×
People

အလှပြင်ရရင်ပျော်နေတာဆိုတဲ့ Tinky

စာဖတ်ရတာဝါသနာပါသူလေး Tinky ရဲ့ Slumber Party Look လေးများ

by May Shoon

November 1, 2019

နိုဝင်ဘာလမှာတော့ Bride Theme နဲ့လိုက်ဖက်အောင် MODA Girl လေးကိုလည်း Slumber Party ဆန်ဆန် Pyjamas လေးတွေ၊ Night Wears လေးတွေနဲ့ ပြင်ဆင်ထားပါတယ်။ Tinky ကလည်း သွက်လက်ပြီး ဆွဲဆောင်မှုရှိတဲ့ အသွင်လေးမို့ Satin Night Wear လေးတွေနဲ့ လိုက်ဖက်နေတာ အသေချာပါပဲ။


Q. မနက်ခင်းတစ်နေ့တာ Routine ထဲမှာ အမြဲလုပ်လေ့ရှိတာက။
A. ရေနွေးနွေးလေးနဲ့ ရေချိုးတာရယ်၊ တစ်နာရီလောက်စာအုပ်ဖတ်တာရယ်ပါ။


Q. ပိတ်ရက်တွေဆို အိမ်မှာနေရတာကြိုက်လား။ အပြင်ထွက်ရတာကြိုက်လား။
A. နှစ်ခုလုံးလုပ်ရတာ ကြိုက်ပါတယ်။ အိမ်မှာ မိသားစုတွေနဲ့ အေးအေးဆေးဆေး နေရတာကြိုက်သလို သူငယ်ချင်းတွေနဲ့ အပြင်သွားရတာလည်း သဘောကျပါတယ်။


Q. ဘယ်အရာကို လုပ်ရတာ Passion ဖြစ်လဲ။
A. အသစ်အဆန်းတွေကို စူးစမ်းလေ့လာနေရတာကို Passion ဖြစ်တယ်။ ဖန်တီးရတာတွေ၊ Creativity ဖြစ်တဲ့ အလုပ်တွေကိုလည်း အရမ်း Passionate ဖြစ်ပါတယ်။


Q. Pyjamas လား။ Night Wear လား။
A. Comfy Pyjamas လေးတွေပါ။


Q. Role Model ကဘယ်သူဖြစ်မလဲ။
A. Designer Donatella Versace ပါ။ သူမဖြတ်သန်းခဲ့တဲ့ Career Path တွေနဲ့ Life ကို Handle လုပ်ခဲ့တာတွေကို အရမ်း Inspire ဖြစ်တယ်။ သူမောင်ဆုံးပြီးသွား နောက်ပိုင်းမှာလည်း အခက်အခဲတွေကြားက သူမ လုပ်ချင်တဲ့ Design တွေကိုလုပ်ဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း ဘဝမှာအောင်မြင်ဖို့ဆို ဘယ်လိုအခက်အခဲတွေရှိရှိ မဆုတ်မနစ်ကြိုးစားရမယ်ဆိုတာ သိလာတယ်။


Q. လက်ခံဖူးသမျှထဲမှာ အကြိုက်ဆုံး Advice။
A. လောကမှာ ဘယ်အရာမှ ကြောက်နေစရာဆိုတာမရှိဘူး။ အရာအားလုံးကိ သိမြင်နားလည်ဖို့ပဲလိုတယ်။ တဖြည်းဖြည်းသိမြင်လာရင် အကြောက်တရားဆိုလည်း ရှိတော့မှာ မဟုတ်ဘူး။ - Marie Curie


Q. သမိုင်းထဲက (ဒါမှမဟုတ်) Fictional Character တွေထဲက တစ်ယောက်ယောက်သာဖြစ်ခွင့်ရမယ်ဆို ဘယ်သူဖြစ်ချင်လဲ။
A. Radioactive ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ပထမဆုံးအမျိုးသမီး Nobel ဆုရှင်ဖြစ်တဲ့အပြင်သစ် ရူပဗေဒပညာရှင် Marie Curie ဖြစ်ချင်ပါတယ်။


Q. အမြဲတမ်းဝတ်လေ့ရှိတဲ့ Fashion Style ဆိုရင် ဘယ်လို Style ဖြစ်မလဲ။
A. Chic နဲ့ Vintage ဖက်ရှင်လေးတွေကို ဝတ်တာများပါတယ်။

, ,
People

Peter Pan Live Action အတွက် Tinkerbell နေရာကသရုပ်ဆောင်သွားမယ့် လူမည်းမင်းသမီးလေး Yara Shahidi

ညိုစိမ့်စိမ့်အလှနဲ့ Tinker Bell လေးပေါ့

by Randy Win

September 26, 2020

              ကလေးဘဝရဲ့ အိပ်ရာဝင်ပုံပြင်တစ်ခုလိုဖြစ်ခဲ့တဲ့ Disney ကာတွန်းဇာတ်ကားလေးတွေကို နှစ်သက်ကြသူတွေအနေနဲ့ Peter Pan ဆိုတဲ့ ဇာတ်ကောင်လေးကိုလည်း စိမ်းကြမှာမဟုတ်ပါဘူး ။ Peter Pan ကို Live Action အနေနဲ့ ၁၉၅၃ ခုနှစ်မှာတစ်ခါ ၊၂၀၀၃ ခုနှစ်ဝန်းကျင်လောက်မှာတစ်ခါ ရိုက်ကူးခဲ့ဖူးပါတယ်။ အခုတစ်ခါမှာလည်း Peter Pan ရဲ့ နောက်ထပ် Live Action Remake ဇာတ်ကားအဖြစ် ၂၀၂၁ခုနစ်အတွင်းမှာ ထပ်မံထွက်ရှိလာဖို့ရှိတယ်လို့ Disney က ပြီးခဲ့တဲ့ March လပိုင်းလောက်က ကြေညာထားခဲ့ပါတယ်။ ဒီ Live Action ရဲ့ အမည်ကိုတော့ Peter Pan & Wendy လို့ ပေးထားပြီး Disney ချစ်သူတွေအနေနဲ့တော့ အသစ်နဲ့ အဟောင်းကြားက ကွဲပြားတဲ့ ရိုက်ကူးတင်ဆက်မှူတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော် ကြည့်ရှူရမယ့် အနေအထားပါပဲ။
ဒီတစ်ခေါက်ထွက်ရှိလာမယ့် Live Action Remake ဇာတ်ကားကတော့ ၁၉၅၃ ခုနှစ်က Peter Pan ရဲ့ ဇာတ်လမ်းကျောရိုးအတိုင်း အနီးစပ်ဆုံးတူညီမယ်လို့သိရပြီး Wendy ရဲ့ နာမည်ကိုပါ ဇာတ်ကား Title မှာထည့်ထားတဲ့ပုံအရ သူမအကြောင်းတွေကို ပိုအသားပေးပြီးမြင်ရသွားဖို့ရှိမယ်လို့လည်းယူဆရပါတယ်။ ထူးထူးခြားခြားအနေနဲ့ Peter Pan ဇာတ်ကားရဲ့ အဓိကကျတဲ့ဇာတ်ကောင်တစ်ခုဖြစ်တဲ့ နတ်သမီးလေး Tinkerbellနေရာမှာတော့ Grown-ish ဇာတ်လမ်းတွဲမှာပါဝင်ခဲ့တဲ့ အမေရိကန်ဖွားလူမည်းမင်းသမီးလေး Yara Shahidi က သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကြေညာသွားခဲ့ပါတယ်။

