×
Fashion News

Prada ရဲ့ Campaign အသစ်မှာ Face Model အဖြစ်မြင်တွေ့ရမယ့် Frank Ocean

American Artist က ဒိတ်ဒိတ်ကျဲ Italian Fashion House ရဲ့ မော်ဒယ်ဖြစ်လာတော့မှာလား

by May Shoon

January 10, 2020


2016 ခုနှစ်က Calvin Klein Ad တစ်ခုရိုက်ကူးပြီးနောက်ပိုင်းတည်းက Photoshoot တွေနဲ့ Interview တွေမှာ သိပ်မတွေ့ရတဲ့ Frank Ocean တစ်ယောက် 2020 မှာတော့ နာမည်ကြီး Fashion Campaingn ရဲ့ Face Model အဖြစ် ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။ Ocean က နာမည်ကျော် Italian Fashion House “Prada” ရဲ့ 2020 Spring/Summer Menswear Campaign မှာ New Face Model အဖြစ်ပါဝင်ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ Ocean ရဲ့ New Campaign Video ကိုလည်း Prada ရဲ့ Official Instagram Page မှာကြည့်ရှုနိုင်ပါတယ်။

(https://www.instagram.com/p/B7GWd7qDc5f/ )


Frank Ocean ကဒီ Campaign ရဲ့ မော်ဒယ်မဖြစ်ခင်တည်းက သူက Prada Fan တစ်ယောက်ဆိုတာကို အားလုံးသတိထားမိလောက်မှာပါ။ 2019 Met Gala နဲ့ Vogue Magazine မှာရိုက်ကူးခဲ့တဲ့အချိန်တုန်းကလည်း Prada Jacket တွေကို ဝတ်ဆင်ခဲ့သလို W Magazine ရဲ့ Editorial Shoot မှာလည်း Prada ဝတ်စုံတွေကို နှစ်နှစ်ခြိုက်ခြိုက် ဝတ်ဆင်ခဲ့တာပါ။ ပြီးတော့ Shanghai မှာပြုလုပ်ခဲ့တဲ့ Prada ရဲ့ Spring 2020 menswear show ကိုလည်းတက်ရောက်ခဲ့ပါတယ်။
နှစ်သစ်မှာ Fashion Campaign တွေမှာပါဝင်လာပြီဆိုတော့ နောက်ပိုင်းFrank Ocean လည်း Kanye West, Travis Scott တို့်လိုဖက်ရှင် Collaboration ခြေလှမ်းသစ်တွေ ရှိလာမလားတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

 

, , ,
Fashion News

ညှို့ဓာတ်ပြင်းအလှတရားတို့ အားပြိုင်နေကြတဲ့ ၂၀၂၀ အော်စကာညနေခင်း

တစ်နှစ်ထက်တစ်နှစ် ကျက်သရေရှိရှိနဲ့လှပဆန်းသစ်လာတဲ့ အော်စကာပွဲတက်ဝတ်စုံတွေကတော့ ရင်သပ်ရှူမောစရာပါပဲ

