်ဘဲ ဖြစ်နေမည်။ မရောက်ဖူး သောအရပ်ဒေသများသို့ သွားရောက်ရာမှ မမျှော်လင့်သောအချစ်ရေးကိစ္စကြုံမည်။ ကိုယ့်အပေါ် စိတ်ဝင်စားသူများ ရှိ နေသည်။ ဖွင့်ဟပြောဆိုခြင်းမပြုဘဲ တိတ်တခိုးမေတ္တာရှိနေ သူနှင့် ကြုံတွေ့ရမည်။ အရပ်တစ်ပါးရောက်ရှိနေသူများ လည်း မေတ္တာရေးစန်းပွင့်မည်။ ယတြာ- အပြာရောင်ရေ ခွက်ကိုသုံးပြီး မျက်နှာသစ်ခြင်း၊ ကိုယ်လက်သန့်စင်ခြင်း ပြုပါ။

 

မိန်ရာသီ (Pieces)
ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀
ရွယ်တူခြင်းယှဉ်က သူတစ်ပါးထက် နှာတစ်ဖျား သာလောက် သည့် မေတ္တာကံကောင်းခြင်းကို ဖြစ်ပေါ်မည်။ ရုတ်တရက် ဆုံးဖြတ်ပြီး ရှေ့တိုးဆောင်ရွက်ခြင်းမှ စစ်မှန်သော မေတ္တာ လမ်းကြောင်းတစ်ခုသို့ ရောက်ရှိနေမည်။ မိမိထက်အသက် အရွယ်ကြီးသူနှင့် မေတ္တာမျှကိန်းကြုံမည်။ ထို့အပြင် အ တတ်ပညာကို အရင်းတည်၍ ဘဝကံတိုးတတ်အောင် ကြိုး စားရင်း ချစ်သူပေါ်ထွန်းမည်။ အတိတ်ဘဝတွင် အချစ်ကံ ခေသူများ အချစ်မေတ္တာစန်းပွင့်မည်။ ပျိုရွယ်သူ လူလွတ် များအဖို့ သူငယ်ချင်းမိတ်ဆွေများမှ လိုက်လံနောက်ပြောင်သောသူများနှင့် အမှန်တကယ်ချစ်သူအဆင့်သို့ ရောက်ရှိ သွားတတ်သည်။ ယတြာ- စွယ်တော်ရွက်၁ရွက်ကိုစာအုပ် ကြားညှပ်၍ လူနှင့်အတူဆောင်ပါ။


Horoscope

ဆရာစံဇာဏီဘိုရဲ့ အချစ်ဗေဒင်ဟောစာတမ်းများ

ဇွန်လရဲ့ အချစ်ရေးကံဇာတာက ဘယ်လိုရှိမလဲ

by May Shoon

June 1, 2019

 

မိဿရာသီ - Aries
မတ်လ၂၁ မှ ဧပြီ ၂၀

စိတ်ဆန္ဒနှင့် ဘဝရည်မှန်းချက်များ အပြည့်အဝအောင်မြင်မည့်။အခက်အခဲများပြေလည်အောင်ဖြေရှုင်းနိုင်မည်။စိတ်ချမ်းမြေ့စရာနှင့်ပျော်ရွှင်အေးချမ်းမှုကိုဖန်တီးနိုင်မည်။ဂုဏ်အသိုင်းအဝိုင်းနှင့်ဘ၀၀န်းကျင်အနေအထားမတူခြားနားသောသူများနှင့်မေတ္တာရေးရာကိစ္စများပေါ်မည်။မိမိအပေါ်နားလည်မှုရှိ၍ဘဝတိုင်ပင်ဖော်များနှင့်အဆက်မပြတ်အဆင်ပြေမှုရှိမည်။နီးစပ်သူများနှင့်အိမ်ထောင်ရေးကိစ္စများပေါ်ပေါက်မည်။ချစ်ခြင်းမေတ္တာနှင့်ပတ်သတ်၍မိမိအပေါ်အချစ်သင်ခန်းစာပေးမည့်သူများနှင့်လည်းကြုံတတ်သည်။အမျိုးသားများအဖို့ချစ်သူထံမှမေတ္တာတုံ့ပြန်မှုကိုရရှိရန်ပြိုင်ပွဲတစ်ခုအားဆင်နွှဲနေရသည့်ကိန်းကြုံမည်။

ယတြာ - အင်္ဂါနေ့တွင် နှင်းဆီအဖြူ (၁)ပွင့် ၊ အဝါ (၁)ပွင့် ၊ အနီ (၁) ပွင့်ကိုကြွေပန်းအိုးတစ်ခုအတွင်းထိုး၍၎င်းင်းပန်းအိုးကိုဖဲကြိုးအနီနှင့်ချည်နှောင်၍အမြင့်တင်ပါ။

 