            Disney အနေနဲ့ မူရင်းဇာတ်လမ်းရဲ့ လူမည်းမဟုတ်တဲ့ ဇာတ်ကောင်တွေနေရာမှာ လူမည်းသရုပ်ဆောင်တွေကို ရွေးချယ်မှူနဲ့ပတ်သက်ပြီး The Little Mermaid ဇာတ်ကားမှာကတည်းက ဝေဖန်ချက်အမျိုးမျိုးကြုံခဲ့ရပေမယ့် ဒီတစ်ခေါက်ဇာတ်ကောင်မှာတော့ Yara ဟာ Tinkerbell အနေနဲ့ လိုက်ဖက်တယ်လို့ဆိုတဲ့သူတွေ အများကြီးတွေ့ရပါတယ်။ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ Yara ဟာ ယခုလက်ရှိ Grown-ish ဇာတ်လမ်းတွဲအပြင် Imagine That,The Sun Is Also A Star ဆိုတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး Small Foot ဆိုတဲ့ Animation ဇာတ်ကားမှာလည်း အသံသရုပ်ဆောင်အနေနဲ့ပါဝင်ခဲ့ဖူးသူတစ်ဦးပါ။

              အခု Tinkerbell နေရာကနေ ရွေးချယ်ခံလိုက်ရတဲ့အကြောင်းကိုတော့ Yara Shahidi က သူမရဲ့ Instagram account မှာ "lettssssgooooo #Tinkerbell" ဆိုတဲ့စာသားနဲ့တကွ သူမရဲ့ အစိမ်းရောင်Dress ဝတ်ထားတဲ့ ပုံလေးကိုတင်ပြီး အသိပေးခဲ့တာဖြစ်ပါတယ်။ အပြုံးချိုချိုနဲ့ လှပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ Yara Shahidi အနေနဲ့ Tinker Bell နတ်သမီးလေးအဖြစ် ဘယ်လောက်ထိ လိုက်ဖက်နေမလဲဆိုတာကတော့ ပိတ်ကားပေါ်မှာပဲ ဆက်ပြီးစောင့်ကြည့်သွားရမှာပါပဲ။

Photo Credit to the Rightful Owners

, , , ,

People

လူလားပန်းချီလားဝေခွဲရခက်လောက်တဲ့ လက်ရာတွေနဲ့ Hyperrealist Artist “Leng Jun”

လက်ရာမြောက်ချက်ကြီးကတော့ လွန်လွန်းပါတယ်

by Randy Win

September 26, 2020

                ပန်းချီပညာဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိပေါ်ထွန်းခဲ့တဲ့ အရာတစ်ခုဖြစ်သလို လူသားတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ပုံဖော်တဲ့ ပညာတစ်ခုလို့လည်းဆိုလို့ရပါတယ်။ ပန်းချီနဲ့ပတ်သက်လို့ ခြုံငုံလေ့လာကြည့်မယ်ဆိုရင် ပညာရှင်တစ်ဦးချင်းစီဟာ ကိုယ်အားသန်ရာ မတူညီတဲ့ အနုပညာဖန်တီးဟန်တွေနဲ့ ပန်းချီရသအမျိုးမျိုးပေါ်လွင်အောင် ရေးဆွဲလေ့ရှိကြတာကိုတွေ့ရမှာပါ။ အဲဒီလိုဖန်တီးကြတဲ့အခါမှာလည်း တစ်ဦးချင်းစီရဲ့ စိတ်အားထက်သန်ရာ ရေးဆွဲဟန်တွေအလိုက် မတူညီတဲ့ အခေါ်အဝေါ်နဲ့ မတူညီတဲ့ ဖန်တီးမှူရသတွေကို သက်ဝင်ခံစားမိမှာ အသေအချာပါပဲ။ ဒီလိုရေးဆွဲဟန်အမျိုးမျိုးထဲကမှ လူသိများတဲ့ ရေးဆွဲဟန်တွေကတော့ ဒြပ်မဲ့ပန်းချီ (Abstract)၊ ဒစ်ဂျစ်တယ်ပန်းချီ (Digital Art)၊ခေတ်ပြိုင်ပန်းချီ (Contemporary Art)၊ နံရံဆေးမှုတ်ပန်းချီ(Graffiti Art) ၊မော်ဒန် (Modern Art)၊ပို့စ်မော်ဒန် (Post Modern)နဲ့ သရုပ်မှန် (Realism) ပန်းချီတို့ပဲဖြစ်ကြပါတယ်။

အဲဒီ ပန်းချီရေးဆွဲဟန်အမျိုးမျိုးထဲမှာ Realism ဆိုတဲ့ သရုပ်မှန်ပန်းချီရေးဆွဲဟန်ကတော့ ပိုပြီး အခြေခံကျသလို ပိုပြီးလည်းလူကြိုက်များထင်ရှားခဲ့တဲ့ ရေးဆွဲဟန်တစ်ခုလို့ဆိုနိုင်ပါတယ်။ သရုပ်မှန်ပန်းချီနဲ့ပတ်သက်လို့ ခေတ်အဆက်ဆက် ပညာရှင်တွေအများကြီး ပေါ်ထွက်ခဲ့တဲ့အထဲကမှ ဒီဘက်ခေတ်မှာတော့ သရုပ်မှန်အနေအထားထက်ကို ကျော်လွန်ပြီး အနုစိတ်ကျလွန်းတာကြောင့် Hyperrealism လို့ သတ်မှတ်ရတဲ့အထိ ထူးခြားတဲ့ ပန်းချီရေးဆွဲဟန်တွေကို တွေ့မြင်လာရပါတယ်။ အဲဒီ Hyperrealist Artist တွေထဲမှာ လက်ရာမြောက်လွန်းလို့ လူတိုင်းပါးစပ်အဟောင်းသားဖြစ်ရတဲ့အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ ပန်းချီဆရာတစ်ဦးကတော့ Leng Jun ဆိုတဲ့ တရုတ်ပန်းချီဆရာတစ်ဦးပဲဖြစ်ပါတယ်။

Leng Jun ကို ၁၉၆၃ ခုနှစ်မှာ စီချွမ်ပြည်နယ်မှာမွေးဖွားခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ ဝူဟန်တက္ကသိုလ်ကနေအနုပညာဘာသာရပ်နဲ့ ဘွဲ့ရခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တရုတ်ခေတ်ပြိုင်ပန်းချီဆရာတစ်ဦးအနေနဲ့ သိကြပြီး သူ့ရဲ့ ဓာတ်ပုံတစ်ပုံနဲ့မခြား သက်ဝင်ထူးခြားလွန်းလှတဲ့ ပန်းချီကားတွေကြောင့် နာမည်ရလာတဲ့ ပန်းချီဆရာတစ်ဦးလည်းဖြစ်ပါတယ်။ Leonardo da Vinci ရဲ့ ပန်းချီကားတွေကို သဘောကျခဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ပထမဆုံး Hyperrealist ပန်းချီကားဟာ မိုနာလီဆာ ပန်းချီကားကို inspired ယူပြီး ဒီဘက်ခေတ်မိန်းကလေးတစ်ဦးရဲ့ ပုံတူကိုရေးဆွဲထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့ ပန်းချီကားတွေထဲမှာ လူသိအများဆုံးကတော့ အစိမ်းရောင်ဆွယ်တာဝတ်မိန်းကလေးတစ်ဦးရဲ့ ပုံတူဆီဆေးပန်းချီကားပါ။ ဘယ်လောက်ပဲအနီးကပ်ဆွဲကြည့်ကြည့် လူအစစ်နဲ့မခြား တူလွန်းတဲ့အပြင် ဆွယ်တာကထွက်နေတဲ့ သိုးမွှေးချည်စလေးတွေတစ်မျှင်ချင်း သွေးကြောတစ်ခုချင်းကအစ မြင်ရတဲ့ထိ အနုစိတ်ဆွဲထားတဲ့ သရုပ်မှန်လွန် ပန်းချီကားတွေက တကယ့်ကို သြချရလောက်အောင် ပညာသားပါတာတွေ့ရမှာဖြစ်ပါတယ်။ Leng Jun ရေးဆွဲခဲ့တဲ့ ပုံတူပန်းချီကားတစ်ကားရဲ့ အမြင့်ဆုံးရရှိခဲ့တဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ $4,703,168 ခန့်အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။