by Randy Win

February 10, 2020

                ဖက်ရှင်ချစ်သူတွေရော ရုပ်ရှင်ချစ်ပရိသတ်တွေပါ အမြဲစိတ်ဝင်တစားစောင့်ကြည့်ကြရတဲ့ အော်စကာဆုပေးပွဲကြီးကို ယခုနှစ်မှာလည်း (၉၂) ကြိမ်မြောက်အနေနဲ့ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ရဲ့ Dolby ပြဇာတ်ရုံကြီးမှာ ထပ်မံကျင်းပပြုလုပ်ခဲ့ပါတယ်။ အော်စကာစာရင်းဝင် Nominees တွေကတော့ ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးလို့ဆိုရမယ့် အော်စကာရွှေစင်ရုပ်တုကို ရင်ခုန်မျှော်လင့်ရင်း အလှပဆုံး အချေမိုးဆုံးတွေဝတ်ဆင်ပြီး ပွဲကိုတက်ရောက်လာခဲ့ကြပါတယ်။ အော်စကာဆုပေးပွဲဟာ ကမ္ဘာတစ်ဝန်းလုံးမှာ စောင့်အကြည့်ခံရဆုံး Red Carpets ပွဲတစ်ခုဖြစ်တဲ့အပြင် အမိုက်ဆုံး အလန်းဆုံးဆိုတဲ့ ဖက်ရှင်တွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းထဲ ရင်သပ်ရှုမောဖွယ် တွေ့မြင်ရတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
                ယခင်နှစ်ဆုပေးပွဲတွေမှာလည်း မင်းသမီး Halle Berry အတွက် Elie Saab ရဲ့ လှပတဲ့ ကြက်သွေးရောင်ဂါဝန်၊ ဂျနီဖာလောရန့်ဇ်ရဲ့ Christian Dior ဂါဝန် တွေဟာ အရမ်းကို ထင်ရှားပြီး လူသိများခဲ့တဲ့ အော်စကာပွဲတက်ဝတ်စုံတွေဖြစ်ခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုပြီးထူးခြားကျက်သရေရှိတဲ့ ဝတ်စုံတွေနဲ့ လှပမှူတွေအားပြိုင်နေတဲ့ ပွဲကြီးမှာ ဒီနှစ်လည်း Celebrity တွေကဘယ်လိုများ အပြိုင်အဆိုင် အထူးခြားဆုံးတွေဝတ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဖက်ရှင်နဲ့ ရုပ်ရှင်လောကရဲ့ ပေါင်းစပ်မှူတစ်ခုလို့ဆိုရမယ့် ၂၀၂၀ အော်စကာဆုပေးပွဲကြီး ရဲ့ Red Carpet ညနေခင်းမှာ သူ့ထက်ငါ အပြိုင်လှပကျော့ရှင်းနေတဲ့ Celebrity တချို့ရဲ့ ပွဲတက်ဖက်ရှင်တွေကို အားလုံးကြည့်ရှူခံစားနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။

, , , ,

Fashion News

သင့်ကို အထက်တန်းလွှာက ပုံစံဖြစ်သွားစေမယ့် ဝတ်စားဆင်ယင်မှုများ

ပျိုမေတို့အတွက် အဝတ်အစားဝတ်တဲ့အခါ အရွေးမမှားစေဖို့က အလွန်အရေးကြီးတဲ့အချက်ပါ။

by Lin Lin

February 5, 2020

ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေဖို့အတွက် ထသွားထလာပုံစံမျိုး ဝတ်ထားရင်တောင်မှ ဈေးကြီးတဲ့ပုံစံမျိုးဖြစ်စေမယ့် ဖက်ရှင်တွေကို ဖော်ပြပေးသွားပါမယ်။ပျိုမေတို့အတွက် အဝတ်အစားဝတ်တဲ့အခါ အရွေးမမှားစေဖို့က အလွန်အရေးကြီးတဲ့အချက်ပါ။ သွားမယ့်နေရာနဲ့ ကိုယ်ဝတ်မယ့်အဝတ်အစား လိုက်ဖက်မှုရှိနေမှသာ ကိုယ်တိုင်လည်း ယုံကြည်မှုရှိပြီး စမတ်ဖြစ်နေမှာပါ။

Black Dress





အနက်ရောင်ဝတ်ဆင်မှုကတော့ ဘယ်တော့မှ ရိုးမသွားတဲ့ စတိုင်လ်တစ်ခုပါ။ အနက်ရောင်ဝတ်စုံဟာ ပေါ့ပါးပြီး သင့်ခန္ဓာကိုယ်အချိုးအစားကိုလည်း ပေါ်လွင်စေမယ့် စတိုင်လ်မျိုးပါ။ သင်နဲ့ လိုက်ဖက်တဲ့ Branded အနက်ရောင်ဝတ်စုံတစ်စုံကို ဝတ်ဆင်လိုက်တဲ့အခါ သင်ဟာ ပွဲတက်တဲ့အခါ ပွဲလယ်တင့်နေစေမှာကတော့ အသေအချာပါပဲနော်။