ၿပိဿရသီ - Taurus
ဧပြီ၂၁ မှ မေ၂၁

နှလုံးသား၏ ရည်မှန်းချက်တို့ပြည့်စုံမည်။ငြိမ်းချမ်းပျော်ရွှင်ဖွယ်ရာများလွှမ်းမိုးမည်။ဘဝအနေအထားအသစ်တစ်ခုသို့ကူးပြောင်းမည်။အပြောင်းအလဲနှင့်အချစ်ကံကြမ္မာကောင်းခြင်းနှင့်မြင့်မြတ်ငြိမ်းချမ်းသောဘဝသို့ဦးတည်သည်။ပတ်ဝန်းကျင်သစ်နှင့်ဆက်စပ်၍တစ်သက်သာငြိမ်းချမ်းသည့်အချစ်ရေးကိစ္စများပေါ်ထွန်းသည်။သူတစ်ပါးစကားအပေါ်နားယောင်ခြင်းမရှိသင့်။ရင်ထဲအသည်းနှလုံးမှဖြစ်ပေါ်လာသောဆုံးဖြတ်ချက်အတိုင်းရှေ့တိုးဆောင်ရွက်ပါ။နောက်ဆုတ်ရန်မလိုအပ်ပါ။ပဋိပက္ခဖြစ်နေသူများအဖို့လည်းပြုပြင်ပြောင်းလဲလာသည့်မေတ္တာတုံ့ပြန်မှုအပေါ်အသိအမှတ်ပြု၍ရှေ့တိုးရန်ဖြစ်သည်။

ယတြာ - ကြွေပန်းကန်ပြားတစ်ချက်ပေါ်တွင် ငှက်ပျောဖက်ခင်း၍ ၎င်းအပေါ်တွင် စံပယ်ဖြူ (၃၇)ပွင့်ကိုတင်ကာမိမိအနီးအပါးတွင်ထားရှိပါ။တစ်ညသိပ်ပြီး ၎င်းင်းစံပယ်ပန်းကိုစီးဆင်းနေသောရေတွင်မျှောပါ။

 

မေထုန်ရာသီ - Gemini
မေ ၂၂ မှ ဇွန်၂၀

ကာလအတန်ကြာ ဝေးကွာသောသူများနှင့်လည်းရုတ်တရက်ပြန်လည်ဆုံစည်းခြင်းရှိမည်။ပျော်ရွှင်စတ်ချမ်းမြေ့စရာများကြုံမည်။ထူးခြားနက်ရှိုင်းသောမေတ္တာနှင့်နှလုံးသားစေရာမေတ္တာညွတ်၍အချစ်ရေးပါသောအချစ်ရေးဆုံးဖြတ်ချက်နှင့်အိမ်ထောင်ဖက်ရွေးချယ်မှုကိုဆောင်ရွက်နိုင်မည်။အမည်တွင် (အ၊ဥ၊ရ၊လ၊ဝ)အက္ခရာပါသူများနှင့်မေတ္တာမျှသူများအဖို့ထူးခြားစွာအဆင်ပြေခြင်းနှင့်မေတ္တာကံထူးခြားခြင်းကိုကြုံတွေ့မည်။ပြောင်းလဲနေသော၊ရွေးချယ်သောမေတ္တာရေးကိစ္စမှပျော်ရွှင်ချမ်းမြေ့စရာများရှိမည်။နေအိမ် နေရာ၊အလုပ် နေရာ သို့ပြောင်းရွှေ့လာသူနှင့်မေတ္တာမျှကိန်းရှိမည်။

ယတြာ - အိပ်စက်နေသော နေရာ၏အနောက်တောင်ထောင့်တွင်ဖဲကြိုးအနီတစ်ချောင်း၊အပြာတစ်ချောင်းကိုပူးတွဲ၍ချည်နှောင်ကာအမြင့်တင်ပါ။

 

ကရကဋ် ရာသီ - Cancer
ဇွန်၂၂ မှ ဇူလိုင်၂၂

အချစ်ရေးမေတ္တာရေး ကံကောင်းမည်။ကိုယ့်အပေါ်ကောင်းကျိုးပြုသူများနှင့်တွေ့မည်။အချစ်ရေးကိစ္စ၊မေတ္တာရေးကိစ္စတွင်အထူးကံကောင်းသောအခြေအနေနှင့်ကြုံမည်။အပြန်အလှန်နားလည်မှုများရရှိမည်။အခက်အခဲ၊အညံ့အဆိုးများလွတ်ကင်းမည်။စိတ်ချမ်းမြေ့ရမည်။လက်ထပ်ရန်စီစဉ်ခြင်းများပြုနိုင်သည်။ပျိုရွယ်သူများအဖို့စန်းပွင့်မည်။ရေရှည်ခိုင်မာသောအချစ်ရေးကိစ္စများကြုံမည်။ငွေကြေးကိစ္စ၊လူမှုရေးကိစ္စများကြောင့်အထီးကျန်နေသူများပင်လျှင်မေတ္တာရေးကံကောင်းမည်။အလှူပွဲ၊မင်္ဂလာပွဲများသို့သွားရောက်ရမည်။လူအများ၏စိတ်ဝင်စားမှုကိုခံယူရမည်။စန်းပွင့်မှုလွန်ကဲပေရာတစ်ဦးထက်မကသော အချစ်ရေးကိစ္စများပေါ်ပေါက်မည်။  ယတြာ - ရွှေချိတ်နှစ်ခုကို အပြန်အလှန်ချိတ်၍ပိုက်ဆံအိတ်တွင်ထည့်၍ဆောင်ပါ။