, , , ,

People

Follow လုပ်ထားသင့်တဲ့ Tiktok ပေါ်က ချစ်စရာ ကောင်ဆိုးလေးများ

မောင်လေးတွေ။

by JN Ja Seng Pan

September 23, 2020

Tik tok Video လေး ခဏကြည့်ပြီး ကြွေမိသွားတဲ့သူရှိလား။ Facebook မှာပေါ်လာတဲ့အချိန်ပဲကြည့်မိလိုက်တာမို့ အားပေးဖို့ နာမည်မသိလိုက်ရတဲ့သူတွေအများကြီးရှိမှာပါ။ ကဲဒီတော့ အားမပေးလိုက်ရတာမရှိအောင်၊ မျက်လုံးလည်း အနားပေးရာ ရောက်အောင် ချစ်စရာအကောင်းဆုံး TikTok ကောင်ဇိုးလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ အားပေးတဲ့သူများပြီး Follower တွေလည်း မနည်းမနှောမို့ ဘယ်တစ်ယောက်ကို အကြိုက်ဆုံးလဲ ပြောခဲ့ပါအုံး။

Jacob Sartorius

TikTok ID: @jacobsartorius

Jacob ကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး အဆိုတော်အနေနဲ့ရပ်တည်နေတာဖြစ်ပြီး အောင်မြင်မှုအတော်လေးရလာပြီလို့ ဆိုနိုင်ပါတယ်။ ပရိတ်သတ်အသည်းကျော် Millie Bobby Brown နဲ့လည်း ၂၀၁၇တုန်းက တွဲခဲ့ဖူးပါတယ်။

 

Christian Collins

TikTok ID: @weeklychris
သူ့ရဲ့ Unique Dance Move နဲ့ အမိုက်စား Video တွေကြောင့် TikTok မှာ နာမည်ကြီးပါတယ်။ ဆံပင်ရှည်လေးနဲ့ ဆွဲဆောင်မှုတော်တော်ရှိသူပါ။

 

Cameron Dallas

TikTok ID: @camerondalls
နာမည်ရပြီးသား Internet Personality နဲ့ Actor ဖြစ်တာကြောင့် Tiktok မှာ လူကြိုက်များပါတယ်။ သူ့ရဲ့အပြုံးတွေကို မိန်းကလေးတိုင်းက ကြွေရလောက်သူပါ။

 

Jesse Hernandez Underhill

TikTok ID: @jesseunderhill
ဆံပင် ခွေခွေကောက်ကောက်တွေက သူ့ရဲ့ အမှတ်အသားဖြစ်မှာပါ။ သူရဲ့ TikTok Video လေးတွေက မိန်းကလေးတိုင်းကို ရင်ခုန်စေပါတယ်။

 

Chase Hudson (Lil Huddy)

TikTok ID: @lilhuddy
ကျောင်းသားကားတွေမှာဆို မိန်းကလေးတိုင်း ကြွေရတဲ့ Boy Crush ပုံစံလေးပါ။ Fashion ပိုင်းဆိုလည်း တော်တော်လေးအထာကျတဲ့သူပါ။ TikTok Star တစ်ယောက်ဖြစ်တဲ့ Charli d’Amelio နဲ့ တွဲခဲ့ဖူးပြီး ပရိတ်သတ်တွေတော်တော်ကြိုက်ရတဲ့ အတွဲလေးဖြစ်ခဲ့ဖူးပါတယ်။

 

Nick Kent

TikTok ID: @nickentt
ကောင်ဇိုးလေးဆိုတဲ့ နာမည်နဲ့ တော်တော်လေး လိုက်တဲ့သူပါ။ မိန်းကလေးပရိတ်သတ်တွေက သူရဲ့ ပေတိပေစောင်းရုပ်လေးကိုပဲ ကြွေနေရတာပါတဲ့။

 

Mekai Collins

TikTok ID: @mekaic
ကပြားလေး Mekai ကို မမတွေ ဘာလို့ အသည်းစွဲဖြစ်နေတာလည်း ဆိုတာ သူ့ရဲ့ Tiktok လေးတွေကြည့်ပြီး အဖြေရှာကြည့်ပါနော်။

, ,

People

ကြွေကျလောက်တဲ့အပြုံးတွေနဲ့ဖမ်းစားခဲ့တဲ့ မူလန်မင်းသားလေး Yoson An

မျက်ရစ်မပါတာကိုက ဆွဲဆောင်မှူရှိနေတာပါ

by Randy Win

September 19, 2020

                Disney ရဲ့ ကမ္ဘာကျော် ကာတွန်းဇာတ်ကောင်တွေထဲကတစ်ခုဖြစ်တဲ့ မူလန်ကို Live Action အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားကို မကြာသေးခင်က Online Streaming အနေနဲ့ ပြသခဲ့တာ ပရိသတ်အတော်များများ ကြည့်ရှူပြီးဖြစ်ကြမှာပါ။ ဒီမူလန်ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ယောက်ျားပီသတဲ့မျက်နှာပေါက် ဆွဲဆောင်မှူရှိတဲ့ အပြုံးချိုချိုနဲ့ ကြည့်ရှူသူမိန်းကလေးပရိသတ်အများစုရဲ့ရင်ကို ညှို့ယူဖမ်းစားသွားတဲ့ ဇာတ်ကောင်တစ်ဦးကိုလည်း သတိထားမိကြပါလိမ့်မယ်။ အဲဒါကတော့ မူလန်ရဲ့ရဲဘော်ရဲဘက်တစ်ဦးလည်းဖြစ် အဓိကဇာတ်ကောင်တစ်ဦးလို့လည်းဆိုလို့ရတဲ့ Chen Honghui ဆိုတဲ့နေရာကပါဝင်သရုပ်ဆောင်ခဲ့တဲ့ Yoson An ဆိုတဲ့ မင်းသားချောလေးပဲဖြစ်ပါတယ်။

              An ကို မကာအိုမှာ မွေးဖွားတာဖြစ်ခဲ့ပြီး ပေါ်တူဂီနဲ့မကာအို သွေးနှောတဲ့ ကပြားလေးတစ်ဦးပါ။ နယူးဇီလန်နိုင်ငံသားတစ်ဦးအဖြစ်ခံယူထားပြီး အခုချိန်မှာတော့ အသက် ၂၈ နှစ်ရှိနေပြီဖြစ်တဲ့ An ဟာ မူလ မူလန်ဇာတ်ကားမှာ လုံးဝမပါရှိခဲ့တဲ့ ဇာတ်ကောင်အသစ်ဖြစ်တဲ့ Honghui နေရာကနေပါဝင်သရုပ်ဆောင်ခဲ့ရတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ဦးသာမက Filmmaker တစ်ဦးလည်းဖြစ်တဲ့ An ဟာ ဟိုးအရင်ကအောင်မြင်ခဲ့တဲ့ တရုတ်ရုပ်ရှင်ကားတစ်ခုဖြစ်တဲ့ Crouching Tiger, Hidden Dragon မှာတုန်းက Casting Department မှာ လက်ထောက်အနေနဲ့ အလုပ်လုပ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။