 

Camel Coat


သင့်ကို စတိုင်လ်ကျစေမယ့် နောက်ထပ်ဖက်ရှင်တစ်မျိုးကတော့ Camel Coat တွေပဲ ဖြစ်ပါတယ်။ Camel Coat တွေကို ဝတ်ဆင်လိုက်တဲ့အခါမှာတော့ ဈေးကြီးတယ်လို့ ခံစားရစေမှာပါ။ ပဲရစ်မြို့ရဲ့ လမ်းမတွေပေါ်မှာတော့ ဒီလိုဖက်ရှင်မျိုးကို အမြဲလိုလိုမြင်တွေ့နိုင်မှာပါ။


White Dress

ဘယ်တော့မှမရိုးပဲ အမြဲ Classic ဖြစ်စေတဲ့ ဖက်ရှင်ကတော့ အဖြူရောင်ဖက်ရှင်ပဲ ဖြစ်ပါတယ်။ အဖြူရောင်ဖက်ရှင်တွေဟာ သန့်ရှင်းပြီးတော့ ဈေးကြီးတဲ့ဖက်ရှင်မျိုးဖြစ်စေတဲ့ ပုံစံတွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ဟာ Classic ဖြစ်စေတဲ့ ဖက်ရှင်ကို ရွေးချယ်တော့မယ်ဆိုရင်တော့ အဖြူရောင်တွေကို မေ့မထားသင့်ပါဘူးနော်။

 

,

Fashion News

FENTY BEAUTY ပြီးတော့ RIHANNA ရဲ႕ FENTY WARDROBE

Online ကနေဝယ်ယူနိုင်ပြီးတခြား Brand တွေလို Runway မလုပ်တဲ့ Rihanna ရဲ ႔ ဖန်တီးမှုဖက်ရှင်တွေကဘယ်လိုဖြစ်မလဲ?

by Yin Moe Shinn

July 23, 2019

မၾၾကာသေးမီကဘဲ Laxury Fashion line အသစ်ကို Launch လုပ်ခဲ့တဲ့ကမ္ဘာကျော်အနုပညာရှင် Rihanna ကတော့အချိန်တိုအတွင်းမှာဘဲသူမနဲ ႔LVMH တို ႔ပူးပေါင်းဖန်တီးထားတဲ့ ဖက်ရှင်ကိုချပြခဲ့ပါတယ်။ အချိန်တိုအတွင်းသူမရဲ ႔ fashion line ကိုချပြခဲ့ရခြင်းအကြောင်းက သူမရဲ ႔ ဖက်ရှင် product တွေကသူမစိတ်ကြိုက်ဖန်တီးထားတာဖြစ်ပြီး မေလ ၂၆ ရက်နေ ့မှာတော့ Paris ရဲ ႔ pop-up store တွေမှာဝယ်ယူနိုင်မှဖြစ်ပါတယ်။ online ကဝယ်ယူချင်သူတွေကတော့ မေလ ၂၉ ရက်နေ ႔ မှာစတင်ဝယ်ယူလို ႔ရတယ်လို ႔ သိရပါတယ်။ သူမရဲ ႔ ဖက်ရှင် line ဖြစ်တဲ့ Fenty wardrobe တစ်ခုလုံးကို official teaser video အတွတ် သူမကိုယ်တိုင်ကိုယ်ကျပါဝင်မရိုက်ကူးပေမယ့် မော်ဒယ်တွေကိုသူမစိတ်တိုင်းကျဝတ်ဆင်ဖန်တီးပေးထားတာတွေ ႔ရပါတယ်။သူမဖန်တီးထားတဲ fenty ဖက်ရှင် line မှာ luxuary fashion လို ႔ဆိုတဲ့အတိုင်း Japanese corset denim dress ၊ accessories အနေနဲ ႔leather shoes နဲ ႔ sunglasses၊ pink cotton canvas ၊ corset blazer dress ၊ oversize Japanese denim jacket ၊ tan suit with pleated trousers စတဲ့ အမိုက်စားဖက်ရှင်တွေကိုတွေ ႔ ရပါတယ်။များသောအားဖြင့် corsets ၊ suit ၊ dress၊ shirt ၊ denim jacket ၊ T-shirt dress စတာတွေကိုအထူး inspireလုပ်ပြီးထုတ်ထားတာဖြစ်တယ်လို ႔ Rihanna ကဆိုပါတယ်။တခြားဖက်ရှင် brand တွေလို fashion item တွေကို Runway မှာချပြတာမဟုတ်ဘဲ traditional model တွေကိုဝတ်ဆင်ပေးပြီးတိုက်ရိုက်ချပြရတာကတော့သူမကိုယ်တိုင် runway ပေါ်က fashion item တွေ ကိုကြည့်ခဲ့ပြီးချက်ချင်းဝယ်ယူလို ႔ မရဘဲ ၆လလောက်စောင့်ရတာကိုမုန်းတဲ့အတွက်ကြောင့်လို ႔ သိရပါတယ်။ ဘာ Runway မှမလုပ်ဘဲ ဝယ်ယူချင်သူတွေကို တိုက်ရိုက် ဒါမှမဟုတ် o