သိယ်ရာသီ - Leo
ဇူလိုင်၂၃ မှ သြဂုတ်၂၃

အလုံးစုံသောအချစ်ရေးကိစ္စတို့သည် ရေရှည်တည်မြဲ မည်မဟုတ်။မှားယွင်းသောဆုံးဖြတ်ချက်နှင့်ထားမိသောသံယောဇဉ်အပူမီးကြောင့်သောကဖြစ်ကိန်းကြုံမည်။ပုံမှန်ဘဝအနေအထားနှင့်အသစ်ပေါ်ထွန်းလာသောမေတ္တာရေးရောအဖြာဖြာကို အလေးမထားဘဲနဂိုမူလအခြေအနေအတိုင်းရပ်တည်မှုနှင့်ဘဝအခြေအနေ၊ကံကြမ္မာငြိမ်းအေးခြင်းကိုကြုံမည်။ကြာမြင့်သောအတိတ်ကာလမှအကျွမ်းဝင်ခဲ့သောသူနှင့်ပြန်လည်မေတ္တာထားရှိခြင်း ၊ အိမ်ထောင်ရက်သားကျခဲ့ဖူးသောအတိတ်ဆိုးတစ်ခုရှိခဲ့ဖူးသောသူနှင့်ရှေ့တိုးလက်တွဲခြင်း၊မိမိထက်အသက်ငယ်၍ ကိုယ့်အပေါ်အရူးအမှုးစွဲလမ်းသူ တစ်ဦးနှင့်အချစ်လမ်း သုံးသွယ်ကြုံမည်။ ယတြာ - ရွှေရောင်ဇီးကွက် ဖိုမ အရုပ်ငယ်တစ်စုံကို မိမိအနီးအပါး ချိတ်ဆွဲပါ။

 

ကန်ရာသီ - Virgo
သြဂုတ် ၂၄ မှ စက်တင်ဘာ ၂၂

အချစ်ရေးကံကောင်းမည်။မင်္ဂလာကိစ္စများပါဝင်ပတ်သတ်ရမည်။အိမ်ထောင်ကျကိန်းရှိသည်။လူချစ်လူခင်ပေါများမည်။မိမိအပေါ်နားလည်မှုအပြည့်ရှိသူများနှင့်တွေ့မည်။အချစ်သစ်မရှာဘဲ ဝေးကွာသွားသောချစ်သူအပေါ်ပြန်လည် အဆင်ပြေမည့်ကာလကို မျှော်လင့်သူများအဖို့အလိုပြည့်မည်။ကြည်နူးဖွယ်ပြန်လည်ဆုံစည်းခြင်းကြုံမည်။အလှူမင်္ဂလာများသို့သွားရောက်ရင်း စန်းပွင့်ခြင်းကြုံမည်။ပြန်လည်ဆ့ုစည်းရန်မဖြစ်နိုင်တော့ဟုသတ်မှတ်ထားသောသူနှင့်ပေါင်းစည်းရကိန်းကြုံမည်။အသက်ကွာခြားခြင်းရှိသူများနှင့်မေတ္တာရေးကိစ္စကြုံတွေ့မည်။ငယ်ရွယ်သူများအဖို့ကိုယ့်အပေါ်စိတ်ဝင်စားသူများစွာရှိနေမည်။  ယတြာ - သတ္တုအကြွေစေ့ ၇ စေ့ကိုကြွေပန်းကန်ပြားတစ်ခုတွင်တင်၍ ၎င်းအကြွေစေ့ပေါ်၌ နှင်းဆီပန်းအနီပွင့်ဖတ် ၇ ခုကိုတင်ကာ အနောက်အရပ်အမြင့်တင်ပါ။

 

တူရာသီ - Libra
စက်တင်ဘာ ၂၃ မှ အောက်တိုဘာ၂၃

စကားရှုပ်သောသူများနှင့်တွေ့တတ်သည်။အထင်မှားမှုများကိုဖြေရှင်းရမည်။အတိတ်ကာလက မိမိအားအနှောင့်အယှက်ဒုက္ခပေးသူမှ ယခုတည်ရှိနေသောအချစ်ရေး၊မေတ္တာရေးကိုဖျက်လိုဖျက်ဆီးပြုမည်။နာမည်ပျက်၍သိက္ခာကျအောင်စွပ်စွဲတိုက်ခိုက်မှုများကြုံမည်။ သံယောဇဉ် မထားသင့်သူကိုထားခြင်း၊အချစ်မှား ဆုံးဖြတ်မှားခြင်းရှိမည်။အမှန်တကယ် လက်တွဲရန်ဆုံးဖြတ်ထားပြီးသူရှိလျက် စိတ်ကစားမှုနှင့်အပျော်ချစ်သူထားရာမှ ပြသနာများခြင်းချစ်သူနှင့်ကွဲကွာရခြင်းရှိမည်။မနာလိုသူများ စိတ်ဒုက္ခပေးသူများဝန်းရံနေသည်။လက်ရှိလက်တွဲနေသောသူမှ ကိုယ့်အပေါ်အထင်မှားခြင်း၊မယုံသင်္ကာစိတ်ဝင်ခြင်းနှင့်ကျောခိုင်းသွားအောင်တိုက်တွန်းသူရှိမည်။   ယတြာ - တနင်္လာနေ့ နေထွက်ချိန်တွင် အရှေ့အရပ်သို့ မျက်နှာမူ၍ မီးခိုးရောင်အဝတ်ကိုဝတ်ပြီး ဓာတ်ပုံရိုက်၍ ထိုပုံကိုဆောင်ထားပါ။

 