             Mulan ရဲ့သရုပ်ဆောင်တွေကို တရားဝင်ကြေညာပြီးကတည်းက An ရဲ့ ပုံစံဟာ လူအများရဲ့ စိတ်ဝင်စားမှူကိုခံခဲ့ရပါတယ်။ Honghui ရဲ့ ကာရိုက်တာအရ အရမ်းချောမောနေတဲ့ရုပ်ရည်မျိုးမလိုချင်ပဲ အာရှမျက်နှာပေါက်ဘက်ကိုရောက်ပြီး ယောက်ျားဆန်တဲ့ရုပ်ရည်မျိုးကို ရွေးချယ်ခဲ့ကြတဲ့အခါ ဒီကာရိုက်တာနဲ့ An ဟာ အလိုက်ဖက်ဆုံးပဲလို့ အားလုံးကဆုံးဖြတ်ခဲ့ကြပါတယ်။ အာရှဆန်တဲ့ မျက်ရစ်မရှိတဲ့မျက်နှာမျိုးကိုမှ ဆွဲဆောင်မှူပြည့်တဲ့ အပြုံးကိုထပ်ပေါင်းထားတဲ့ An အတွက် လိုချင်တဲ့ဇာတ်ကောင်နဲ့ထပ်တူကျဖို့အတွက် ကိုယ်ခန္ဓာပိုင်းကိုသာ ကြိုးစားပြုပြင်ဖို့လိုခဲ့တာပါ။အစတည်းက အားကစားနဲ့ ကိုယ်ခံပညာကို လေ့လာလိုက်စားခဲ့သူမို့ ဒီဇာတ်ကားထဲရိုက်ကူးဖို့အတွက် လိုအပ်တဲ့ ခန္ဓာကိုယ်အချိုးအစားရအောင်လည်း Training သုံးလအတွင်းမှာ ကောင်းကောင်းကြိုးစားပြုပြင်နိုင်ခဲ့ပါတယ်။ဒါ့အပြင် An ဟာ ကရာတေးခါးပတ်နက်ရရှိထားသူဖြစ်ပြီး MMA , Jujitsu,Kickboxing လိုအခြားကိုယ်ခံပညာတွေကိုလည်း အနည်းငယ်တတ်မြောက်ထားသေးတဲ့အတွက် ကိုယ်ခံပညာပိုင်းမှာ အထူးတလည်လေ့လာစရာမလိုခဲ့တဲ့အပြင် ကိုယ်တိုင်ကလည်း နာရူတိုဇာတ်လမ်းတွဲ Fan တစ်ဦးဖြစ်သေးတယ်လို့ဆိုပါတယ်။

         

             မူလန် Live Action ဟာ ကာတွန်းဇာတ်လမ်းကနေ တော်တော်လေးကွဲထွက်နေတဲ့ ဇာတ်လမ်းပုံစံတစ်ခုဖြစ်ပြီး နှစ်သက်ကြသူတွေလည်းများသလို ထင်သလောက်ဖြစ်မလာခဲ့ဘူးဆိုပြီး အားမရခဲ့ကြသူတွေလည်းအများကြီးပါ။မူရင်းဇာတ်ကားမှာပါဝင်ခဲ့တဲ့ Mushu , Shang နဲ့ ပုရစ်လေးတို့မပါတော့တဲ့အပေါ်မှာလည်း တော်တော်လေး ဝေဖန်မှူတွေများခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်ကားထုတ်လွှင့်ပြသပြီးတဲ့နောက်မှာတော့ An ဟာ သူရဲ့ ဇာတ်ကောင်စရိုက်နဲ့ အလိုက်ဖက်ဆုံးသူတစ်ယောက်အဖြစ် အကောင်းဆုံးပါဝင်သရုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာ သက်သေပြခဲ့ရုံမက ဆွဲဆောင်မှူရှိတဲ့ ခန္ဓာကိုယ် Charming ဖြစ်တဲ့ အပြုံးချိုချိုတွေနဲ့ ကြည့်ရှူသူ မိန်းကလေးပရိသတ်တွေရဲ့ရင်ထဲကို ကောင်းကောင်းရောက်ခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။

 

Photo Credits To The Rightful Owners

, , , ,

People

Mulan ဇာတ်ကောင်အတွက် သရုပ်ဆောင်ပေါင်း ၁ထောင်ကျော်ကို ဖြတ်ကျော်ခဲ့ရတဲ့ Liu Yifei

ခက်ခက်ခဲခဲရထားတဲ့ Role ပါ။

by JN Ja Seng Pan

September 19, 2020

တရုတ်သိုင်းကား Fan တွေနဲ့တော့ Liu Yifei က စိမ်းမှာမဟုတ်ပါဘူး။ ဂူးဂူးလေးလို့ လူသိများတဲ့ Liu Yifei ကို ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေကတော့ Mulan Live Action နဲ့ ရင်းနှီးခွင့်ရခဲ့တယ်လို့ဆိုရမှာပါ။ Mulan အကြောင်း မပြောခင် Liu Yifei ရဲ့ အကြောင်းလေးကို နည်းနည်းမျှဝေပေးချင်ပါတယ်။

 

Liu Yifei က တရုတ်ပြည် Wuhan မြို့မှာ မွေးဖွားတာဖြစ်ပြီး အသက်၁၀နှစ်ခန့်မှာ အမေဖြစ်သူနဲ့ အတူ အမေရိကားကို ရွှေ့ပြောင်းနေထိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်စာကို လေးနှစ်ခန့်နီးပါးသင်ကြားခဲ့ရပြီး အဲ့ဒီအတောအတွင်းမှာပဲ မိဘနှစ်ပါးက ကွာရှင်းပြတ်စဲခဲ့တာဖြစ်ပါတယ်။ Entertainment လောကထဲဝင်ရောက်ဖို့အတွက် တရုတ်ပြည်ကို ပြန်ခဲ့တာဖြစ်ပြီး IMDB အရ အသက် ၁၅နှစ်မှာ Beijing Film Academy ကို ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ တရုတ်ပြည်မှာတော့ Fairy Sister ဆိုတဲ့ နာမည်နဲ့ လူသိများလာခဲ့တာဖြစ်ပါတယ်။


Mulan Character
Mulan ဇာတ်ကောင်မှာ သရုပ်ဆောင်ရဖို့ လွယ်လွယ်နဲ့ ရရှိခဲ့တာမဟုတ်ပါဘူး။ သရုပ်ဆောင်မင်းသမီးပေါင်း ၁၀၀၀ကျော်ကို ဖြတ်သန်းခဲ့ရတာပါ။ ဒါရိုက်တာကိုယ်တိုင်က နေရာငါးနေရာမှာ ရှာဖွေခဲ့တာဖြစ်ပြီး ပါဝင်သူ အယောက်ပေါင်း ၁၀၀၀ကျော်ကို စိစစ်ရွေးချယ်ခဲ့တာပါ။ ထုတ်ဝေသူတွေကလည်း Martial Art ကျွမ်းကျင်ပြီး English လို ပြောနိုင်တဲ့သူကို ပိုပြီးဦးစားပေးပြီး သတ်မှတ်ချက်အနေနဲ့ မင်းသမီးကောင်းကောင်းတစ်လက် ကိုလိုချင်ခဲ့ကြတာပါ။

အမေရိကားမှာ နေထိုင်ခဲ့ဖူးတဲ့ Liu Yifei အတွက် English ဘာသာစကားက မစိမ်းသလို တရုတ်ပြည်မှာလည်း အောင်မြင်တဲ့ သရုပ်ဆောင်အဖြစ် ရပ်တည်နေတဲ့သူပါ။၂၀၁၄ ခုနှစ်က ထွက်ရှိတဲ့ Outcast နဲ့ ၂၀၀၈ ခုနှစ်ထွက် The Forbidden Kingdom ရုပ်ရှင်ကားတွေမှာလည်း ပါဝင်ခဲ့ဖူးသူပါ။ အဆိုပိုင်းမှာလည်း ပိုင်နိုင်ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ Mayonaka no Door ဆိုတဲ့ ဂျပန်သီချင်းက Demashita! PowerPugg Girls Z ရဲ့ အပိတ်သီချင်းအဖြစ် အသုံးပြုခဲ့တာပါ။