nline ကနေ တန်းဝယ်ယူနိုင်အောင် Launch လုပ်ပြီးမကြာခင်ကဘဲ ချပြခဲ့တဲ ႔Rihannaရဲ ႔ စိတ်ကြိုက်ဖန်တီးထားတဲ့ဖက်ရှင်အမိုက်စားတွေကဘယ်လိုတွေ ဖြစ်မလည်းဆိုတာဖော်ပြပေးထားပါတယ်နော် ။


MODA TV 


Fashion News

PENSHOPPE ရဲ့ လက်မလွှတ်သင့်တဲ့ SALES အစီအစဉ်

ရှေ့ လ သင်္ကြန်မှာအမိုက်ဆုံးဖြစ်နေဖို့ဆို အခုတည်းက ပြေး၀ယ်ထားလိုက်တော့နော်

by Min Chit Paing

March 15, 2019

Penshoppe ရဲ့ Item တွေကို 70% Off အထိ Discount ရရှိနိုင်မယ့် အခွင့်အရေးကြီးရောက်လာပြီနော်။ Myanmar Plaza မှာရှိတဲ့ PENSHOPPE ဆိုင်ရှေ့ Promotion Area မှာ ခင်ကျင်းထားမယ့် PENSHOPPE Item တွေအားလုံးကို Up to 70% Off အထိ လျှော့ဈေးတွေနဲ့ ရောင်းချပေးသွားမှာပါ။ Promotion ထဲမှာပါ၀င်တဲ့ Product Item တွေကတော့ အင်္ကျီတွေတင်မကပဲ Jeans တွေ Shoe တွေကစလို့ တခြား Accessory တွေလည်းပါ၀င်တာမို့ လက်မလွှတ်တမ်း သွား၀ယ်သင့်တဲ့ Sales အစီအစဉ်နော်။ Promotion ကာလ ကတော့ မတ်လ ၁၅ရက်နေ့ကနေ မတ် ၃၁ ရက်နေ့ထိပဲမို့ PENSHOPPE ချစ်သူတို့ Myanmar Plaza က PENSHOPPE ကိုအပြေးသာသွား၀ယ်လိုက်တော့နော်။ မကြာခင်လည်း အတာသင်္ကြန်မှာ အမိုက်စား Style တွေနဲ့ လန်းလို့ရအောင် PENSHOPPE က Outfit တွေကအသင့်တော်ဆုံး ဖြစ်မှာပါ။


Fashion News

အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို SUPPORT ပေးတဲ့ FASHION BRAND များ