ဗြိစ္ဆာရာသီ - Scorpio
အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ 

ချစ်သူအပြောင်းအလဲနှင့် မေတ္တာရေးရာ ကိစ္စအနှောင့်အယှက်များရှိနေမည်။ချစ်သူရှိသူများအဖို့ မိမိချစ်သူသည် အတိတ်မှသံယောဇဉ်ဟောင်းများ အပေါ်ပြန်လည်တိမ်းညွှတ်၍ မိမိအားပြစ်ခွာလိမ့်မည်။အရပ်တစ်ပါးသို့ ခရီးသွားသူသည် မိမိအား အစစအဆက်အသွယ်ဖျက်၍ ချစ်သူအသစ်ရရှိသွားမည်။ အနှောက်အယှက် အခက်အခက်အခဲများကြုံမည်။ပတ်ဝန်းကျင်၏သွေးထိုးစကားများကြောင့် ချစ်သူ၏စိတ်ဓာတ်ယိမ်းယိုင်မည်။ဆက်ဆံရ သောဝန်းကျင်တွင်လည်းအပြောင်းအလဲများဖြစ်ပေါ်မည်။ အပြောင်းအလဲနောက်ကွယ်မှ မေတ္တာရေး ကံကောင်းခြင်းရှိမည်။လူမျိုးကွဲ၊ဘာသာကွဲနှင့်ဆက်စပ်သောမေတ္တာစန်းပွင့်ခြင်းရှိမည်။ ယတြာ - ပန်းရောင်မျက်နှာသုတ်ပဝါ၏ ထောင့်တွင် ရွှေရောင်ချိတ် တစ်ခုကို ချိတ် ၍ကိုယ်လက်သန့်စင်ပြီး သုတ်ခြင်းတစ်ပတ်ကြာအောင်ပြုလုပ်ပါ။


ဓနုရာသီ - Sagittarius
နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁ 

ချစ်သူမရှိသူများချစ်သူရမည်။ပေါ်ထွန်းသောမေတ္တာသည်ရေရှည်ခိုင်မြဲသောမေတ္တာအမျိုးအစားဖြစ်မည်။တစ်ဦးထက်ပိုသောချစ်သူများနှင့်မေတ္တာရေးကိစ္စဝကံနေသူများအဖို့စစ်မှန်သောသူတစ်ဦး တစ်ယောက်ကိုအပြီးသတ်ရွေးချယ်နိုင်ခြင်းရှိမည်။ချစ်သူမရှိသူများအဖို့အမည်အတွင်း (အ ၊ ဥ ၊ သ ၊ ဟ ) ပါသောသူများနှင့်မေတ္တာကိစ္စ
ဝကံမည်။တည်မြဲနေသောအနေအထားကိုရရှိမည်။ပျိုရွယ်သူများအဖို့မူလချစ်သူဟောင်းနှင့်လမ်းခွဲ၍အချစ်သစ်ကိုတွေ့မည်။သူချစ်သောသူနှင့်ဆုံဆည်းမည်။နက်နည်းသောမေတ္တာနှင့်စိတ်ချမ်းမြေ့စရာများဖြစ်မည်။အနှောက်အယှက်ကင်းစင်စွာနှင့်ပျော်ရွှင်ဖွယ်နေ့ရက်များဝကံမည်။  ယတြာ - ပန်းသီးအစိမ်းတစ်လုံး ၊ အနီတစ်လုံးကို ယွန်းလင်ဗန်းပေါ်တွင်တင်၍ဓါတ်ပုံရိုက်ပြီးဆောင်ပါ။


မကာရရာသီ - Capricorn
ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၂၀

အချစ်မေတ္တာရေးရာတွင်စိတ်အနှောင့်အယှက်များရှိမည်။အနှောင်အဖွဲ့များလည်းရှိမည်။စိတ်ပင်ပန်းစရာများရှိမည်။ကိုယ်တိုင်ကလည်းသူတစ်ပါးအပေါ်မေတ္တာနှောင်ဖွဲ့ခြင်းများမရှိရ။တစ်ပါးသူမေတ္တာနှောင်ဖွဲ့မှုကိုလည်းတုံ့ပြန်ပါကစိတ်အနှောင့်အယှက်များဖြစ်ရန်ဝကံမည်။ချစ်သူမရှိသောသူများအချစ်ရေးကိုစဉ်းစားခြင်းမဉပဘဲရှိရင်းစွဲအနေအထားအတိုင်းငြိမ်းချမ်းစွာနေသင့်သည်။ချစ်သူရှိနှင့်သောသူများလည်းရှိရင်းစွဲချစ်သူနှင့်မိမိအကြားအခြားသောအနှောက်အယှက်များဝင်ရောက်နိုင်ခြင်းမရှိအောင်ထိန်းသိမ်းရမည်။ချစ်သူနဲ့ဝေးကွာနေသူများအဖို့လည်းအထီးကျန်အနေအထားနဲ့နေပါ။အချစ်ရေးမေတ္တာရေးစဉ်းစားပါကစိတ်အနှောင့်အယှက်ဖြစ်မည်။  ယတြာ - နေအိမ် သို့မဟုတ် မိမိ အခန်း၏အနောက်မြောက်အမြင့်တစ်နေရာတွင်သတ္တုပန်းအိုးအတွင်းပန်းအဖြူ ၅ ပွင့်ထိုး၍တင်ပါ။

 