Mulan Live Action က ထင်သလောက် အောင်မြင်မှုမရခဲ့ပေမယ့် Liu Yifei ရဲ့ ကြိုးစားအားထုတ်မှုကိုတော့ မချီးကျူးပဲ မနေနိုင်ပါဘူး။ ဒီ Live Action မှာပါတဲ့ ၉၀ ရာခိုင်နှုန်း Stunt တွေနဲ့ သီချင်းသီဆိုမှုကို သူမကိုယ်တိုင်သာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Stunt သမားမပါပဲ Fighting Scene တွေကို Professional ဆန်ဆန်အကောင်းဆုံး သရုပ်ဆောင်သွားခဲ့တာ ရိုက်ကူးရေးသမားတွေအားလုံးက အံ့သြသင့်ခဲ့ရတယ်လို့ဆိုပါတယ်။
ဆိုတော့ Mulan ဇာတ်ကောင်နဲ့ လိုက်မလိုက်ဆိုတာကတော့ ကိုယ်တိုင်ပဲ တွေးသာကြည့်လိုက်တော့နော်။

, , ,

People

အစားတစ်လိုင်းတွေ Follow လုပ်ထားသင့်တဲ့ ပြည်တွင်းက Food Blogger များ

Foodie လေးတွေအတွက်

by JN Ja Seng Pan

September 19, 2020

Social Media မှာ Blogger တွေ တစ်နေ့ထက် တစ်နေ့များလာတာနဲ့ အမျှ သက်ဆိုင်ရာ အမျိူးအစားလိုက်ပြီး ပရိတ်သတ်တွေ အားပေးမှုများလာတာတွေ့ရပါတယ်။ Beauty Blogger တွေ၊ Fashion Blogger တွေအကြောင်း ရေးသားပြီးတဲ့နောက် ဒီတစ်ခါမှာတော့ အစားအသောက်ကို ခုံမင်တဲ့သူတွေအတွက် မြန်မာနိုင်ငံက Food Blogger တွေအကြောင်းကို တစ်ဖန်ပြန်ပြီး မျှဝေပေးချင်ပါတယ်။ အစားအသောက်ပျက်နေတဲ့အချိန်ဖြစ်ဖြစ်၊ ငတ်ကြီးကျချင်ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် Review လေး လိုအပ်နေတဲ့အချိန်မှာဖြစ်ဖြစ် အသုံးဝင်သွားအောင် Follow ထားဖို့ အခုပဲကြည့်လိုက်ရအောင်နော်။ (အခြား Food Blogger ကောင်းကောင်းတွေ အများကြီးရှိမှာဖြစ်ပေမယ့် ကိုယ်လက်လှမ်းမှီသလောက်သာ မျှဝေပေးထားတာဖြစ်ကြောင်းကိုလည်း ကြိုပြီးအသိပေးချင်ပါတယ်နော်။)


Mali Ingra - Food & Travel

ခရီးထွက်တဲ့အချိန် အစားအသောက်ကောင်းကောင်း မြည်းစမ်းချင်တဲ့သူတွေအတွက် အိုခေအဆင်ပြေမယ့် Page လေးပါ။ မမ မလိရဲ့ ဒေသထွက် အစားအသောက် Review တွေကို ဖတ်ရင်း ကိုယ်တိုင် ခရီးသွားအရသာကို ရမှာမို့ စိတ်ကြည်နူးမှုဖြစ်စေမှာပါ။


Where I Eat Halal Food

Halal Food တွေကိုသာ သုံးဆောင်ချင်တဲ့ Foodie လေးတွေအတွက် ဒီ Page လေးက တော်တော်လေး အသုံးဝင်မှာပါ။ စားချင်တဲ့ အစားအသောက်မှန်သမျှကို Halal ရနိုင်မယ့် နေရာလေးတွေ ရှာဖွေတင်ဆက်ပေးထားပါတယ်။ Review လေးတွေကိုလည်း အသေအချာလေး ရေးထားပေးတာမို့ အကြိုက်တွေ့မှာပါ။


Foodie Done

Celebrity တွေကို ဖိတ်ခေါ်ပြီး ပျော်ပျော်ပါးပါး ဟင်းချက်ပြတတ်တဲ့ Page ပါ။ မုန့်လုပ်နည်းလေးတွေ၊ ဟင်းချက်နည်းလေးတွေကို တစ်ဆင့်ချင်းစီအလိုက် သေသေချာချာလည်း မျှဝေပေးတာကြောင့် ကိုယ်တိုင်လည်း ကြည့်ရင်း လုပ်ချက်နိုင်မှာပါ။


Ser mal - စားမယ်

Mukbang ကြိုက်တဲ့သူတွေအတွက် ကြည့်နေရင်း သရေကျအောင် စားပြမယ့် Page လေးပါ။ Travel Food Video လေးတွေကိုလည်း Quality ကောင်းကောင်းနဲ့ မပျင်းရအောင် တင်ဆက်တတ်တာမို့ Food Channel တစ်ခုကို ကြည့်နေရသလို ခံစားရမှာပါ။


Foodokit

ပရိတ်သတ်အားပေးမှုများတဲ့ ချစ်စရာ Food Blogger မမရဲ့ Page ပါ။ လွယ်ကူတဲ့ဟင်းချက်နည်းတွေ၊ အရသာကောင်းကောင်း Street Food တွေကို ရှာဖွေပြီး တင်ဆက်ပေးလေ့ရှိပါတယ်။ မကြာမကြာ Live လွှင့်ပြီးတော့လည်း အားပါးတရ စားပြတတ်တာမို့ ဗိုက်ဆာနေတဲ့အချိန်ဆို အတော်လေး အန္တရာယ်ရှိပါတယ်။


Food in Yangon

ရန်ကုန်က Food Lover တွေအတွက် ဘယ်ဆိုင်၊ ဘယ်လိုကောင်းလဲဆိုတာကို Review သေသေချာချာလေး ရေးပြီး မျှဝေပေးလေ့ရှိတဲ့ Page ပါ။ ထူးထူးခြားခြား ရွာချက်ဟင်းလက်ရာ လတ်လတ်ဆတ်ဆတ် တွေကိုလည်း ရွာဓလေ့စတိုင်နဲ့ ချစ်စရာကောင်းအောင် ရိုက်ကူးတင်ဆက်ပြတတ်တာမို့ မဖြစ်မနေကြည့်သင့်ပါတယ်နော်။


ပင်လယ်စာကျွန်း

 

ဒီ Page ကိုတော့ တော်တော်များများ ဝင်ကြည့်ဖူးကြလောက်မှာပါ။ Seafood Resturant ဆိုပေမယ့် ဆိုင်ရှင်မမရဲ့ အားရပါးရ စားပြတဲ့ Live တွေကြောင့် နာမည်ကြီးပါတယ်။ အထောင်းတွေ၊ ပင်လယ်စာတွေကို ကြိုက်တဲ့သူတွေအတွက် သရေကျရမယ့် Page လေးမို့ Follow လုပ်ထားသင့်ပါတယ်။