ကိုယ့်အတွက်လိုအပ်တဲ့ ပစ္စည်းတွေ၀ယ်ပြီး International Women's Day ကို ဆင်နွဲလို့ရပါတယ်။

by Su Yi Htet

March 7, 2019

International Women Day မှာ ပါ၀င်ဆင်နွဲဖို့ အဆင်မပြေတဲ့သူတွေအတွက် တစ်နည်းတစ်ပုံ ကိုယ်ကိုယ်တိုင် ပါ၀င်ပြီး အားပေးထောက်ပံ့ပေးလို့ရတဲ့ အခြားနည်းလမ်းတွေရှိပါတယ်။ အချိန်ပိုင်း လုပ်အားပေးလုပ်တာမျိုး၊ ငွေကြေးအရ ထောက်ပံ့ပေးတာမျိုးတွေ လိုမျိုးပေါ့။

ကြီးကြီးမားမား မဟုတ်ပေမယ့် အမျိုးသမီးတွေကို တစ်ဖက်တစ်လမ်းကနေ အားပေးနိုင်ဖို့အတွက် အမျိုးသမီးတွေအတွက် အဓိကထားပြီး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ၊ စီးပွားရေးတွေမှာ ပါ၀င်ကြည့်ပါ။

နို်င်ငံတကာက စီးပွားရေးကုမ္ပဏီတော်တော်များများက International Women's Day ကို ဂုဏ်ပြုကြိုဆိုတာတွေ  ပြုလုပ်လာကြပါတယ်။ အခုအောက်မှာဖော်ပြပေးသွားမယ့် Product တွေက အမျိုးသမီးတွေအတွက် လှုပ်ရှားတဲ့ Charitie တွေ၊ Organization တွေကို ပြန်လည် ကူညီသွားမှာ ဖြစ်တဲ့အတွက် သိထားသင့်တယ်နော်။

Ban.do


ချစ်စရာကောင်းတဲ့ Necklace တွေကို 48 ဒေါ်လာနဲ့ရောင်းချပေးထားတာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အခက်အခဲရှိတဲ့သူတွေအတွက် ရည်ရွယ်တဲ့ Bring Change to Mind ဆိုတဲ့ NGO ကို ရောင်းချရသမျှငွေတွေကို လှူတန်းသွားမှာဖြစ်ပါတယ်။

Of a kind


ဒီ Sweater ရောင်းချရတာကနေ ရရှိတဲ့ပိုက်ဆံတွေကို Her Justice လို့ခေါ်တဲ့ New York က မရှိဆင်းရဲတဲ့ အမျိုးသမီးတွေကို ကူညီတဲ့ အဖွဲ့အစည်းကို လှူတန်းသွားမှာပါ။ Partner ဆီက အကြမ်းဖက်မှုတွေကို ခံစားနေရတဲ့ အမျိုးသမီးတွေအတွက် ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ ဒီ Sweater ကို ဒေါ်လာ 380 နဲ့ ရောင်းချပေးနေတာပါ။

Lively


Lively က သူတို့ T shirt ရောင်းချရရှိတဲ့ အမြတ် ၁၀၀ ရာခိုင်နှုန်းကို I Support The Girls ဆိုတဲ့ အခက်အခဲ ပြဿာနာတွေရှိနေတဲ့ အမျိုးသမီးတွေအတွက် Bra နဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ဖြန့်ချိ၊ ကောက်ခံပေးတဲ့ အဖွဲ့အစည်းကို ပေးအပ်သွားမှာပါ။

The Better Skin

Better Skin က Mirakle Cream ကို ဒေါ်လာ ၃၀ နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပြီး ရရှိတဲ့ ငွေတွေကို America Civil Liberties Union လို့ခေါ်တဲ့ အမျိုးသမီးတွေအတွက် စီးပွားရေးနဲ့ ပညာရေးနဲ့ ပတ်သတ်တဲ့ တန်းတူအခွင့်အရေးကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

Castify


Castify က “Her Impact Matters” Collection က Powerful Design နဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုထားတာတွေ့ရပါတယ်။ Girls Inc က အမျိုးသမီးတွေရဲ့ စီးပွားရေး၊ ပညာရေးတွေကို မြှင့်တင်ပေးတဲ့ အဖွဲ့အစည်းကို ကူညီထောက်ပံံံ့သွားမှာဖြစ်ပါတယ်။