ကုမ်ရာသီ - Aquarius
ဇန်နဝါရီ ၂၁ မှ ဖေဖေါ်ဝါရီ ၁၈


ပြဿနာများ ၊ ရန်အတိုက်အခံများနှင့်ထိပ်တိုက်တွေ့မည်။ဦးတည်လိုက်တိုင်းကူညီသူထက် အနှောင့်အယှက်ပေးမည့်သူကပိုရှိနေမည်။သံယောဇဉ်ရှိသူတို့၏အထင်အမြင်လွဲမှားမှုများကိုရင်ဆိုင်ဖြေရှင်းရမည်။ကိုယ့်အပေါ်နားလည်ပေးနိုင်စွမ်းအရှိသောသူများကြောင့်ကြေကွဲရမည်။မိမိကမေ့လျော့ထားသောအတိတ်ပြဿနာတို့ကိုမမေ့မလျော့လိုက်လံဖော်ထုတ်၍အကျယ်ချဲ့ကာစိတ်အနှောင့်အယှက်နှင့်သောကရောက်အောင်ဖန်တီးသူများနှင့်ဝကံမည်။ကိုယ်တိုင်ဖြေရှင်းခြင်းထက်အမည်အတွင်း( အ၊ ဥ ၊ စ၊ ဆ၊ ည ) ပါသောသူများကြားဝင်ဖြေရှင်းခြင်းဖြင့်အရာရာပြေလည်ခြင်းရှိမည်။စကားမှားတတ်သည်။အလောတကြီးပြောဆိုခြင်းမဉပသင့်။ ယတြာ - စွယ်တော်ရွက်တစ်ရွက်ကိုအချစ်ကဗျာစာအုပ်အတွင်း (၉)ညဆက်တိုက်ထားရှိပြီး ငုင်းဓါတ်ပုံကို
ပူး၍ထားရှိပါ။

 

မိန်ရာသီ - Pieces

ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀

အလုပ်ကိစ္စ ၊ စီးပွားကိစ္စအတွက်ဦးစားပေး ဆောင်ရွက်ရခြင်းကြောင့်မေတ္တာရေးတွင်အချိန်မပေးနိုင်သောသူများပင်လျှင်အလုံးစုံအဆင်ပြေခြင်း၊စိတ်ချမ်းမြေ့ခြင်းတို့ဝကံမည်။ပေါ်ပေါက်လာသောမေတ္တာနှင့်ခိုင်မာသာအနေအထားသို့ဦးတည်ဖြစ်ပေါ်သောအနေအထားရှိမည်။ပျိုရွယ်သူများအဖို့အေးချမ်းခိုင်မာသောမေတ္တာရေးရာကိစ္စများဝကံမည်။အချစ်မေတ္တာကံကောင်း၍အရာရာအေးချမ်းမည်။ရေရှည်ခိုင်မာတည်ငြိမ်သောအိမ်ထောင်ရေးကံနှင့်အဆင်ပြေခြင်းရှိမည်။အရွယ်ရောက်သူများအဖို့ဘဝတစ်ခုလုံးအတွက်အရေးပါသောအိမ်ထောင်ရေးဆုံးဖြတ်ချက်များ မင်္ဂလာကိစ္စများဝကံရန်ရှိသည်။ချစ်သူရှိသူများအဖို့မိမိပတ်ဝန်းကျင်ပေါ်အသိပေး၍အပြန်အလှန်အဆင်ပြေမှုများဖြစ်ပေါ်မည်။ ယတြာ - အဖြူရောင်မျက်နှာသုတ်ပဝါသုံးပါ။ဆပ်ပြာခွက် ၊ သွားပွတ်တံ၊ ရေခွက်တို့ကို အပြာရောင်သုံးစွဲပါ။


Horoscope

သင့်ဘဝအချစ်ရေး ကြိုက်တာမေး

၂၀၁၈ နို၀င်ဘာလအတွက် (၁၂) ရာသီခွင် နှလုံးသားအချစ်ဗေဒင်

by Lin Thu Maung

November 16, 2018

မိဿရာသီ - Aries ( March 21 မှ April 20 ကြား )

 ရင်းနှီးသော မိတ်ဆွေများမှ မနာလိုဝေဖန်တိုက်ခိုက်ခြင်းရှိမည်။ အမြတ်တနိုးတန်ဖိုးထားသော လက်ဆောင်တစ်ခုပျက်စီးမည်။ ပျောက်မည်။ ချစ်သူနှင့် အတူသွားစဉ်ခါးပိုက်နှိုက်ခံရတတ်သည်။ ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း၊ ပြည်ပနိုင်ငံရပ်ခြားနှင့် ပတ်သက်သော ကိစ္စများပေါ်ပေါက်သည်။ ရပ်ဝေးနိုင်ငံရပ်ခြားသို့ ရောက်ရှိနေသူများအဖို့ လူမျိုးတူများသာမက လူမျိုးကွဲများနှင့်ပင် အချစ်ရေးကိစ္စပေါ်မည်။ မိဘ၊ မိသားစု ဝန်းကျင်အား လွန်ဆန်နိုင်ခြင်းမရှိသူများအဖို့ မိဘမှ စီစဉ်သောအမည်တွင် ( အ၊ဥ၊က၊ခ၊င၊ ) ပါသောသူများနှင့် စေ့စပ်ရခြင်းကြုံမည်။

ယတြာ - ကြွေပန်းအိုးအဖြူအတွင်း စပိုက်ဒါသစ်ခွကိုထိုး၍ အမြင့်တင်ပါ။

 

ပြိဿရာသီ - Taurus ( April 21 မှ May 21 ကြား )

အချစ်ပင်လယ်တွင် လှေငယ်တစ်စီးနှင့် ကမ်းမမြင်လမ်းမမြင်ပျော်ရွှင်နေသော ချစ်သူမောင်နှံအလား ပျော်ရွှင်ခြင်းနှင့် စိတ်ချမ်းသာရခြင်းများရှိမည်။ အချစ်ရေစင်ခွက်ကို ပိုင်ဆိုင်သူတို့အလား အေးချမ်းခြင်းနှင့် အဆင်ပြေခြင်းများဖြစ်ထွန်းမည်။ ဘ၀အတွက်အရေးပါသော အချစ်ရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များချမှတ်ရမည်။ အခက်အခဲများ ဖြေရှင်းနိုင်မည်။ နှစ်ဦးအကြားတွင် ဖြစ်ပေါ်နေသော အနှောင့်အယှက် အညံ့အဆိုးများ တစ်စတစ်စ ကင်းဝေးမည်။ အချစ်ကို ဦးစားပေး၍ ဆုံးဖြတ်ချက်ချမှတ်ခြင်းများကြုံမည်။ ဖြစ်ပေါ်လာသော အပြောင်းအလဲတို့သည် ဘဝအလုံးစုံငြိမ်းချမ်းခြင်းကို ဖြစ်ထွန်းစေသည်။