Show Show Aung

, ,

MODA TV 


People

Sugar Daddy ကြီး Dan Bilzerian ဘေးက အမိုက်ဆုံး မဒီ ၁၀ ယောက်

အမိုက်စားတွေကြီးပဲ

by JN Ja Seng Pan

September 17, 2020

Dan Bilzerian ဆိုတဲ့ ဘဲကြီးကို မသိတဲ့သူ ခပ်ရှားရှားဖြစ်လောက်မှာပါ။ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ရှုးသွပ်စရာ ပါတီပွဲတွေက အားလုံးကို အံ့သြစရာဖြစ်စေတာ အမှန်ပါ။ ဒီအထဲကမှ သူ့ဘေးမှာ အမြဲရှိနေတဲ့ မရေမတွက်နိုင်တဲ့ ခပ်ဟော့ဟော့ကောင်မလေးတွေကိုလည်း အင်တာနက် အသုံးပြုသူတွေက အမြဲစိတ်ဝင်တစား စောင့်ကြည့်နေတာပါ။ Dan Bilzerian ဆိုတာနဲ့ အမိုက်တက အမိုက်ဆုံးကောင်မလေးတွေနဲ့ ကဲနေတာကို အမြဲတွေ့ရမှာပါ။ မော်ဒယ်လ်မလေးတွေကလည်း ဒီလို Life မျိူးမှာ ပျော်ပါးသောင်းကျန်းဖို့ Dan Bilzerian ဘေးနား နေခွင့်ရမယ့် အချိန်ကို စောင့်နေကြတယ်လို့ ဆိုပါတယ်။ Dan Bilzerian အကြောင်းကိုတော့ ကိုယ့်လူတို့က သိထားပြီးနေလောက်ပါပြီ။ ဆိုတော့ သူ Favourite အဖြစ်ဆုံး၊ အလန်းဆုံး၊ အမိုက်ဆုံး ကောင်မလေးတွေက ဘယ်သူတွေလဲ! Instagram မှာပါ အပြေးအလွှား Follow လုပ်လို့ရအောင် စုစည်းဖော်ပြလိုက်ရပါတယ်။

10. Hailey Grice

လောလောလတ်လတ် Covid ဖြစ်ပြီး Quarantine နေရတဲ့အခိုက် အတူရှိနေတဲ့သူကတော့ အငယ်ဆုံးလေး Hailey Grice ပါ။ Dan ရဲ့ Ig မှာလည်း သူမနဲ့ပုံကို တော်တော်များများတင်ထားတာတွေ့ရပါတယ်။

 

9. Desiree Schlotz


အသက် ၂၂နှစ်သာရှိသေးတာမို့ အငယ်ဆုံးစာရင်းဝင်ထဲက တစ်ယောက်ပါ။ Instagram Model ဖြစ်ပြီး Dan နဲ့ တွဲပြီးကတည်းက အလုပ်တွေအများကြီး လက်ခံရပြီး နာမည်ကြီးလာတယ်လို့ဆိုပါတယ်။ Katie Bell ပြီးရင် Ignite အတွက် Photoshoot တွေ တော်တော်လေး လုပ်ပေးရတဲ့သူပါ။

 

8. Chloe Othen

 

အင်္ဂလန်သူလေး Chloe ကလည်း ပူတဲ့ရာသီဥတုကို ကြိုက်တဲ့ပုံပါပဲ။ Miss Earth Winner တစ်ယောက်ဖြစ်ပြီး မော်ဒယ်လုပ်နေတဲ့ Chloe ကို Dan နဲ့ Beach တွေမှာ အတူတွေ့ရလေ့ရှိပါတယ်။

 

7. Lauren Blake


Dan နဲ့ အတူရှိခဲ့တဲ့အချိန်တွေကို ဘယ်တော့မှ နောင်တမရဘူးလို့ ဆိုလာသူပါ။ Fitness Promoter ဖြစ်သလို Biochemistry ဘွဲ့ရ Lauren က သူကြောင့် ကျွန်မ Follower တွေများခဲ့ရသလို School Loan တွေ ပြန်ဆပ်ခွင့်ရလို့ ကျေးဇူးတင်တယ်လို့ ပြောထားပါတယ်။

 

6. Tawny Jordan

အခြားကောင်မလေးတွေထက် Dan နဲ့ အချိန်တော်တော်များများ ဖြုန်းလေ့ရှိတဲ့သူပါ။ ဆိုတော့ Dan ရဲ့ Favourite Girl တစ်ယောက်ဆိုတာ ပြောစရာတောင်မလိုလောက်ပါဘူး။ ပြည်ပခရီးတွေသွားရင် ပါသွားလေ့ရှိပြီး Dan ရဲ့ Mommy လို့တောင် ပြောကြပါတယ်။

 

5. Hannah Palmer

အမေရိကားမှာရှိတဲ့ University of Arizona ကျောင်းဆင်းဖြစ်ပြီး နုဂိုထဲက ဆွဲဆောင်မှုရှိတဲ့ ကျောင်းသူတစ်ယောက်အဖြစ် လူသိများပါတယ်။ Dan ရဲ့ ပါတီပွဲတွေ၊ Vacation တွေမှာ တွေ့ရစိပ်တဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်။

 

4. Leidy Labrado

Tropical ပိုင်းက နိုင်ငံခြားသူလေးတွေကို သဘောကျတတ်တဲ့ Dan အတွက် Leidy လေးကလည်း တော်တော်လေး ဆွဲဆောင်မှု ကောင်းစေမှာပါ။ Cuba သူလေးဖြစ်ပြီး မျက်နှာပေါက်က ပုံမှန် Dan ဘေးမှာရှိတဲ့ ကောင်မလေးတွေထက် ထူးခြားတာအမှန်ပါ။

 

3. Katie Bell

Dan ကိုယ်တိုင်က သူမကို တွေ့ပြီး ချဉ်းကပ်ခဲ့တာလို့ဆိုပါတယ်။ Ignite Brand နဲ့ ပတ်သတ်ပြီးတော့လည်း သူမကို အရှေ့မှာ အမြဲထားလေ့ရှိပါတယ်။ အဲ့ဒီကနေစပြီး Dan ဘေးက အဟော့ဆုံး မိန်းကလေးစာရင်းထဲက တစ်ယောက်ဖြစ်လာပါတယ်။

 

2. Sofia Bevarly

Dan Bilzerian ရဲ့ ဘေးက ကောင်မလေးတွေထဲက Sofia ကို လူသိအများဆုံးဖြစ်မှာပါ။ Dan ရဲ့ Favourite အဖြစ်ဆုံးကောင်မလေးဖြစ်သလို နှစ်တော်တော်များများ Dan ရဲ့ Righ hand girl လေးအဖြစ် ရှိနေခဲ့တာပါ။

 

1. Andreea Cristina

Dan တွဲခဲ့သမျှကောင်မလေးတွေထဲမှာ ဒီ Bucharest သူလေးကိုတော့ ကိုယ်ပါ တကယ်ကြွေမိတာ အမှန်ပါ။ ကိုယ်ကြွေသလို Andree ကို ကြွေတဲ့ယောင်္ကျားထုကြီးကလည်း မနည်းမနောပါ။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် မယူရင် သတ်ပစ်မယ်တို့၊ Stalk လုပ်တာတွေပါ ကြုံရတယ်လို့ ဆိုပါတယ်။ Beauty & Lifestyle Blogger အဖြစ်ရပ်တည်နေပြီး ချစ်ရတဲ့သူနဲ့ 2018 မှာ လက်ထက်သွားပြီဖြစ်ပါတယ်။