Draper James


Draper James က Sisterhood Collection ရောင်းရငွေရဲ့ 25 % ကို Girl Inc ကို ကူညီသွားမှာဖြစ်ပါတယ်။

Old Navy


Old Navy က Limited Edition အဖြစ်ထုတ်ထားတဲ့ International Women's Day Tee တွေရောင်းရငွေရဲ့ ဒေါ်လာ 25000 ကို Humanitarian Aid ဆီကို လှူတန်းသွားမှာပါ။

 


Fashion News

KARL LAGERFELD ရဲ့ နောက်ဆုံး CHANEL AUTUMN/WINTER 2020 COLLECTION တွေကို မိတ်ဆက်ခဲ့တဲ့ PARIS FASHION WEEK

Cara Delevigne နဲ့ Penelope Cruz တို့လည်းဒီ Collection အတွက်ပါ၀င်ခဲ့ကြပါတယ်

by May Shoon

March 6, 2019

  လွန်ခဲ့တဲ့ နှစ်ပတ်ကပဲ ဖက်ရှင်ဒီဇိုင်နာကြီး Karl Lagerfeld ဆုံးပါးသွားခဲ့ပေမယ့် သူမသေဆုံးခင်က နောက်ဆုံး စီစဉ်ဖန်တီးခဲ့တဲ့ Chanel Autum/Winter Collection တွေကတော့ Paris Fashion Week မှာပါ၀င်ခဲ့ပါတယ်။ သူတို့ရဲ့ Haute Couture Collection တွေကို အခမ်းခမ်းနားနား Runway အပြင်အဆင်တွေနဲ့ တင်ဆက်လေ့ရှိတဲ့ Chanel က ဒီတစ်ခါမှာလည်း Winter Collectionတွေနဲ့လိုက်ဖက်အောင် နှင်းတွေပြည့်နှက်နေတဲ့ လျှောက်လမ်းကြီးကို ဖန်တီးခဲ့ပါတယ်။ ဒီ Runway မှာတော့ Chanel ရဲ့ ပင်တိုင်မော်ဒယ်တွေဖြစ်တဲ့ Cara Delevigne၊ Kaia Gerber တို့အပြင် မင်းသမီး Penelope Cruz လည်းပါ၀င် လျျှောက်လှမ်းခဲ့ပါတယ်။ Chanel 2020 Fall/Winter  Collection တွေကတော့ လှပပြီး Detail ကျတဲ့ Haute Couture ဒီဇိုင်းတွေကို မိတ်ဆက်ထားပါတယ်။ Long Trench-Coat တွေ၊ Puffy Jacket တွေ၊ Suit တွေနဲ့ Maxi Dress တွေကို အသားပေး ပြသခဲ့ပါတယ်။ Fashion Showရဲ့ နောက်ဆုံး Round မှာတော့ ဒီဇိုင်နာကြီး Karl ကို လွမ်းစွတ်ဂုဏ်ပြု ခြင်း အထိမ်းအမှတ်အဖြစ် မော်ဒယ်တွေအားလုံးထွက်လာကြပါတယ်။ အားလုံးရဲ့ မျက်နှာမှာပေါ်မှာလည်း  Karl ကိုသတိရလွမ်းစွတ်တဲ့ ခံစားချက်တွေက ပေါ်လွင်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Karl မရှိတော့ပေမယ့် သူ့ရဲ့ Inspiration တွေဖန်တီးမှုလက်ရာတွေကတော့ ဖက်ရှင်ချစ်သူတွေအားလုံးရဲ့ ရင်ထဲမှာ အမြဲသတိရ နေရာယူနေဦးမှာပါ။ Karl ရဲ့ ဒီ ရင်သပ်ရှုမောစရာ Final Chanel Show မှာပြသခဲ့တဲ့ Winter Runway Look လေးတွေကိုလည်း တစုတစည်းတည်း ဖော်ပြပေးလိုက်ပါတယ်။

Editor: May Shoon



Loading More post