 ယတြာ - ပန်းတစ်ပွင့်ကို စာအုပ်ကြားတွင် ညှပ်၍ဆောင်ထားပါ။

 

မေထုန်ရာသီ - Gemeni ( May 22 မှ June 21 ကြား )

ဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံစည်းမည်။ ယခင်အတိတ်နှင့်မတူသော အပြောင်းအလဲများအပေါ် ဖြစ်ပေါ်လာသောခံစားချက်တို့ကိုအခြေခံ၍ မေတ္တာလမ်းကြောင်းသစ်များ ပေါ်ထွန်းမည်။ မတူညီသော ဘဝတို့ကို ဆက်စပ်မိအောင် ဆောင်ရွက်ရခြင်းရှိမည်။ ဘေးစကား အနှောင့်အယှက်များကြောင့် တွေ‌ဝေဒွိဟဖြစ်နေသောချစ်သူအပေါ် မေတ္တာရှိလျှက် ကျောခိုင်းရခြင်း ကြုံမည်။ ယခင်အတိတ်ကာလရှည်ကြာ ၅၂၈ အသွင်မေတ္တာနှင့် ချစ်ခြင်းအပေါ် ၁၅၀၀ မေတ္တာ က လွှမ်းမိုးသည့် အချစ်လမ်းကြောင်းသစ်များ ပေါ်ထွန်းမည်။ ဘဝအတွက် အရေးပါသော မေတ္တာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် များချမှတ်ရမည်။ နီးလျက်နှင့်ဝေးနေသော ချစ်ဒုက္ခမှ ကင်းဝေးလွတ်မြောက်မည်။

ယတြာ - ဆံပင်ပုံစံ (သို့) ဆင်ယင်ထုံးဖွဲ့မှုပြောင်းပါ။

 

ကရကဋ်ရာသီ - Cancer (June 22 မှ July 22 ကြား)

 ချစ်သူရှိသူများအဖို့ နက်နဲသော ငြိမ်းချမ်းမှုနှင့် အပြန်အလှန် လေးနက်သော မေတ္တာရေးရာကိစ္စများ ကြုံမည်။ နှစ်ဦးကြား ဖြစ်ပေါ်နေသော ပြဿနာများ ငြိမ်းချမ်းသွားမည်။ ကွဲကွာသူများ၊ ဝေးကွာသောသူများနှင့် ပြန်လည်ဆုံစည်း နိုင်သည်။ လူမျိုး ၊ ဘာသာ ၊ ဓလေ့ ကွဲပြားသောသူများနှင့် မေတ္တာမျှ နေသူများ အပြန်အလှန် အဆင်ပြေမည်။ ရပ်တန့် ကျောခိုင်းထားသည့် ချစ်မေတ္တာ ဇာတ်လမ်းဟောင်းများ ပြန်လည်အဆင်ပြေမည်။ ခရီးသွားရလိမ့်မည်။ ခရီးလမ်းတွင် ထူးခြားသော စန်းပွင့်ခြင်းများရှိမည်။ အချစ်သစ်နှင့် လက်တွဲရန်စီစဉ်ဆဲ အချစ်ဟောင်းမှ ပြန်လည် ဆက်သွယ်လာလိမ့်မည်။ ကာလအတန်ကြာ ပျောက်ကွယ်နေသော ချစ်တတ်သည့်နှလုံးသား ပြန်လည်ထွန်းပေါ်မည်။

 ယတြာ - ကနုကမာနှင့် ပြုလုပ်ထားသော ရင်ထိုးဆောင်ပါ။

 

သိဟ်ရာသီ - Leo ( July 23 မှ August 23 ကြား )

 မြင့်မြတ်သောအကြီးအကဲထံမှ အကူအညီကောင်းကိုရရှိလိမ့်မည်။ အခက်အခဲများ ကူညီသူပေါ်ထွန်းသည်။ ရင့်ကျက်ခိုင်မာသော မေတ္တာစိတ်နှင့် တည်ငြိမ်မှုရှိသော အချစ်ကြောင့် အချစ်ရေးကိစ္စတွင် ကြုံတွေ့နေသော အခက်အခဲများ ပပျောက်မည်။ အလှူ ၊ မင်္ဂံလာပွဲများသို့ သွားရောက်ရင်း အချစ်ရေးစန်းပွင့်ခြင်းများ ဖြစ်ပေါ်မည်။ အပြောင်းအလဲသစ်များ ဖြစ်ပေါ်မည်။ တစ်ဦးထက်ပိုသော အချစ်ရေးကိစ္စကြုံမည်။ အချစ်မေတ္တာ ကိစ္စအလုံးစုံတွင် စိတ်ဝင်စားခြင်းမရှိဘဲ ၊ ကျင့်ကြံအားထုတ်မှုဘက်ဦးတည်သော သူများ အဖို့ အခြားသူတို့ထက်ပို၍စန်းပွင့်မည်။

 ယတြာ - အရှေ့အရပ်ကိုမျက်နှာမူ၍ကိုယ်လက်သန့်စင်ပါ။

 