, , ,

People

Rupaul's Drag Race က အကြွေရဆုံး Dragqueen များ

လှလည်းလှ Talent ကလည်း အပြည့်ပါပဲ

by Randy Win

July 23, 2020

              အမေရိကရဲ့ လူသိများကျော်ကြားတဲ့ Reality Show တွေထဲကတစ်ခုဖြစ်တဲ့ RuPaul's Drag Race ကို ကြည့်ဖူးသူတွေလည်းရှိသလို မကြည့်ဖူးသေးတဲ့သူတွေလည်းရှိနိုင်ပါတယ်။ Dragqueen တွေရဲ့ Talent နဲ့ Performanceမျိုးစုံကို Challenge မျိုးစုံနဲ့ခက်ခက်ခဲခဲယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ခုချိန်မှာဆိုရင် Season 12 အထိကျင်းပနိုင်ခဲ့ပါပြီ။ Mentor အနေနဲ့ RuPaul ကတာ၀န်ယူပြီး Main Judges တွေအနေနဲ့ Rupaul , Michelle Visage ,Carson Kressley, Merle Ginberg တို့ပါ၀င်သလို အခြား Guest Judgesတွေလည်းအများကြီး ပါ၀င်ထားပါတယ်။ ဒီလိုခမ်းနားကြီးကျယ်တဲ့ Reality Show ကြီးမှာ ခက်ခက်ခဲခဲနဲ့ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြတဲ့ Contestant တွေထဲကမှ Talent အရလည်းတော်သလို မိတ်ကပ်ပြင်ဆင်လိုက်တဲ့အခါ မိန်းကလေးအစစ်နဲ့မခြားလှပလွန်းတဲ့သူတွေလည်းအများကြီးပေါ်ထွက်လာခဲ့တာကို ကြည့်ဖူးတဲ့သူတော်တော်များများသိကြမှာပါ။ အဲဒီထဲကမှ တော်လည်းတော်သလို လှလည်းအလှဆုံးဖြစ်တဲ့ငါးယောက်ကို ရွေးထုတ်ပြီး ဖော်ပြပေးသွားမှာမို့ ဘယ်သူတွေက ဘယ်‌လောက်တောင်များ ကြွေကျရလောက်အောင် လှပနေမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။


April Carrion


RuPaul's Drag Race ရဲ့ Season 6 ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့တဲ့ April Carrion ကိုလည်း အလှဆုံးပြိုင်ပွဲဝင်တွေထဲမှာ တစ်ဦးအနေနဲ့ ထည့်ရမှာပဲဖြစ်ပါတယ်။ နာမည်အရင်း Jason Carrion ဆိုတဲ့ ဒီပြိုင်ပွဲဝင်က ယောက်ျားလေးအနေနဲ့ရော Dragqueen တစ်ဦးအနေနဲ့ပါ ခန့်ညားမှူနဲ့ လှပမှူတို့ ရောနှောနေတာကြောင့်လည်း အားလုံးသတိထားမိတဲ့ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ Ep-1 မှာ အမှတ်ကောင်းကောင်းရရှိခဲ့ပေမယ့် Ep – 3 မှာတော့ Bottom ထိုင်ခဲ့ရပြီး Ep-4 မှာ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ပြိုင်ပွဲကနေ နှုတ်ဆက်လိုက်ရတာဖြစ်ပါတယ်။


Violet Chachki


Season 7 မှာ လူသိများပြီး ပရိသတ်တွေသဘောကျခဲ့ရတဲ့ အလှဆုံးပြိုင်ပွဲဝင်နောက်တစ်ဦးကတော့ Violet Chachki ပါပဲ ။ နာမည်အရင်း Jason Dardo ဖြစ်ပြီး Drag Performer တစ်ဦးလည်းဟုတ်သလို Model တစ်ဦးလည်းဖြစ်တဲ့ Violet ဟာ Season 7 မှာ Winner ဆုကို ထိုက်ထိုက်တန်တန်ကြီး ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပါတယ်။ ယောက်ျားလေးအနေနဲ့ရော မိန်းကလေးအနေနဲ့ပါ ချောမောလှပလွန်းတဲ့ Violet ဟာ ပြိုင်ပွဲမှာ အနိုင်ရပြီးတဲ့နောက်မှာ ပိုနာမည်ကျော်ကြားလာခဲ့ပြီး Dita Von Teese, Prada, Moschino, Vogue စတဲ့ Brand တွေနဲ့တွဲဖက်ပြီး အလုပ်လုပ်နိုင်ခဲ့တဲ့အထိအောင်မြင်ခဲ့သူတစ်ဦးပါ။


Farrah Moan


Season 9 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့တဲ့ Farrah Moan ကိုလည်း RuPaul's Drag Race ကိုစောင့်ကြည့်နေတဲ့သူတိုင်းသတိထားမိကြမှာပါ။ အမြင့်ဆုံးရမှတ်ကို Ep-4 မှာ တစ်ကြိမ်ပိုင်ဆိုင်နိုင်ခဲ့ပြီး Ep- 5 မှာတော့ Bottom ထိုင်ခဲ့ရပါတယ်။ Ep-8 မှာတော့ ဝမ်းနည်းဖွယ်ကောင်းစွာပဲ Eliminated ဖြစ်ခဲ့တဲ့ Moan ဟာလည်း ပြိုင်ပွဲတစ်လျှောက် အလှဆုံးလို့ဆိုရမယ့် Drag Queen တွေထဲမှာ ပါဝင်နေပါတယ်။


Miss Fame


Photo Model လည်းဖြစ် Makeup Guru တစ်ယောက်လို့လည်းဆိုနိုင်တဲ့ Miss Fame ကလည်း အလှဆုံး Rupaul's Drag Race ပြိုင်ပွဲ၀င်တွေထဲကတစ်ယောက်ပါပဲ။ Season 7 မှာ ပါ၀င်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး Rubber Doll ဆိုတဲ့ Single သီချင်းနဲ့ Beauty Marked ဆိုတဲ့ Single Album ထွက်ရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။


Plastique Tiara


သူ့ကိုတော့ TikTok ဆော့တဲ့သူတော်တော်များများသိကြမှာပါ။ ဗီယက်နမ်လူမျိုးတစ်ဦးဖြစ်ပြီး Season 11 ရဲ့ပြိုင်ပွဲ၀င်တစ်ဦးလည်းဖြစ်ပါတယ်။ယောက်ျားလေးတစ်ယောက်အနေနဲ့ကြွေလောက်တဲ့မျက်နှာကိုပိုင်ဆိုင်ထားတဲ့ Tiara ဟာ မိန်းကလေးတစ်ဦးလိုပြင်ဆင်လိုက်တဲ့အခါမှာလည်း ရူးလောက်အောင်လှတာမို့ Rupaul's Drag Raceရဲ့ အလှဆုံးတွေထဲကတစ်ဦးအဖြစ်အရမ်းကိုထိုက်တန်တဲ့သူလို့ဆိုရမှာပါပဲ။


Photo Credit to the Rightful Owners

, , , , ,

People

ရက်ရက်စက်စက်လှရက်နိုင်ကြတဲ့ နိုင်ငံတကာက Transwoman (၁၃) ယောက်

မှုံနေတာပဲ။

by JN Ja Seng Pan

July 13, 2020

တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ LGBTQ ဆိုတဲ့ Community ကို အမြင်ကျယ်ကျယ်နဲ့ လက်ခံလာကြပြီး အားပေးလာကြတာတွေ့ရပါတယ်။ နိုင်ငံတကာက Fashion Brand တွေ၊ Beauty Brand တွေဆိုလည်း ဒီ အဖွဲ့အစည်းကသူတွေကို လက်တွဲခေါ်ပြီး နေရာပေးလာကြပါတယ်။ ဒီထဲကမှ Trans တွေဆိုလည်း မွေးရာပါ လိင်အင်္ဂါကို ပြောင်းလဲပြီး ဆန့်ကျင်ဘက်အဖြစ်နဲ့ နေထိုင်ကြတဲ့သူတွေပါ။ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးပြီး မိန်းကလေးတစ်ယောက်လို လှတဲ့ Transwoman တွေကလည်း အများကြီးမို့ အားကျလို့ရအောင် မျှဝေပေးချင်ပါတယ်။ ရက်ရက်စက်စက်ကိုလှပြီး နူးညံ့တဲ့သူတွေမို့ သူ့တို့ကလည်း အမျိူးသမီးတွေပဲဆိုတာကို ခံစားရမှာပါ။

1. Valentina Sampaio

၂၀၁၉ ထဲက နာမည်ကြီးလာခဲ့တဲ့ ဘရာဇီး Model မလေးဖြစ်ပါတယ်။ Victoria’s Secret ရဲ့ ပထမဦးဆုံး Trans Model တစ်ယောက်လည်းဖြစ်ပါတယ်။ L’Oreal ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်သလို နာမည်ကြီး Fashion Magazine တွေရဲ့ Cover Star အဖြစ်လည်း ဖော်ပြခွင့်ရသူပါ။ တော်တော်လေးကိုလှတာနော်။