ကန်ရာသီ - Virgo ( August 24 မှ September 22 ကြား )

ပြဿနာ အခက်အခဲများ ပြေပျောက်၍အဆင်ပြေခြင်း၊ ကံကောင်းခြင်းနှင့် ပျော်ရွှင်ငြိမ်းချမ်းဖွယ်ရာ အလုံးစုံကို ကြုံတွေ့ရပေမည်။ ရေရှည်ခိုင်မာသောအခြေအနေသို့ ပြောင်းလဲဖြစ်တည်သော မေတ္တာရေးရာကိစ္စများဖြစ်ထွန်းမည်။ ချစ်သူရှိရင်းစွဲရှိသူများအဖို့ စိတ်ချမ်းမြေ့စရာများ ဖြစ်ပေါ်မည်။ ခိုင်မာသောမေတ္တာရေး ကံနှင့် တည်မြဲသောမေတ္တာရေး ကံတွင် ကြုံတွေ့မည်။ တစ်သက်တာလက်တွဲရန် ချစ်သူရွေးချယ်ဆုံးဖြတ်ခြင်းပြုနိုင်သည်။ စုတ်၊ လာဘ် နှစ်ပါး တစ်ပြိုင်တည်း ပေါ်ထွန်းပေရာ ပညာရေးရာ၊ လုပ်ငန်းရေးရာ အဖြာဖြာ တွင်လည်း ကောင်းသောတိုးတက်မှုဖြစ်ပေါ်မည်။

 ယတြာ - အပြာရောင်မျက်နှာသုတ်ပုဝါသုံးစွဲပါ။

 

တူရာသီ - Libra ( September 23 မှ October 23 ကြား )

 အတားအဆီး အနှောင်အဖွဲ့များ ၊ အခက်အခဲများကြားမှ ရုန်းကန်လွတ်မြောက်သည့် နိမိတ်ဖြစ်သည်။ ချစ်သူနှစ်ဦးကြား ပြဿနာများ ၊ နားလည်မှုလွဲမှားခြင်းရှိနေသည်ကို ပြန်လည်ဖြေရှင်းနိုင်မည်။ ပြိုကျပျက်စီးသွားသည့် အချစ်ကမ္ဘာကို ပြုပြင်တည်ဆောက်ရန် အခြေအနေကောင်းကြုံမည်။ ကိုယ့်အပေါ်နားလည်မှုလွဲမှားခြင်း ၊ အထင်မှားခြင်းများကို ဖြေရှင်းရန် အခါကောင်း ကျရောက်သည်။ ဝေးကွာနေသာသူများနှင့် ပြန်လည်ဆုံစည်းမည်။ အချစ်သစ်ကိုရှာဖွေခြင်းထက် အချစ်ဟောင်းနှင့် ပြန်လည်ပေါင်းစည်းသင့်သည်။ အရပ်ဝေးမှ မေတ္တာရေးကိစ္စများ ပေါ်မည်။

 ယတြာ - ခရမ်းစွဲကျောက်ကို အနောက်တောင်အရပ်တွင်ချိတ်ဆွဲထားပါ။

 

ဗြိစ္ဆာရာသီ - Scorpio (Octorber 24 မှ November 22 ကြား)

နားလည်မှုလွဲမှားခြင်းများ အထင်လွဲမှုများကို ရင်ဆိုင်ဖြေရှင်းရမည်။ ရန်အတိုက်အခံများမည်။ လုပ်ငန်းခွင်မှာသော်လည်းကောင်း ၊ ဆက်ဆံရသောဝန်းကျင်မှာသော်လည်းကောင်း ၊ လူမှုရေး ပြဿနာများရှိနေမည်။ မနာလိုမှုကိုအခြေခံ၍ နာမည်သိက္ခာကျဆင်းအောင် လိုက်လံပြောဆိုနှောင့်ယှက်သူများရှိနေမည်။ ချစ်သူရှိသူများအဖို့ ၊ မိမိချစ်သူ၊ ဆွေမျိုးဖြစ်စေ၊ ချစ်သူဟောင်းကဖြစ်စေ ကိုယ့်အပေါ် စာနှင့်တစ်မျိုး ၊ ဖုန်းနှင့် ၊ ဓာတ်ပုံ အတင်းအဖျင်းနှင့် အနှောင့်အယှက် အတိုက်အခံပြုခြင်းများ ကြုံတွေ့ရမည်။ ပျိုရွယ်သူများအဖို့ကား ဖြစ်ပေါ်လာသော ရန်အနှောင့်အယှက်တို့ကို အရွဲ့တိုက်ခြင်းပြုကာ ချစ်သူထားတတ်သည်။

 ယတြာ - သံလိုက်တုံးကို ညာလက်နှင့်ကိုင်၍ ဓာတ်ပုံရိုက်ပြီး ဆောင်ပါ။

 

ဓနုရာသီ - Sagittarius ( November 23 မှ December 21 ကြား )

 ငြိမ်းချမ်းခြင်း၊ အပြန်အလှန်ညီညွတ်သဟဇာတဖြစ်မည်။ အချစ်ရေး၊ မေတ္တာရေးရာ ကိစ္စအဖြာဖြာတွင် စိတ်ချမ်းမြေ့စရာများလွှမ်းမိုးမည်။ ပျိုရွယ်သူတို့တွင် ပထမဦးစွာ အချစ်ရေးကိစ္စ ပေါ်ပေါက်သောအချစ်သည် ထာဝရတည်မြဲ၍ တစ်ယောက်ဆိုတစ်ယောက် မြဲမည်ဟူသော အခြေအနေကိုကြုံမည်။ တစ်ဦးထက်မကသော ချစ်သူများဝန်းရံနေမည်။ ချစ်သူအသီးသီးတို့ အနာဂတ် အစီအစဉ်တို့သည် ဘဝအိပ်မက်များဖြစ်ကာ အေးချမ်းသောအခြေအနေသို့ဦးတည်မည်။ ပြည်တွင်းမရောက်ဖူးသော အရပ်တစ်ခုသို့ သွားရောက်စဉ် ထူးခြားသော စန်းပွင့်ခြင်းရှိမည်။

ယတြာ - အဖြူရောင်စာရွက်ပေါ်တွင် အနီရောင်ဖြင့် Love ဟု စာကိုရေး၍ဓာတ်ဘူးတွင် ကပ်ထားပါ။

 

မကာရရာသီ - Capricorn ( December 22 မှ January 20 ကြား )

တည်ငြိမ်အေးချမ်းသော ဘဝအခြေအနေနှင့် စိတ်ချမ်းမြေ့ဖွယ်ရာ မေတ္တာရေးရာကိစ္စများ ကြုံမည်။ ခိုင်မာသောမေတ္တာကို တည်ဆောက်နိုင်သော မေတ္တာကိုရမည်။ ကိုယ့်အပေါ် ကမ်းလှမ်းသူတို့ရဲ့ မေတ္တာစစ်မှန်မည်။ ရှိရင်းစွဲချစ်သူနှင့် ဖြစ်ပေါ်နေသော အညံ့အဆိုးများ ကင်းဝေးသွားမည်။ တစ်ဦးထက်ပိုသော အချစ်ရေးကိစ္စများကို ကြုံဆုံလင့်ကစား ချစ်သူတစ်ဦး အပေါ်ကိုသာ စွဲမြဲသော အချစ်ရေးရာကိစ္စများ ပေါ်ပေါက်မည်။ အရွယ်ရောက် လူလွတ်များ အိမ်ထောင်ရေးအတွက် ဆုံးဖြတ်ချက်ချမှတ်ရန် အခြေအနေကောင်းနှင့်ကြုံမည်။

 ယတြာ - စွယ်တော်ရွက်တစ်ရွက်ကို စားပွဲတင်ဓာတ်ပုံဘောင်အတွင်း ထည့်ကာ မိမိအနီးအပါးထားရှိပါ။

 

ကုမ်ရာသီ - Aquarius ( January 21 မှ Faburary 18 ကြား )

 ကိုယ့်အပေါ်နှောင့်ယှက်သူများ အနိုင်ယူလိုသူများ နှင့်ကြုံမည်။ ယှဉ်လာသူအားလုံးကို အရှုံးပေးရမည်။ ချစ်သူရဲ့ စိမ်းကားရက်စက်မှုကို ခါးသီးစွာခံရမည်။ ပြဿနာများ တစ်မျိုးပြီးတစ်မျိုး ဖြေရှင်းနေရမည်။ အလုပ်တွက်ဖြစ်စေ၊ ပညာတက်လမ်းအတွက်ဖြစ်စေ၊ အပြစ်တင်ခြင်း၊ အပြစ်မြင်ခြင်းအပေါ် ဖြေရှင်းရင်း စိတ်အနှောင့်အယှက်များဖြစ်လာမည်။ ချစ်သူ ၊ သံယောဇဉ်ရှိသူတို့ အပေါ်ဦးစားမပေး၍ စိတ်သောကဖြစ်ရမည်။ ဖြေရှင်းလေပိုမိုရှုပ်ထွေးလေဖြစ်မည်။ မပြောလိုသောစကားများ၊ ရင်နာစွာပြောရခြင်း၊ မခွဲခွာလိုသောသူအား ရင်နင့်စွာ ကျောခိုင်းရခြင်းကြုံမည်။

ယတြာ - သုံးစွဲနေသည့် လက်ပတ်နာရီကို ဘယ်ညာပြောင်း၍ပတ်ပါ။

 

မိန်ရာသီ - Pisces ( Faburary 19 မှ March 20 ကြား )

 အညံ့အဆိုးအားလုံးကို ကျော်လွှားနိုင်မည်။ စိတ်ချမ်းမြေ့စရာများရှိမည်။ မထင်မှတ်ထားသည်များ ဆက်တိုက်ဖြစ်ပေါ်မည်။ ကြုံတွေ့နေသော စိတ်အနှောင့်အယှက်အားလုံး ပပျောက်သွားမည်။ အေးချမ်းသောဘဝသစ်တစ်ခုသို့ ဦးတည်သည်။ ထင်မှတ်ထားသည်က တစ်မျိုး ၊ လက်တွေ့တစ်မျိုးဖြစ်မည်။ လှည့်စားသော သူများနှင့်တွေ့တတ်သည်။ ဖုံးကွယ်ထားသည်များ ဖော်ထုတ်ရန်ခက်ခဲမည်။ ကိုယ်က သူတစ်ပါးကို လှည့်စားခြင်းလည်းပြုလိမ့်မည်။ အပြောင်းအလဲနှင့် တိုးတက်မှုများသည် အချစ်ရေး ၊ မေတ္တာရေးကိစ္စတွင် ထူးခြားမည်။

ယတြာ - ရေခွက်အပြာရောင် ၊ သွားပွတ်တဲအသစ်သုံးစွဲပါ။

 

ချစ်ခြင်းမေတ္တာ တုံ့ပြန်ပါသည်။

စံ-ဇာဏီဘို

 



Loading More post