2. Theodora 'Teddy' Quinlivan



အမိုက်စား မျက်နှာကျ၊ မျက်နှာထားနဲ့ Chanel Beauty ရဲ့ ပထမဦးဆုံး Trans Model အဖြစ် Trans သမိုင်းအတွက် စွမ်းဆောင်နိုင်ခဲ့သူလေးပါ။ လိင်မပြောင်းလဲခင်မှာပဲ မော်ဒယ်အဖြစ် လှုပ်ရှားနေခဲ့သလို ၂၀၁၇ စက်တင်ဘာလမှာတော့ လိင်ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြောငြာခဲ့တာဖြစ်ပါတယ်။

3. Hunter Schafer



HBO ရဲ့ နာမည်ကြီး စီးရီးဖြစ်တဲ့ Euphoria မှာ ဇာတ်ဆောင်နေရာက သရုပ်ဆောင်ထားသလို မော်ဒယ်အနေနဲ့လည်း လုပ်ကိုင်နေသူပါ။ အထာကျကျဝတ်တတ်ပြီး Baby Face လေးနဲ့ ချစ်စရာကောင်းသူမို့ အနုပညာလောကမှာ နာမည်ရလာသူလေးဖြစ်ပါတယ်။

4. Andreja Pejic



အရပ် ၆ပေ၁လက်မ ရှိတဲ့ သြစီသူလေးပါ။ Trans Woman အဖြစ် အတိအလင်းမထွက်လာခင်မှာပဲ ကမ္ဘာပထမဆုံးဒွိလင် မော်ဒယ်အဖြစ် နာမည်ကြီးခဲ့သူဖြစ်ပါတယ်။ အသက်၁၇နှစ်ထဲက မော်ဒယ်အဖြစ် လုပ်ကိုင်နေတာပါ။

5. Gigi Gorgeous



နာမည်ကြီး Canadian Youtuber ဖြစ်တဲ့ Gigi Gorgeous က Barbie ရုပ်လေးနဲ့ တော်တော့်ကို တူတာပါ။ ဒီလို မျက်နှာပိုင်ဆိုင်ဖို့ Plastics Surgery လုပ်ထားတယ်ဆိုပေမယ့် တော်တော်လေးကိုလှတာတော့ ငြင်းလို့မရပါဘူး။ Getty Family ရဲ့ အမွေဆက်ခံသူ Nats Getty ဆိုတဲ့ အမျိူးသမီးနဲ့ လက်ထပ်ထားတာဖြစ်ပြီး Lesbian တစ်ယောက်လည်းဖြစ်ပါတယ်။

6. Nikita Dragun



Youtuber, Makeup Artist ဖြစ်ပြီး သူမရဲ့ Vlog တွေကိုလည်း ကြည့်ဖူးကြမှာပါ။ ဆွဲဆောင်မှုရှိတဲ့ body ကောက်ကြောင်းကို ပိုင်ဆိုင်ထားပြီး ကြည့်လိုက်တာနဲ့ မိန်းကလေးအစစ်လို့ ထင်ကြတဲ့သူကြီးပါ။ လူတွေကို လိုက်မေးထားတဲ့ Video လေးလဲ Youtube မှာရှိတယ်နော်။ Beauty Line ဖြစ်တဲ့ Dragun Beauty ကိုလည်း တည်ထောင်ထားသူပါ။

7. Jenna Talackova



ကနေဒီယန်သူလေး Jenna က Miss Universe Canada မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူပါ။ မိန်းကလေးတစ်ယောက်လို ချောမောလှပလွန်းလို့ Trans မှန်းတောင် သတိထားမိကြမှာ မဟုတ်ပါဘူး။ ပြိုင်ပွဲအတွင်းမှာလည်း Top 12 ထိရောက်ခဲ့ပြီးမှ Trans Woman ဖြစ်နေတဲ့အတွက်ကြောင့်သာ ဖြုတ်ချခြင်းခံရတာပါ။ အသက်ဆယ့်လေးနှစ်ထဲက လိင်ပြောင်းလဲခွဲစိတ်ထားတာဖြစ်ပါတယ်။

8. Kayo Satoh



ဂျပန်မလေး Kayo ကလည်း ယောင်္ကျားလေးတွေ စွဲလန်းရတဲ့ အလှပိုင်ရှင်ပါ။ မော်ဒယ်နဲ့ TV Personality တစ်ယောက်ဖြစ်ပြီး သူမရဲ့ Blog တစ်ခုမှာ ယောကျာၤးလေးအဖြစ် မွေးဖွားခဲ့တယ်ဆိုတာ ကြေငြာပြီးနောက်မှာတော့ Fan တွေအားလုံး တအံ့တသြဖြစ်ခဲ့ပြီး လူမှုကွန်ရက်မှာ နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။


9. Treechada Poyd Petcharat



နှစ်တွေဘယ်လိုပြောင်းပြောင်း Poyd ကတော့ ထိုင်းနိုင်ငံရဲ့ အလှဆုံး Transwoman အဖြစ်ရပ်တည်နေမှာ အသေအချာပါ။ Thai နိုင်ငံရဲ့ ပထမဆုံး လိင်ပြောင်းလဲခွဲစိတ်ထားတဲ့သူ တစ်ယောက်လည်းဖြစ်ပြီး မော်ဒယ် မင်းသမီးတစ်ယောက်အနေနဲ့ လုပ်ကိုင်နေသူပါ။


10. Chananchida Blossom



ကိုးရီးယားမလေးလို ချစ်စရာကောင်းတဲ့ Blossom က Face Thailand Season 3 ရဲ့ Contestant တစ်ယောက်ဖြစ်ပါတယ်။ Top Three ထဲမှာ မပါဝင်ခဲ့ပေမယ့် ပရိတ်သတ်အားပေးမှုကို အများအပြားရရှိခဲ့တဲ့သူလေးပါ။ Fashion ပိုင်းမှာ တော်တော်လေးအထာကျတဲ့သူဖြစ်ပြီး ယောင်္ကျားလေးဖြစ်ခဲ့ဘူးတယ်ဆိုတာ မယုံနိုင်လောက်အောင် လှတဲ့သူပါ။

11. Nathachat Hana



အညိုစင်လေးတွေသဘောကျတဲ့သူဆိုရင်တော့ သူကို တော်တော်လေးကြွေမှာပါ။ Super Model အချိုးအစစ်နဲ့ အမိုက်စားအသွင်အပြင်ကြောင့် လူကြိုက်များလာတာဖြစ်ပြီး ဆွဲဆောင်မှုတော်တော်ရှိတဲ့ သူပါ။

12. Rinrada Yoshi



ကပြားရုပ်လေးနဲ့ သူမက Social Media မှာ အရုပ်မလေးနဲ့တူတယ် ဆိုပြီး နာမည်ကြီးသူလေးပါ။ အသက်၂၃နှစ်သာရှိသေးပြီး အနုပညာအလုပ်တွေ လုပ်ကိုင်နေပါတယ်။ Editor ကတော့ သူမျက်နှာလေးကို သိပ်ချစ်တာပဲ။ ကောင်လေးတွေရဲ့ အားပေးမှုကိုအပြည့်အဝပိုင်ဆိုင်ထားသူပါ။

13. Monthana Jeen



ဒီ Trans မလေးကလည်း သဘာဝဆန်ဆန်လေးနဲ့ နှစ်လိုဖွယ်ကောင်းနေပြန်ရော။ ၂၀၁၇ တုန်းက စစ်မှုထမ်းဖို့အတွက် မိန်းကလေးဆန်ပြီး ချောမောတဲ့ရုပ်ရှင်သွင်ပြင်ကြောင့် နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

 

, ,